Premium ဆန်တဲ့ Perfect For Family ကားတစ်စီးကို ရှာနေတာလား?


ဒီကနေ့ခေတ်ကြီးမှာ ကားကောင်းတစ်စီးကိုရဖို့ဆိုတာ ကောက်ရိုးပုံထဲ အပ်ကျလို့ရှာရတာက ပိုလွယ်ပါဦးမယ်။ လူကြီးမင်းတို့အနေနဲ့ Luxury ကားကောင်းကောင်းလေး ဝယ်ချင်တယ်၊ ဒါ့အပြင် မိသားစုတွေ ခရီးသွားတာဖြစ်ဖြစ်၊ ဟိုနားဒီနား မုန့်ထွက်စား/ Shopping ထွက်တာတွေအတွက်လည်း အသုံးပြုချင်သေးတယ်ဆိုရင်တော့ အဆင်ပြေဆုံးဖြစ်စေမယ့် "အဖြေ" ကျွန်တော်မှာ ရှိပါတယ်။

 

 

 

Luxury ကားကောင်းတစ်စီးဆိုရင်တော့ ကျွန်တော်တို့ရဲ့ Discovery Sports က လူကြီးမင်းတို့နဲ့ အသင့်တော်ဆုံးပါပဲ။ ဘာလို့ဒီလိုပြောရလဲဆိုရင်တော့ ကျွန်တော်တို့ရဲ့ Discovery Sports က မိသားစုတွေ ခရီးသွားတာ၊ ဟိုနားဒီနား မုန့်ထွက်စားတာ၊ Shopping ထွက်တာတွေမှာ မိသားစုများလို့ လူမဆန့်တာတွေအတွက် အဆင်ပြေချောမွေ့စေမှာပါ။ Discovery Sports မှာ Back Seat တွေကိုလှဲလို့ရတဲ့အပြင် နောက်ခန်းမှာ လူ (၂) ယောက်ထပ်ထိုင်နိုင်တဲ့ Third Row Seat တွေပါဝင်နေလို့ပဲ ဖြစ်ပါတယ်။

 

 

Land Rover ကထုတ်တဲ့ Discovery Sports ရဲ့ Digital Aircon ကလည်း ကားစက်နှိုးပြီး AC ဖွင့်ဖွင့်ချင်း စက္ကန့်ပိုင်းနဲ့ကို အေးစိမ့်စေမှာပါ။ အရမ်းအေးတာမကြိုက်တဲ့သူတွေအတွက်လည်း ပူပင်စရာ ပိစိလေးတောင်မရှိပါဘူး။ ရှေ့နှစ်ခုံနဲ့ နောက်ခုံဆိုဖာတွေမှာ အပူလိုင်းကိုထုတ်ပေးနိုင်တဲ့ Feature လည်း ပါဝင်နေသေးတော့ ရာသီဥတုအေးလည်း ဘာမှမုနေစရာ မလိုတော့ဘူးပေါ့ဗျာ။ 

 

 

တခြားကားတွေလို နိမ့်တဲ့အမျိုးအစားမဟုတ်တော့ 4 Wheels ခံစားမှုကိုလည်း ရနေစေပြီး Fabric ထိုင်ခုံတွေကြောင့် အိစက်သွားတဲ့ခံစားမှုကို ချက်ချင်းခံစားရစေပါတယ်။ ကျွန်တော်တို့ရဲ့ Discovery Sports မှာ MERIDIAN Speaker ပါဝင်နေတော့ သွားရင်းလာရင်း သီချင်းနားထောင်တတ်တဲ့ လူကြီးမင်းတွေအတွက် လုံးဝကို ဇိမ်ကျစေမှာ အတိအကျပဲဗျို့။ ဒါ့ကြောင့် ကျွန်တော်တို့ရဲ့ Discovery Sports က လူကြီးမင်းတို့ရဲ့ မိသားစုသုံးရော၊ ဇိမ်ခံဖို့ရော အတွက် အလိုက်ဖက်ဆုံးလို့ ပြောတာပါ။

 

 

On-road ပဲ စီးစီး Off-Road ပဲ မောင်းမောင်း ဘယ်နေရာမှာမဆို ငြိမ့်ငြိမ့်ညောင်းညောင်းနဲ့  စီးနိုင်မယ့် ကားတစ်စီး ဆိုတော့ပေးရတဲ့ ဈေးနှုန်းနဲ့ တန်တဲ့ ခံစားမှုတွေကို အပြည့်အဝပြန်ရမယ်ဆိုတာ သံသယဝင်စရာကို မလိုတာပါ။ နောက်ပြီး Luxury SUV/ 5Door/ 7Seater Body Type ကိုမှ အရောင်ကလည်း SCOTIA GREY နဲ့ CORRIS GREY ဆိုတော့ ပွဲလမ်းသဘင်တွေတက်တဲ့အခါမှာလည်း Classic ဆန်ဆန်လေးနဲ့ လုံးဝအပြစ်အနာအဆာမရှိ လိုက်ဖက်နေမှာ အသေချာပါပဲ။ 

 

 

ပစ်ရက်စရာမရှိအောင် ပြည့်စုံလွန်းနေတဲ့ ဒီလို Premium ဆန်ဆန် Luxury ကားကောင်းလေးတစ်စီးကို လက်မလွတ်ရအောင် မြန်မြန်လာဝယ်ထားဖို့တော့ လိုမယ်နော်။ ဈေးနှုန်းအနေနဲ့ကတော့ SCOTIA GREY ဆိုရင် 1,007 Lakhs ဖြစ်ပြီးတော့ CORRIS GREY ဆိုရင်တော့ 990.07 Lakhs ဖြစ်ပါတယ်။ ပိုပြီးအသေးစိတ် သိရှိလိုပါက 09420071336 နဲ့ 09420077943 ကိုဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသေးတယ်ဗျ။

 

Discovery Sport: SCOTIA GREY

  • Engine Power : 2,000 CC
  • Horse Power : 240 hp 
  • Torque : 250 lb-ft
  • Drive Type : Automatic 4 Wheel Drive
  • Mileage : 000034 KMS Only
  • Fuel : Diesel
  • Transmission : 9 Speed Automatic
  • Price : 1,007 Lakhs

Discovery Sport: CORRIS GREY 

  • Engine Power : 2,000 CC
  • Horse Power : 240hp 
  • Torque : 250 lb-ft
  • Drive Type : Automatic 4 Wheel Drive
  • Mileage : 000034 KMS Only
  • Fuel : Diesel
  • Transmission : 9 Speed Automatic
  • Price : 990.07 Lakhs
Read 481 times