ထိုပစ္စည်းခလုတ်တစ်ချက်နှိပ်ရုံဖြင့် ကားမောင်းသူ(သို့) ကားရှေ့ခန်းတွင် လိုက်ပါစီးနင်းသူအနေဖြင့် ကားတစ်စီးလုံး၏ တံခါးပေါက်များကို အလိုအလျောက်ဖွင့် နိုင်ပိတ်နိုင်သော အရာဝတ္တုဖြစ်ပါသည်။
ယင်းပစ္စည်းကို ၁၉၁၄ ခုနှစ်တွင် အမေရိကန်ကားထုတ်လုပ်ရေးကုမ္ပဏီ Scripps-Booth မှ Power Door Locks စနစ်ကို စတင်မိတ်ဆက်ခဲ့ကြောင်းသိရသည်။
၁၉၅၆ ခုနှစ်တွင် Packard ကားထုတ်လုပ်ရေးကုမ္ပဏီက Power Door Locks စနစ်ကို ပြန်လည်မိတ်ဆက်လိုက်သည့် အချိန်တွင် နောက်ပိုင်းဇိမ်ခံကားအများစုတွင် ထိုစနစ်ကို အတွေ့များလာသည် ဟုသိရသည်။
ယခုခေတ်ကားမိုဒယ်တိုင်းတွင် Power Door Locks စနစ်ကို စံသတ်မှတ်ချက်အင်္ဂါတစ်ခုအဖြစ်ထည့်သွင်းထားခြင်းမရှိလျှင်တောင် ငွေထပ်ဆောင်းပြီး ရွေးချယ်နိုင်တဲ့ ပါဝင်ပစ္စည်းတစ်ခုအဖြစ်ရှိနေနိုင်ပြီဖြစ်သည်။
၁၉၈၀ ပြည့်နှစ်တွင် Ford ကားကုမ္ပဏီမှသော့မလိုဘဲ နံပါတ်ခလုတ်လေးတွေနှိပ်လိုက်ရုံဖြင့် တံခါးဖွင့်နိုင်သော Key less Entry System ကို စတင်မိတ်ဆက်ခဲ့ပါသည်။
အရင်က Power Door Locks စနစ်တွင် ကားတံခါးတွေကိုသာအဖွင့်အပိတ်လုပ်နိုင်ခဲ့ပါသည်။
ခုခေတ်ကားမာျးတွင် အသုံးပြုလာသောစနစ်မှာ ကားတံခါးတွေကိုသာမက ကားနောက်ဖုံးနှင့် ဆီတိုင်ကီအဖုံးတွေကို ပါ ဖွင့်လို့ရနေပြီဖြစ်သည်။
ခေတ်သစ်ကားများတွင် အသုံးပြုသော Power Door Locks စနစ်မှာကားဂီယာထိုးနေစဉ်(သို့) ကားအရှိန်ရနေသောအခြေအနေတို့တွင် အလိုအလျောက် တံခါးလော့ခ်ချပေးသောစနစ်ထိပြောင်းလဲလာပါသည်။
အဝေးထိန်း တံခါးလော့ခ်ချပေးတဲ့ စနစ်မှာ လော့ခ်ကျမကျသိနိုင်ရန် အချက်ပြမီးလင်းတာ(သို့)အသံမြည်တာနဲ့အသိပေးလေ့ရှိပြီး စနစ်နှစ်မျိုးလုံးကို ကိုယ့်စိတ်ကြိုက်အလွယ်တကူ ပြောင်းလဲအသုံးပြုနိုင်အောင်လည်း လုပ်ပေးထားလေ့ရှိသည်။
အချက်ပြမီးလင်းတာကတော့ ပတ်ဝန်းကျင်ကို အနှောင့်အယှက်ဖြစ်စေပြီး အချက်ပြမီးလင်းခြင်းသည် ပတ်ဝန်းကျင်ကို အနှောင့်အယှက်နည်းစေပါသည်။
တချို့ကားများတွင် အချက်ပေးသံအတိုးအကျယ်ကို ချိန်ညှိနိုင်ရန် လုပ်ဆောင်ပေးထားကြောင်းသိရသည်။
Automobile journal