အကြီးဆုံးခရီးသည်တင်လေယာဉ်ကိုဆွဲပြပြီးကမ္ဘာ့စံချိန်တင်လိုက်သည့် Porsche


Porscheတစ်စီးသည်ဧရာမခရီးသည်တင်လေယာဉ်ကြီးတစ်စီးကိုဆွဲပြပြီးကမ္ဘာ့စံချိန်သစ်တင်လိုက်နိုင်ပြီ ဖြစ်ပါသည်။

၄.၈ မီတာကိုယ်ထည်အရှည်ရှိသည့်Porsche Cayenneသည် Air France လေကြောင်းလိုင်းပိုင် Airbus A380 လေယာဉ်ကြီးကိုလက်တွေ့ဆွဲယူပြခဲ့ခြင်းဖြစ်ပါသည်။

၂၈၅ တန်အလေးချိန်ရှိသည့်လေယာဉ်ကြီးကို ၄၂ မီတာအကွာထိရွေ့သွားအောင်Cayenneက အားထုတ်ပြ ခဲ့ပါသည်။

ယင်းကားကိုPorscheရဲ့ဗြိတိန်ဌာနခွဲမှနည်းပညာကျွမ်းကျင်သူရစ်ချတ်ပေနေကတာဝန်ယူ မောင်းနှင်ပြခဲ့ခြင်းဖြစ်ပါသည်။

ပြင်သစ်နိုင်ငံ၊ပါရီမြို့တော်မှချားလ်ဒီဂေါလ်လေဆိပ်တွင်Porscheကားမှဧရာမလေယာဉ်ကြီးကိုတွဲချိတ်ပြီး ဆွဲယူ ပြသခဲ့ခြင်းဖြစ်ပါသည်။

ယခင်ကကားတစ်စီးကဆွဲယူပြနိုင်တဲ့ အလေးဆုံးစံချိန်အဖြစ်ဂင်းနစ်ကမ္ဘာ့မှတ်တမ်းမှာဖော်ပြထားတာက ၁၁၅ တန်ဖြစ်ပါသည်။

ယင်းမှတ်တမ်းကို Porscheက သာသာယာယာ ရိုက်ချိုးလိုက်ခြင်းပဲဖြစ်ပါသည်။

ခရီးသည်တင်လေယာဉ်ကြီးကိုဆွဲယူမည့်တွယ်ဆက်ချိတ်စနစ်ကိုAir Franceကအထူးပြုလုပ်ဖန်တီးပေးခဲ့ ပါသည်။

၇၃ မီတာ ရှည်လျားတဲ့ လေယာဉ်ကြီးကိုPorscheမှာပုံမှန်စံနှုန်းအဖြစ်တပ်ဆင်ထားတဲ့ချိတ်ဆက်စနစ်နဲ့ပဲ ဆွဲယူခဲ့ခြင်းဖြစ်ပါသည်။

ဂင်းနစ်မှတ်တမ်းစံချိန်သစ်ကိုရရှိခဲ့တဲ့ Porsche မော်ဒယ်လ်ကတော့ Cayenne S အမျိုးအစားဖြစ်ပြီး ဒီဇယ်အင်ဂျင်ကို တပ်ဆင်ထားပါသည်။

ယင်းကား၏အင်ဂျင်အားမှာမြင်းကောင်ရေ ၃၈၅ ကောင်ဖြစ်ပါသည်။

ဂင်းနစ် ကမ္ဘာ့မှတ်တမ်းစံချိန်အဖွဲ့မှယခုအားထုတ်မှုကိုမျက်ဝါးထင်ထင်စောင့်ကြည့်ခဲ့ပြီး ကမ္ဘာ့စံချိန်သစ်အဖြစ် ထိုက်ထိုက်တန်တန်အသိအမှတ်ပြုလိုက်ကြောင်းကြေညာလိုက်ပါသည်။

ဂင်းနစ်၏မှတ်တမ်းအတည်ပြုပညာရှင်ပရာဗင်ပေတဲလ်ကဒီလိုထူးခြားသောစွမ်းဆောင်မှုကိုဖြစ်မြောက်အောင် ဖန်တီးပြခဲ့ရာတွင်ပါဝင်ဆောင်ရွက်သူအားလုံးကိုဂုဏ်ပြုကြောင်းလည်း ပြောကြားသွားခဲ့ပါသည်။

 

Read 2960 times