ဈေးနှုန်းစစ်ပွဲကြောင့် တရုတ်ကားအသစ်ဈေးကွက်ထဲ ဈေးနှုန်းများ လျော့ကျ


ဈေးနှုန်းစစ်ပွဲကြောင့် တရုတ်ကားအသစ်ဈေးကွက်ထဲ ဈေးနှုန်းများ လျော့ကျ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ယမန်နှစ်နှောင်းပိုင်းတွင် Tesla မှ ဦးဦးဖျားဖျား စျေးနှုန်းလျှော့ချခဲ့ပြီး ဈေးနှုန်းစစ်ပွဲ စတင်လိုက်ပြီးနောက် ကားလုပ်ငန်း ၅ ခုတို့ကလည်း ဈေးလျှော့ချပြီး  ဈေးနှုန်းစစ်ပွဲ တန်ပြန်ဆင်နွှဲခဲ့ကြသည်။ ယခုအခါ  BMW နှင့် Volkswagen (VW) တို့လည်း ဈေးနှုန်းများ ကြီးကြီးမားမား လျှော့ချကာ ဈေးနှုန်းစစ်ပွဲထဲ ပါဝင်လာကြပြီ ဖြစ်သည်။

တရုတ်နိုင်ငံ ကားအသစ်ဈေးကွက်တွင် Tesla ၏ ကြီးမားသောစျေးနှုန်းဖြတ်တောက်မှုကြောင့် အပြိုင်အဆိုင်ထုတ်လုပ်သူများမှ စျေးနှုန်းချိန်ညှိ လျှော့ချသတ်မှတ်ခြင်းများ ပေါ်ပေါက်လာစေခဲ့သည်။
တရုတ် brand များ ဖြစ်သည့် Xpeng နှင့် BYD ၊ တင်သွင်းရောင်းချသည့် brand များ ဖြစ်သည့် Ford, Nissan, နှင့် Toyota  စုစုပေါင်း brand  ၅ ခု ဈေးနှုန်းစစ်ပွဲထဲ ပါဝင်ကြသည်။ 
ဈေးကွက်ဝေစု ကာကွယ်ရန်နှင့် တိုးချဲ့ရန် ဈေးချပြီး ရောင်းချကြသည့်အထဲ BMW နှင့်  VW တို့ ခုန်ဝင်လိုက်ကြသည်။ ၎င်းတို့၏ ရေပန်းအစားဆုံး မော်ဒယ်များ၏ ဈေးနှုန်းများကို လျှော့ချလိုက်ကြသည်။

BMW ဈေးလျှော့သည်မှာ အသိသာဆုံးဖြစ်သည်။ တရုတ်ပြည်အတွက်သာ တရုတ်ပြည်မှာ ထုတ်လုပ်သည့် BMW i3 ကို ယွမ် ၁ သိန်း ($14,623) ဈေးလျှော့သည်။ 
VW ကလည်း တရုတ်ပြည်အတွက် ထုတ်လုပ်ထားသော ID.4, ID.6, ID.3 မော်ဒယ် ၃ မျိုးကို ယွမ် ၄ သောင်း ($5,849) လျှော့သည်။ ၂၀၂၃ ဇန်နဝါရီနှင့် ဖေဖော်ဝါရီတို့တွင် ရောင်းအား ၈.၅% လျော့ကျခဲ့သဖြင့် ဈေးလျှော့ချခြင်း ဖြစ်သည်။
VW သည် တရုတ်ဈေးကွက်တွင် မော်ဒယ် ၃ မျိုး ဈေးချသော်လည်း  ဥရောပဈေးကွက်တွင် ID.3 နောက်ဆုံးမျိုးဆက်သစ် မော်ဒယ် တစ်မျိုးတည်းကိုသာ ဈေးလျှော့သည်။ Read more

အခြား brand များသည်လည်း  မော်ဒယ်အချို့ကို အနည်းနှင့်အများ ဈေးချပြီး ရောင်းကြသည်။

  • Ford က  ယွမ် ၄၀,၀၀၀ ($5,849) အထိ လည်းကောင်း၊ 
  • Nissan က ယွမ် ၆၀,၀၀၀ ($8,773) အထိ လည်းကောင်း၊ 
  • Toyota က ယွမ် ၃၀,၀၀၀ ($4,386)အထိ လည်းကောင်း၊
  • Xpeng က ယွမ် ၃၆,၀၀၀ ($5,264) အထိ လည်းကောင်း၊ 
  • BYD က ယွမ် ၈,၈၈၈ ($1,299) အထိ လည်းကောင်း

အသီးသီး ဈေးလျှော့ချခဲ့ကြသည်။
Source teslarati 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 236 times