Power Steering System ချို့ယွင်းလျှင် လုပ်ဆောင်သင့်သည့်အချက်များ


ကားမောင်းနှင်သည့်အခါတွင် မိမိကား၏ Steering ချို့ယွင်းနေပါက လုပ်ဆောင်ရမည့် အချက် (၇) ချက်ကို ရှိပါသည်။

1.လှည့်လိုက်တိုင်း နားစွင့်ထားရန်
ယာဉ်မောင်းသူက Steering ကို လှည့်လိုက်သည့် အချိန်တွင် စူးရှရှည်လျားသော မြည်သံ ၊ ညည်းတွားသံမျိုး နှင့် စီခနဲ ကျယ်ကျယ်လောင်လောင် အသံမြည်လာပါက ကား၏ Steering Systemတွင် ပြသနာရှိ နေပြီဖြစ်သည်။ ထိုသို့ဖြစ်ခြင်းမှာ System အတွင်း၌ရှိသော ပန့်(Pump)သည် အရည်အပေါ်သို့ သက်ရောက်သော ဖိအားသည် ကျဆင်းနေခြင်းကြောင့် ဖြစ်သည်။

2.အလွတ်လှည့်ကြည့်ပါ
Steering ဘီးကို အလွတ်လှည့်ကြည့်သည့်အချိန်တိုင်း သတိထားကြည့်ရမည်ဖြစ်ပြီး ပုံမှန်ဆိုလျှင် Steeringကို အားမစိုက်ဘဲ အနည်းငယ်လှည့်လိုက်သည်နှင့် ကားကိုလိုချင်သည့်ဘက်ကို ကွေ့ပတ်ပြီး လှည့်နိုင်ပါသည်။ Steering ကို လိုသည်ထက်ပိုပြီး အားစိုက်လှည့်နေရပါက ကား၏ Power Steering System ချွတ်ယွင်းနေ ပြီးဖြစ်သည်။

3.ယိုစိမ့်နေမှုရှိ ၊ မရှိ

ပါဝါဆီယိုစိမ့်ခြင်း ရှိ/မရှိ အမြဲစစ်ဆေးသင့်ပါသည်။ ကားကိုအချိန်အတော်ကြာရပ်ထားပြီးတိုင်း ယာဉ်၏ အောက်ဘက်တွင် အရည်ယိုစိမ့်တာမျိုး ရှိ/မရှိ စစ်ဆေးရမည်ဖြစ်သည်။ ယိုစိမ့်သည့် အစက်အပေါက်မှာ ပန်းရောင် (သို့မဟုတ်) အနီရောင်ဖြစ်နေပါက Power Steering System အတွင်းတွင် ပါဝါဆီယိုစိမ့်ခြင်းဖြစ်နေသည်။ ထိုသို့ဖြစ်မဖြစ် အလွယ်တကူသိရှိလိုပါက ထိုနေရာတွင် စက္ကူဖြူ (သို့မဟုတ်) အဖြူရောင် ကတ်ထူပြားတစ်ချပ်ကို ထားရှိရမည်ဖြစ်သည်။ အဖြူရောင်ကတ်ထူပြားမှ ကျလာသည့်အရည်၏ အရောင်ကို အလွယ်တကူ သိရှိစေမည်ဖြစ်သည်။

4.သတိပေးပါ

မိမိကား၏ Power Steering System ချွတ်ယွင်း နေပါက အခြားယာဉ်မောင်းသူကို သတိပေး ရပါမည်။ မြန်နှုန်းမြင့်မောင်းနှင်သည့်အခါ မိမိကား၏ Power Steering System ချွတ်ယွင်းနေပါက ယာဉ်အန္တရာယ်နှင့် ကြုံတွေ့နိုင်ပါသည်။ ဖြစ်ပေါ်နေသည့် ကြောက်စိတ်အစား အခြားယာဉ်မောင်းသူများ သိရှိနိုင်စေရန် ဟွန်းသံနှင့် အချက်ပြသတိပေး ရမည်ဖြစ်သည်။ ထို့မှသာ မိမိကားတွင် ပြဿနာတစ်ခု ခုဖြစ်နေပြီကို သိရှိနိုင်မည်ဖြစ်သည်။

5.လမ်းဘေးကို ရွေ့လျားစေပါ
ကားကိုလမ်းဘေး သို့ရွေ့လျားစေရပါမည်။ Power မပါဘဲ မောင်းနှင်းရခြင်းဖြစ်၍ အထူးဂရုပြုဆောင်ရွက်ရမည်ဖြစ်သည်။ Steering ကို အားစိုက်ပြီး လမ်းဘေးကို ရောက်အောင် အတတ်နိုင်ဆုံးကြိုးစား မောင်းနှင်းရရပါမည်။

6. အမြန်နှုန်းဖြည်းဖြည်းချင်းလျှော့ချ

ကား၏ အမြန်နှုန်းကို ဖြည်းဖြည်းချင်း လျှော့ချပြီး တည်တည်ငြိမ်ငြိမ်ဖြင့် ရပ်တန့် နိုင်ရန်ကြိုးစား ရမည်ဖြစ်သည်။ Brake ကိုဆောင့်နင်းခြင်းမျိုးကို ရှောင်ရှားရပါမည်။ သို့မှသာကား၏ ဦးတည်ရာကို ဆန့်ကျင်ဘက်အရပ်ဆီသို့ရောက်သွားနိုင်ပြီး ဘီးချော်ထွက်ခြင်းမျိုး ဖြစ်နိုင်ကာ မလိုလားအပ်သည့် ယာဉ်အန္တရာယ်ဖြစ်နိုင်သည့် အတွက် အထူး သတိပြုသင့်ပါသည်။ မောင်းနှင်နေစဉ်တွင် Power Steering အလုပ်မလုပ်တော့ပါက ကားမှာ PowerBrske ရှိပါက ထို Brake အသုံးပြုသည့်အခါတွင် မာခေါက်ခေါက်ဖြစ်နေ တတ်ပါသည်။ အနည်းငယ်သာဖိအားထည့်ပြီး ခြေနင်းကို ဖိအားပေးရပ်တန့်ရန်ကြိုးစားရပါမည်။ဂီယာကို အနိမ့်ဆုံးထားပြီး ဂီယာနှင့် ဘရိတ်ကို ညီညွတ်အောင်အသုံးပြုပြီး ကားကို ဖြည်းညှင်းစွာရပ်တန့်စေရပါမည်။

7.ရပ်တန့်ပြီး စက်ပြန်နှိုးပါ
ကားကို တည်ငြိမ်အောင်ရပ်တန့်ပြီး စက်ပြန်နှိုးနိုင်ပါမည်။ ပုံမှန်အတိုင်းမောင်းနှင်ပြီး ကားလမ်းနှင့် ဝေးရာကို ကားကိုရွေ့ခြင်း (သို့မဟုတ်) အနီးဆုံး Car Workshopသို့ ဖြည်းဖြည်းချင်း မောင်းနှင်နိုင်ပါသည်။

 

 

Read 929 times