မေလဒုတိယပတ်တွင် 4N/4000 ကျော်ရောက်ရှိနေပြီး 5N/1111 နှင့် 5N/7777 ကိုကြိုတင်ရောင်းချထား


ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ထောက်ကြန့်ကနဦးမှတ်ပုံတင်ဌာနမှ မေလဒုတိယပတ်တွင် 4N/4000 ကျော်ရောက်ရှိနေပြီး

5N/1111 ကိုကျပ် ၂၄ သိန်းနှင့် 5N/7777 ကိုကျပ် ၃၈ သိန်းဖြင့်ကြိုတင်ရောင်းချထားကြောင်းသိရသည်။

တစ်ပတ်အတွင်းယာဉ်ပိုင်ရှင်စိတ်ကြိုက်နံပါတ်ရောင်းချမှုစာရင်းများအရ4N/3777၊ 4N/3588 စသည့်နံပါတ်များကိုကျပ်ငါးသိန်းစီ၊ 4N/4499 ၊ 4N/4777 စသည့်နံပါတ်များကိုကျပ်ခြောက်သိန်းစီ၊ 4N/4455 မှ 4N/5999စသည့်နံပါတ်များကိုကျပ်ခုနှစ်သိန်းစီ၊ 4N/5777 မှ 4N/6364 စသည့်နံပါတ်များကိုကျပ် ရှစ်သိန်းစီ၊ 4N/7744 မှ 4N/8883 စသည့်နံပါတ်များကိုကျပ် ၁၀ သိန်းစီ၊ 4N/9898 နှင့် 4N/9988 နံပါတ်များကိုကျပ် ၁၂ သိန်းစီဖြင့်ရောင်းချထားပြီးဖြစ်ကြောင်းသိရသည်။

ထောက်ကြန့်ကနဦးမှတ်ပုံတင်ဌာနမှ မေ ၉ ရက်တွင်4N/4000 ကျော်နှင့် HH/2000 သို့ရောက်ရှိနေပြီးယင်းနေ့တွင် နိုင်ငံခြားငွေလဲလှယ်နှုန်းမှာ အမေရိကန်တစ်ဒေါ်လာလျှင် ၁,၃၆၂ ကျပ်နှုန်းဖြင့်ဆောင်ရွက်ပေးနေကြောင်းသိရသည်။

Read 2695 times