Toyota က PROACE Electric ကို ၁၅ နှစ် / ကီလိုမီဘာ ၁ သန်းအာမခံ ဘက်ထရီဖြင့် စတင်မိတ်ဆက်


Toyota က ၉ ယောက်စီး delivery van ကို ထုတ်လုပ်ထားပြီး ရွေးချယ်ထားသည့် ဥရောပစျေးကွက်များ၌ စတင်ရောင်းချမည်ဖြစ်ကြောင်း ကြေညာသည်။

လျှပ်စစ်မော်တော်ယာဉ် EV အဖြစ် ထုတ်လုပ်မည်ဖြစ်ကြောင်းကို ၂၀၁၉ ခုနှစ်ကတည်းက အသိပေးကြေညာခဲ့သည်။

ကြိုတင်မှာယူမှုများကို လက်ခံရရှိထားသည်။ ပထမဆုံးယူနစ်များကို ၂၀၂၀၊ အောက်တိုဘာလတွင် နယ်သာလန်နိုင်ငံ၌ ရောင်းချမည်။

ဘက်ထရီသက်တမ်းတွင် စိတ်အေးရအောင် ၁၅ နှစ် အာမခံသည်။ မောင်းနှင်သည့် ခရီးမိုင်အားဖြင့် ကီလိုမီတာ ၁ သန်း အထိ အာမခံချက် ပေးထားသည်။

မူကွဲ ၂ မျိုး ရွေးချယ်စရာ ပေးအပ်ထားရာ၌ ကျန်သည့်အချက်များ အတူတူဖြစ်ပြီး ဘက်ထရီသာ ကွာခြားသည်။ တစ်မျိုးတွင် 50 kWh ဘက်ထရီ ထည့်ပေးထားပြီး ကျန်တစ်မျိုးတွင် ၇၅ kWh ဘက်ထရီ ထည့်ပေးထားသည်။

အကြီးမားဆုံးခြားနားချက်နှင့် အံ့အားသင့်စရာတစ်ခုမှာ ကနဦး ဘက်ထရီစွမ်းရည် ၇၅% အပါအ ၀ င် ၁၅ နှစ် / ၁၀၀၀၀၀ ကီလိုမီတာ (မိုင် ၆၂၁,၅၀၀) အထိ ဘက်ထရီအာမခံအကြောင်းကြေညာချက် ဖြစ်သည်။ အာမခံ၏ အမြင့်ဆုံးကာလ / မိုင်အကွာအဝေးကို ၇၅ kWh ဗားရှင်းအတွက်သာ ရနိုင်သည်ဟု ခန့်မှန်းရသော်လည်း ၎င်းသည် အံ့သြဖွယ်ကောင်းသည့် အာမခံချက် ဖြစ်သည်။ 

ပြိုင်ဘက် ကားလုပ်ငန်းတို့က ရှစ်နှစ် / ၁၆၀,၀၀၀ ကီလိုမီတာ (မိုင် တစ်သိန်း) ကိုသာ ဘက်ထရီအာမခံပေးထားသည်။

Toyota သည် စျေးကွက်ရှာဖွေရေးလမ်းကြောင်း ဖော်ရာ၌ ၎င်း၏ လျှပ်စစ်ကားများအားလုံးကိုအလွန်မြင့်မားသော ဘက်ထရီအာမခံချက်ဖြင့် ကမ်းလှမ်းရန် ရည်ရွယ်ထားပုံရသည်။ ယခင်ကလည်း Lexus UX 300e အား ၁၀ နှစ် (သို့မဟုတ် ၁၀၀၀,၀၀၀ ကီလိုမီတာ / ၆၂၁,၅၀၀ မိုင်) ဘက်ထရီအာမခံ ပေးသည်ဟု ကြေညာာခဲ့ဖူးသည် ။

၂၀၂၁ မော်ဒယ် PROACE Electric သည် ၉ ယောက်စီး (ယာဉ်မောင်း + ၈ ဦးခရီးသည်) နှင့်အငှားယာဉ် အဖြစ် ပြောင်းလဲခြင်းအတွက်လည်း လုပ်ဆောင်နိုင်မည် ဖြစ်သည်။

သုညမှ တစ်နာရီ ကီလိုမီတာ ၁၀၀ သို့ ၁၃ စက္ကန့်ဖြင့် ရောက်အောင် အရှိန်တင်ပေးနိုင်သည်။

ဘက်ထရီ အားပြည့်သွင်းထားပြီးသောအခါ 50 kWh ဘက်ထရီသည် ခရီးတာ ကီလိုမီတာ ၂၃၀ (၁၄၃ မိုင်) ကိုလည်းကောင်း ၊ 75 kWh ဘက်ထရီသည် ကီလိုမီတာ ၃၃၀ ( မိုင် ၂၅၀) သွားနိုင်သည်။

 

 

 

 

 

 

Read 11347 times