Honda Fit တွင် ဖြစ်တတ်သော ပြဿနာများ


Honda Fit သည် အင်ဂျင်ပါဝါနည်းတာကြောင့် ဆီစားနှုန်းသက်သာပြီး၊ အရွယ်အစားအားဖြင့်လည်း ပါကင်ထိုးရလွယ်ကူတာတွေကြောင့် လူကြိုက်များသော ကားအမျိုးအစားဖြစ်ပါတယ်။  ၎င်းတွင်ဖြစ်တတ်သော ပြဿနာများကို ကားချစ်သူများအတွက် ဖော်ပြပေးလိုက်ပါတယ်။

(၁)ချက်မီးလင်းခြင်း

=========

HondaFit ကို မိုင် ၅၀,၀၀၀ လောက်မောင်းနှင်းပြီးသည်နှင့် မောင်းနှင်သောစွမ်းရည် ကျဆင်းလာတာများပါတယ်။

အဖြစ်များတာတွေကတော့ အင်ဂျင်ပါဝါကျဆင်းလာခြင်း၊ မောင်းနှင်ရင်း အင်ဂျင်စက်ရပ်သွားတတ်ခြင်း၊ ယာဉ်မှာ ထုံ့ပိုင်းထုံ့ပိုင်းသွားနေခြင်း၊

အင်ဂျင်ချက်မီး(Check engine light) မှပြတ်တောင်းပြတ်တောင်းလင်းနေခြင်း (သို့မဟုတ်) မှိတ်လိုက်ပွင့်လိုက်ဖြစ်နေခြင်းများဖြစ်နေခြင်းကို တွေ့ရတတ်ပါတယ်။ အင်ဂျင်အတွင်းမှ ignition Coils တွင်ပြသနာများဝင်နေနိုင်ပါတယ်။

(၂)အဲကွန်းပြဿနာ

========

ဟွန်ဒါဖစ် ၂၀၀၇ မော်ဒယ်အထက်တွင် အဲကွန်းပြဿနာ အဖြစ်များပါတယ်။

ပျမ်းမျှအနေဖြင့် မိုင် ၆၀,၀၀၀ ကျော်မောင်းနှင်ပြီးသော ဟွန်ဒါဖစ်များ အဖြစ်များလေ့ရှိပါတယ်။

Blowerfan နှင့် resistor အသစ်လဲလှယ်ရတာသကဲ့သို့မော်တာနှင့် အပူပေးစနစ်ချို့ယွင်းများလည်း ရှိတတ်ပါတယ်။

အဲကွန်းစနစ်များကို မပျက်စီးခင်ကြိုတင်စစ်ဆေးဖို့လိုအပ်ပါတယ်။

(၃)ရှေ့တံခါးလက်တင်နေရာမှ ကျိုးပဲ့နိုင်ခြင်း

=============

Honda Fit ၏ရှေ့တံခါးလက်တံမှ အက်ကွဲကြိုးပဲ့နိုင်ပါတယ်။

ပျမ်းမျှအနေဖြင့် မိုင် ၅၀,၀၀၀ လောက်မောင်းနှင်ပြီးသော မော်ဒယ်များတွင်အဖြစ်များပါတယ်။

လက်တင်ကို သားရေနှင့် ဖုံးအုပ်ထားခြင်းမဟုတ်ပဲဖိုက်ဘရစ်(fabric) ဖုံးအုပ်ထားသောအောက်က အက်ကွဲပြီးကျိုးပဲ့ခြင်း ဖြစ်တတ်ပါတယ်၊။

(၄) နော်ဇယ်ကျိုးပဲ့ခြင်း

==========

ရေခဲအောင်အေးသည့်အရပ်ဒေသများတွင် အဖြစ်များပါတယ်။

ယာဉ်နောက်ပိုင်းဆေးကြောသော နော်ဇယ်(rear washer nozzle) တွင်ရေခဲများကို ခြစ်ထုတ်ရတာများသောအခါ ကျိုးပဲ့တတ်ပါတယ်။

(၅)အသံမြည်ခြင်း

==========

ကြမ်းတမ်းသောလမ်းပေါ်ရောက်သည်နှင့် ယာဉ်ကအသံထွက်လာခြင်းဖြစ်ပါတယ်။

ထိုအချက်မှာ နောက်ပိုင်းစနစ်ကို ထိန်းကြောင်းသော စပရင်(Spring)များ ပုံမှန်ချိန်ညှိပြီး အလုပ်မလုပ်သောကြောင့် ဖြစ်ပါတယ်။

(၆)ဒက်ရှ်ဘုတ်အောက်ကအသံ

=============

ယာဉ်မောင်းသူ၏ ဘက်မှ ဒက်ရှ်ဘုတ်အောက်ကအသံအဆက်မပြတ်ထွက်နေခြင်းမှာ ဒက်ရှ်ဘုတ်အဖုံးမှာ ပျက်စီးနေသောကြောင့်ဖြစ်ပါသည်။

(၇)အချက်အလက်မှားများပြသခြင်း

==============

ဆီတိုင်ကီထဲတွင် ဆီအပြည့်ရှိနေသည်ကို လောင်စာဆီဖိအားလျော့နည်းသည့်သင်္ကေတဖြင့် ချက်မီးလင်းနေခြင်း ဖြစ်တတ်ပါတယ်။

(၈)အာရုံခံကိရိယာချို့ယွင်းခြင်း

==========

Air/fuel sensors အာရုံခံကိရိယာမှ exhaust system ကိုအမြဲစောင့်ကြည့်ပြီး အချက်အလက်များပို့ပါတယ်။

ထို sensor မှအချက်အလက်အမှားများပေးပို့ပြီး ချက်မီးလင်းနေရင်လည်း အာရုံခံကိရိယာချို့ယွင်းခြင်း (သို့မဟုတ်) PCM မှချို့ယွင်းနေခြင်းဖြစ်ပါတယ်။

(၉)လောင်စာဆီ အပိတ်/ဖွင့်မရခြင်း

============

လောင်စာဆီ အပိတ်/ဖွင့် မရတော့သည့် ပြဿနာလည်း အဖြစ်များပါတယ်။

Fuel Filler door ဖွင့်မရခြင်းအတွက် fuel fill push lifter ဟုခေါ်သောတွန်းဖွင့်၍ရသည့် ကိရိယာကို ဟွန်ဒါမှ ထုတ်လုပ်ထားပါတယ်။

ATO

Read 9288 times