ကားမောင်းသည့်အခါတွင် မိမိကား၏ စတီယာရင်ချို့ယွင်းနေပါက လုပ်ဆောင်ရမည့် အချက်များကို တင်ပြပေးလိုက်ပါသည်။
၁။ လှည့်လိုက်တိုင်း နားစွင့်ထားပါ
ယာဉ်မောင်းသူက စတီယာရင်ကို လှည့်လိုက်သည့်အချိန်တွင်စူးရှရှည်လျားသောမြည်သံ၊
ညည်းတွားသံမျိုးနှင့်စီခနဲကျယ်ကျယ်လောင်လောင်မြည်လာပါကကား၏စတီယာရင်တွင်ပြဿနာရှိနေပြီ ဖြစ်သည်။
ထိုသို့ဖြစ်ခြင်းမှာ စနစ်အတွင်းတွင်ရှိသော ပန့်(pump)က အရည်အပေါ် သက်ရောက်သည့် ဖိအားကျဆင်း နေခြင်းဖြစ်သည်။
၂။ အလွတ်လှည့်ကြည့်ပါ
စတီယာရင်ဘီးကို အလွတ်လှည့်ကြည့်ရင်း သတိထားကြည့်ရမည်ဖြစ်ပြီး ပုံမှန်ဆိုလျှင်စတီယာရင်ကို အားမစိုက်ဘဲ အနည်းငယ်လှည့်သည်နှင့် ကားကိုလိုချင်သည့်ဘက်ကို ကွေ့ပတ်ပြီး လှည့်နိုင်ပါသည်။
စတီယာရင်ကို လိုသည်ထက်ပိုပြီးအားစိုက်လှည့်နေပါက ကား၏ပါ၀ါစတီယာရင်ချွတ်ယွင်းနေပြီဖြစ်သည်။
၃။ယိုစိမ့်နေတာရှိလား
ပါ၀ါယိုစိမ့်ခြင်းရှိမရှိ အမြဲစစ်ဆေးသင့်ပါသည်။
ကားကိုအချိန်အတော်ကြာရပ်ထားပြီးတိုင်း ယာဉ်၏အောက်ဘက်တွင် အရည်ယိုစိမ့်တာမျိုး ရှိမရှိစစ်ဆေးရမည် ဖြစ်သည်။
ယိုစိမ့်သည့်အစက်အပေါက်မှာ ပန်းရောင်သို့မဟုတ် အနီရောင်ဖြစ်နေပါက ပါ၀ါစတီယာရင်စနစ်အတွင်းတွင် ပါ၀ါဆီယိုစိမ့်ခြင်းဖြစ်သည်။
ထိုသို့ဖြစ်မဖြစ် အလွယ်တကူသိရှိလိုပါက ထိုနေရာတွင် စက္ကူဖြူ သို့မဟုတ် အဖြူရောင်ကတ်ထူပြားတစ်ချပ်ကို ထားရရှိရမည်။
အဖြူရောင်ကတ်ထူပြားမှ ကျလာသည့်အရည်၏အရောင်ကို အလွယ်တကူ သိရှိစေမည်ဖြစ်သည်။
၄။သတိပေးပါ
မိမိကား၏ပါ၀ါစတီယာရင်စနစ်ချွတ်ယွင်းနေပါက အခြားယာဉ်မောင်းသူကို သတိပေးရပါမည်။
မြန်နှုန်းမြင့်မောင်းနှင်သည့်အခါမိမိကား၏ပါ၀ါစတီယာရင်ချွတ်ယွင်းနေပါက ပထမဆုံး ဖြစ်လာသော ကြောက်စိတ်ကြောင့် ဆုံးဖြတ်ချက်မှားယွင်းပြီး ယာဉ်အန္တရာယ်နှင့် ကြုံတွေ့နိုင်ပါသည်။
ဖြစ်ပေါ်နေသည့်ကြောက်စိတ်အစား အခြားယာဉ်မောင်းသူများသိရှိနိုင်စေရန် ဟွန်းသံနှင့် အချက်ပြသတိပေး ရမည်ဖြစ်သည်။
ထိုမှသာ မိမိကားတွင်ပြဿနာတခုခုဖြစ်နေပြီကို သိရှိနိုင်မည်ဖြစ်သည်။
၅။လမ်းဘေးကို ရွေ့လျားစေပါ
ပါ၀ါမပါဘဲ မောင်းနှင်းရခြင်းဖြစ်၍ အထူးဂရုပြုဆောင်ရွက်ရမည်ဖြစ်သည်။
စတီယာရင်ကို အားစိုက်ပြီး လမ်းဘေးကို ရောက်အောင်အတတ်နိုင်ဆုံးကြိုးစားရပါမည်။
၆။အမြန်နှုန်းဖြေးဖြေးချင်းလျှော့ချ
ကား၏အမြန်နှုန်းကို ဖြည်းဖြည်းချင်းလျှော့ချပြီး တည်တည်ငြိမ်ငြိမ်ဖြင့် ရပ်တန့်နိုင်ရန်ကြိုးစားရမည်ဖြစ်သည်။
ဘရိတ်ကိုဆောင့်နင်းခြင်းမျိုးရှောင်ရှားရပါမည်။
သို့မှသာ ကား၏ဦးတည်ရာကို ဆန့်ကျင်ဘက်အရပ်ဆီသို့ရောက်သွားနိုင်ပြီး ဘီးချော်ထွက်ခြင်းမျိုးဖြစ်နိုင်ကာ မလိုလားအပ်သည့် ယာဉ်အန္တရာယ်ဖြစ်နိုင်သည့်အတွက် အထူးသတိပြုသင့်ပါသည်။
မောင်းနှင်နေစဉ်တွင် ပါ၀ါစတီယာရင် အလုပ်မလုပ်တော့ပါက ကားတွင် ပါ၀ါဘရိတ်ရှိပါက ထိုဘရိတ်အသုံးပြုသည့်အခါတွင် မာခေါက်ခေါက်ဖြစ်နေတတ်ပါသည်။
ဂီယာကို အနိမ့်ဆုံးထားပြီး ဂီယာနှင့် ဘရိတ်ကို ညီညွတ်အောင်ပြုလုပ်ပြီး ကားကို ဖြည်းညင်းစွာရပ်တန့်စေရပါသည်။
၇။ရပ်တန့်ပြီး စက်ပြန်နှိုးပါ
ကားကို တည်ငြိမ်အောင်ရပ်တန့်ပြီး စက်ပြန်နှိုးနိုင်ပါသည်။
ပုံမှန်အတိုင်းမောင်းနှင်းပြီး ကားလမ်းနှင့် ဝေးရာကို ကားရွေ့ခြင်း(သို့မဟုတ်) အနီးဆုံးကားဝပ်ရှော့သို့ ဖြည်းဖြည်းချင်းမောင်းနှင်နိုင်ပါသည်။