ကားမောင်းနှင်ရာတွင်သက်သောင့်သက်သာဖြစ်စေရန် ခေတ်မီမော်တော်ယာဉ်များတွင် တာယာနှင့် လမ်းမျက်နှာပြင်ထိတွေ့မှုများသော တာယာအမျိုးအစားများကိုအသုံးပြုလာကြသောကြောင့် စတီယာရင်လှည့်ရာတွင် အသုံးပြုရသော အား(Steering Effort) ပို၍လိုအပ်ပါတယ်။
Steering Effort ကို စတီယာရင်ဂီယာ၏ ဂီယာအချိုး မြှင့်ခြင်းအားဖြင့် လျော့ချနိုင်ပါတယ်။ သို့သော်လည်း ဂီယာအချိုးမြှင့်ခြင်းသည် မော်တော်ယာဉ်ကွေ့စဉ်တွင် စတီယာရင်ဘီးကိုအပတ်ရေများစွာလှည့်ရန်လိုအပ်ပါတယ်။ သပ်ရပ်တိကျစွာ ကွေ့ဖို့ရန်မလွယ်ကူပေ။ ထို့ကြောင့် Steering Angle နှင့် တစ်ချိန်တည်းမှာ Steering Effort ကိုနည်းအောင်ထိန်းနိုင်ဖို့ရန် စတီယာရင်စနစ်ကို အကူအညီတစ်ခုလိုအပ်လာပါတယ်။ ပါဝါစတီယာရင် စနစ်ကို ကားအသေးမှသည် အကြီးအထိ အများဆုံးအသုံးပြုလာကြပါတယ်။
ပါဝါစတီယာရင် လုပ်ဆောင်ပုံ
ပါဝါစတီယာရင်သည် အင်ဂျင်မှပါဝါကို အသုံးြ့ပုပြီး ဟိုက်ဒရောလစ်စွမ်းအားကိုထုတ်ပေးသော Vane Pump ကိုမောင်းနှင်ပေးပါတယ်။ ပန့်လည်ပတ်သောအခါ return line မှဖိအားနည်းသော ဟိုက်ဒရောလစ်ဆီကိုစုပ်ယူပီး ဖိအားအများဖြစ်အောင်ဖိသိပ်ပေးပါတယ်။ ပန့်မှဆီအနည်းအများသည် အင်ဂျင်အမြန်နှုန်းပေါ်တွင်မူတည်ပါတယ်။ ပန့်သည် အင်ဂျင်အနှေးလည်နေစဉ်တွင်ပင် လိုအပ်သော flow ရရှိအောင် ဒီဇိုင်းလုပ်ထားပေပါတယ်။ ပန့်တွင် ဖိအားများခြင်းမှကာကွယ်ရန် ဖိအားဖောက်ထုတ်သော pressure-relief valve ကိုတပ်ဆင်ထားပါတယ်။ အဓိကအားဖြင့် အင်ဂျင်အမြန်လည်နေစဉ်တွင် ပန့်သည်လိုအပ်သည်ထက်ပို၍လည်သောကြောင့် စနစ်အတွင်းဖိအားများလာပါတယ်။ စတီယာရင် ဘီးလှည့်သောအခါ Control valve သည် ဟိုက်ဒရောလစ်ဆီစနစ်ကိုဖွင့်ပေးလိုက်ပါတယ်။ ဟိုက်ဒရောလစ်ဆီဖိအားသည် ပါဝါစလင်ဒါထဲတွင့်ရှိသော ပါဝါပစ်စတင် ကိုသက်ရောက်ခြင်းဖြင့် စတီယာရင်ဘီးကိုလှည့်ရာတွင် စိုက်ထုတ်ရသောအားကိုလျော့ချပေးပါတယ်။ ပါဝါစတီယာရင် စနစ်တွင် ဆီယိုစိမ့်မှု ရှိ မရှိ ကိုပုံမှန်စစ်ဆေးပေးရန်လိုအပ်ပါတယ်။
Control Valve(Rotary valve)
ပါဝါစတီယာရင်သည် မော်တော်ကားကွေ့ရန် ယာဉ်မောင်းသူမှစတီယာရင်ဘီးပေါ်အားသက်ရောက်လိုက်သောအခါ ယာဉ်မောင်းသူကိုအကူအညီပေးပါတယ်။ သို့သော်လည်း ကားအဖြောင့်မောင်းနေစဉ် စတီယာရင်ဘီးပေါ်အားမသက်ရောက်သောအခါ မည်သည့်အကူအညီမှမပေးပါ။ Rotary valve သည် စတီယာရင်ဘီးပေါ်သက်ရောက်သောအားကို အာရုံခံပေးပါတယ်။ Rotary valve ၏ အဓိကအရာသည် Torsion Bar ဖြစ်ပါတယ်။ Torsion Bar သည်ပါးလွှာသောသတ္တုချောင်းဖြစ်ပီး Torque လိမ်အားသက်ရောက်သောအခါတွင်လိမ်၍သွားပါတယ်။ ဘား၏အပေါ်ဘက်ကို စတီယာရင်ဘီးနှင့်ဆက်သွယ်ထားပီး အောက်ဘက်ကို ဘီးကိုလှည့်ပေးသော ပင်နီယံ (သို့) worn gear ဖြင့်ဆက်သွယ်ထားပါတယ်။ ထို့ကြောင့် Torsion bar ပေါ်တွင်သက်ရောက်သော အားပမာဏသည် ယာဉ်မောင်းသူ စတီယာရင်ဘီးလှည့်သော အားနှင့်တူညီပါတယ်။ ယာဉ်မောင်းသူမှ အားပိုသုံးလေလေ Torsion bar သည် ပို၍လိမ်လေလေဖြစ်ပါတယ်။
Torsion bar လိမ်သောကြောင့် အတွင်းတွင်ရှိသော spool valve ကိုလည်စေပါတယ်။ spool valve ၏အတွင်းဘက်အပိုင်းသည် စတီယာရင် ဝင်ရိုးနှင့်ဆက်သွယ်ထားသောကြောင့် spool valve ၏အတွင်းအပြင်လည်ပတ်မှုပမာဏသည် ယာဉ်မောင်းသူစတီယာရင်ဘီးပေါ်အားမည်မျှသုံးသလဲအပေါ်တွင်မူတည်ပါတယ်။စတီယာရင်ဘီးမလည်သောအခါ ဟိုက်ဒရောလစ်လိုင်းသည် စတီယာရင်ဂီယာပေါ်တွင် တူညီသောဖိအားသက်ရောက်ပါတယ်။ သို့သော် spool valve လည်သောအခါ အပေါက်ပွင့်ပြီးဖိအားမြင့်သောဟိုက်ဒရောလစ်ဆီများကို သက်ဆိုင်ရာလိုင်းများဆီသို့ထောက်ပံ့ပေးပါတယ်။
Rotary Vane Pump
ပါဝါစတီယာရင်သည် ဖိအားအများအပြားလိုအပ်သော ဟိုက်ဒရောလစ်ပစ္စည်းအမျိုးအစားတစ်ခုဖြစ်ပါတယ်။ ပါဝါစတီယာရင်သည် အင်ဂျင်ပါဝါကို ဟိုက်ဒရောလစ်ဖိအားထုတ်ပေးသော Vane Pump ကိုမောင်းနှင်ရန်အသုံးပြုပါတယ်။ Vane pump သည် Positive Displacement pump အမျိုးအစားထဲမှတစ်ခုအပါအဝင်ဖြစ်ပါတယ်။
စတီယာရင်စနစ်(Steering Mechanisms)
(၁)Telescopic Mechanism
တယ်လီစကုပ်ပစ် စတီယာရင်စနစ်သည် ယာဉ်မောင်းသူ၏ပုံစံအနေအထားနှင့်ကိုက်ညီရန် စတီယာရင်ဘီးကို ရှေ့တိုးနောက်ဆုတ်ချိန်ညှိလို့ရအောင်ပြုလုပ်ပေးပါတယ်။
တည်ဆောက်ပုံ
တယ်လီစကုပ်ပစ် စတီယာရင်စနစ်တွင် အောက်ပါအစိတ်အပိုင်းများပါဝင်ပါတယ်။
- Sliding shaft tube
- Two wedge
- locks
- Stopper bolt
- Telescopic lever, etc.
အလုပ်လုပ်ဆောင်ပုံ(Operation)
Wedge locks သည် Telescopic lever နှင့်အတူရွေ့လျားပါတယ်။ တယ်လီစကုပ်ပစ်လီဗာသည် lock position တွင် ၎င်းသည်sliding shaft tube ကိုဆန့်ကျင်၍ wedge locks ကိုဖိပြီး sliding shaft tube ကို locking လုပ်ပါတယ်။ တစ်ဖက်တွင် Telescopic lever သည် free position သို့ရွေ့လျားပီး wedge locks နှင့် sliding shaft tube ကြားတွင် နေရာလွတ် gap ကိုဖြစ်ပေါ်စေပါတယ်။ Steering column သည်ရှေ့နောက် ချိန်ညှိနိုင်စေပါတယ်။
(၂) Tilt Steering Mechanism
Tilt steering mechanism သည် ယာဉ်မောင်းသူ၏ပုံစံအနေအထားနှင့်ကိုက်ညီရန် စတီယာရင်ဘီးပုံစံကို ဒေါင်လိုက်အနေအထားချိန်ညှိလို့ရစေရန်ပြုလုပ်ပေးပါတယ်။ Tilt steering mechanism ကို upper fulcrum type နှင့် lower fulcrum type ဟူ၍နှစ်မျိုးခွဲခြားထားပါတယ်။ အောက်တွင် lower fulcrum type ကိုရှင်းပြထားပါတယ်။
တည်ဆောက်ပုံ
Tilt steering mechanism တွင် pair of tilt steering stoppers, tilt lock bolt, breakaway bracket, tilt lever,etc. တို့အဓိကပါဝင်ပါတယ်။
လုပ်ဆောင်ပုံ
Tilt steering stopper သည် tilt lever ၏လုပ်ဆောင်မှုနှင့်အတူလည်ပတ်ပါတယ်။ Tilt lever သည် lock position တွင် tilt steering stoppers သည်breakaway bracket နှင့် tilt attachment တို့ကို တွန်းပီး မြင့်တက်သွားပါတယ်။ breakaway bracket နှင့် tilt attachment တို့ကို လော့ကျသွားစေပါတယ်။ တစ်ဖက်တွင် tilt lever သည် free position ဖြစ်သွားသောကြောင့် tilt steering stoppers အမြင့်ခြားနားမှုကိုပျောက်စေပြီး စတီယာရင်ကို ဒေါင်လိုက်အနေအထားအတိုင်း ချိန်ညှိနိုင်ပါတယ်။
Credit;Original writer