ကိုယ်ဝန်ဆောင်တွေဆိုတာ အစစ အရာရာ ကိုယ့်ရင်သွေးအတွက် ဂရုတစိုက်ကို စဉ်းစားနေထိုင်ပြုမူနေရသူတွေပါ။
အခုလည်း ကားထိုင်ခုံခါးပတ် ပတ်နေရင်းနဲ့ပင် ထိခိုက်မှုရှိခဲ့တဲ့ ကိုယ်ဝန်သည်အမျိုးသမီး အယောက် ၃၂,၈၀၀ ဆီက မေးမြန်းထားတဲ့ အချက်အလက်တွေကို စာဖတ်သူတွေသိအောင် ဝေမျှပေးလိုက်ပါတယ်။ ဒီအချက်ကို သိထားဖို့ အင်မတန်အရေးကြီးသလို ရှောင်ရန်အချက်တွေကို သတိထားရှောင်ကြဉ်ဖို့ လိုပါတယ်။
၁။ ကားမောင်းခြင်း ရှောင်ပါ
ကိုယ်ဝန်သုံးလသား အရွယ်ဖြစ်နေပြီဆိုရင် ကားမမောင်းသင့်တော့ပါဘူး။ သင့်ရင်သွေးလေး စတီယာရင်ဘီးနဲ့ ထိမိတိုက်မိခြင်းက သင့်ကိုယ်တိုင် လွယ်လင့်တကူ ထိခိုက်စေပါတယ်။ စတီယာရင်ဖော့ကွင်းလေးနဲ့ ထိမိတိုက်မိတာမျိုးကတောင် အန္တရာယ်ရှိပါတယ်။
၂။ ထိုင်ခုံခါးပတ် ပတ်နည်းအမှန်
ကားမောင်းမယ်ဆိုပါက ရင်သွေးလေးနဲ့ မတိုးမိ မတိုက်မိအောင် သေချာသတိထားပြီး ပတ်ပါ။ ဗိုက်အောက်ကနေပဲ ပတ်ပါ။ မတော်တဆမှုတစ်ခုခုဖြစ်ခဲ့ရင် အဲဒီခါးပတ်ကြိုးပြားက သင့်ရင်သွေးကို ထိခိုက်စေမှာ မဟုတ်ပါဘူး။
၃။ ရှေ့ကို ကုန်းမနေပါနဲ့
ထိုင်ခုံခါးပတ်ကြိုးပတ်ထားတဲ့အချိန်မှာ တနစ်တကျပတ်ထားသည့်တိုင် နောက်မှီပြီးပဲ နေပါ။ ဗိုက်ကို မကြာခဏ ဖိမထားချင်ဘူး မဟုတ်လား။
၄။ Bump belt အသုံးပြုပါ
ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအတွက် အထူးပြုလုပ်ထားတဲ့ bump belt (ဗိုက်မထိခိုက်စေတဲ့ ခါးပတ်) တွေ ရှိပါတယ်။ အဲဒီခါးပတ်ကို ဗိုက်အောက်ကနေ ဖြတ်သွားအောင် စံမီပြုလုပ်ထားပါတယ်။