Hijet ကားများတွင် ဖြစ်ပေါ်လေ့ရှိသော ပြဿနာများ


အင်ဂျင်ပါဝါ ၆၆၀ စီစီဖြစ်သည့်အတွက် ဆီစားသက်သာသော လုပ်ငန်းသုံးကားဖြစ်ပါသည်။

Hijet ကားအမျိုးအစားတွင် ဖြစ်ပေါ်တက်သော ပြဿနာတစ်ချို့ကို ဖော်ပြပေးလိုက်ပါသည်။

မောင်းနှင်နေစဉ် အပူရှိန်လွန်ကဲပြီး ရေတိုင်ကီ (radiator) ထဲမှ ရေများဆူပွက်လာခြင်းသည် ၂၀၁၁ မိုဒယ် Hijet တွင် ဖြစ်တက်သော ရေဆူပြဿနာဖြစ်ပါသည်။

စစ်ဆေးသည့်အခါ cooling temperature sensor ပျက်စီးခြင်းဖြစ်သောကြောင့် cooling temperature sensor ကိုု အသစ်လဲလှဲရမည်ဖြစ်ပါသည်။

၂၀၁၁ မိုဒယ် Hijet တွင် ဖြစ်ပေါ်လေ့ရှိသော အင်ဂျင်မှ မီးမကူးခြင်း၊ ဆီမဖျန်းနိုင်ခြင်းများစသော ပြဿနာမှာ engine control unit (ECU) က အလုပ်မလုပ်ခြင်းဖြစ်ပါသည်။

၁၉၉၅ မိုဒယ် Hijet ကို စက် စတင်နှိုး၍မရခြင်းမှာ ဖြစ်ပေါ်လို့ရှိသော ပြဿနာတစ်ခုဖြစ်ပါသည်။

သော့ကိုလှည့်လိုက်သည့်အခါ မီးလင်းလာသော်လည်း စက်မနိုးခြင်းမှာ ပါဝါပေးသောစနစ်မှ ချို့ယွင်းခြင်းဖြစ်ပါသည်။

ထိုသို့ဖြစ်ပေါ်လာပါက ဘက်ထရီကို စစ်ဆေးရမည့်အပြင် ဘက်ထရီငုတ်တိုင်များမှာ ချိတ်ဆက်သောဝါယာများကိုလည်း သန့်စင်ပြီး ချိတ်ဆက်မှုရှိမရှိ စစ်ဆေးရပါမည်။

၁၉၉၈ မိုဒယ် Hijet တွင် ဟိုက်ဒရောလစ်ဘရိတ်ပြဿနာ ဖြစ်လေ့ရှိပါသည်။

ဟိုက်ဒရောလစ်ဘရိတ် (Hydro-lic Brakes) မှာ ပုံမှန်အလုပ်မလုပ်ခြင်းဖြစ်ပြီး ဘရိတ်ဆီယို့စိမ့်သည့်အတွက် ဘရိတ်ဖိအားကျဆင်းခြင်းလည်း ဖြစ်ပါသည်။

၂၀၀၇ မိုဒယ် Hijet တွင် ပါဝါစတီယာရင် ပန့်မ် (Power Steering Pump) ချို့ယွင်းတက်ခြင်းဖြစ်သောကြောင့် အသစ်လဲလှယ်ရပါမည်။

၂၀၀၇ မိုဒယ် Hijet တွင် ဆီစားနှုန်းများသော ပြဿနာဖြစ်လေ့ရှိပါသည်။

အိတ်ဇောကမီးခိုးထုတ်လွှတ်မှု နည်းပါးသော်လည်း ဆီစားနှုန်းများလာခြင်းဖြစ်ပါသည်။

အခြား Hijet များတွင် လောင်စာဆီ တစ်လီတာကို ၁၄ ကီလိုမီတာမောင်းနှင်ရသော်လည်း ထို Hijet တွင် လောင်စာဆီ တစ်လီတာကို ၁၁ကီလိုမီတာသာမောင်းနှင်နိုင်ပါသည်။

၂၀၀၃ မိုဒယ်တွင် ဖြစ်လေ့ရှိသောပြဿနာမှာ အင်ဂျင်မီးလင်းခြင်းဖြစ်ပါသည်။

မောင်းနှင်ပြီးငါးမိနစ်အတွင်းတွင် speedometer က အလုပ်မလုပ်တော့ဘဲ အင်ဂျင်မီးလင်းခြင်းဖြစ်ပါသည်။

Speedometer အလုပ်မလုပ်ခြင်းမှာ ဝါယာရိန်းစနစ်ကို စစ်ဆေးရမည်ဖြစ်ပြီး အင်ဂျင်ချက် မီးလင်းခြင်းသည်ကွန်ပျူတာထိုးစစ်၍ ပြစ်ချက်ရှာဖွေမှ သာချို့ယွင်းချက်ရှိသော အစိတ်အပိုင်းကို အတိအကျသိနိုင်မည်ဖြစ်ကြောင်း သိရသည်။

Source:icar

Read 10069 times