မလေးရှားမှာ Porsche ကားစက်ရုံ ဖွင့်လှစ်မည်


ဂျာမန် တန်ဖိုးကြီး အမြင့်တန်း ကားလုပ်ငန်းဖြစ်တဲ့ ပိုရှာ Porsche က မလေးရှားမှာ ကားစက်ရုံ ဖွင့်လှစ် လုပ်ကိုင်မယ်။ ဉရောပ အပြင်ဘက် ပထမဆုံး Porsche ကားစက်ရုံ ဖြစ်ပါတယ်။
လာမယ့်နှစ်မှာ စတင်ထုတ်လုပ်မှာဖြစ်ပြီး မလေးရှားနိုင်ငံ မြောက်ပိုင်းမှာ တည်ရှိတဲ့ ကီဒါပြည်နယ်မှာ စက်ရုံကို ထားရှိမှာ ဖြစ်ပါတယ်။ 
အရှေ့တောင်အာရှမှာ ပိုရှာ ဝယ်လိုသူများ ရှိနေတဲ့အတွက် အာဆီယံဒေသအတွင်း လာရောက်ထုတ်လုပ်တာ ဖြစ်ပါတယ်။ ရောင်းအားကောင်းတဲ့ မော်ဒယ်အချို့ကိုသာ ရွေးချယ်ထုတ်လုပ်မှာ ဖြစ်တယ်။ နောက်ဆုံးအဆင့် တပ်ဆင်ထုတ်လုပ်မှုဖြင့် စတင်လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။

မလေးရှား ကုန်သွယ်ရေးဝန်ကြီး Azmin Ali က ယခု အရွေ့ဟာ ပိုရှာရဲ့ မဟာဗျူဟာမြောက် ဆုံးဖြတ်ချက် တစ်ခုဖြစ်ပြီး အရှေ့တောင်အာရှမှာ ရေရှည်လုပ်ကိုင်သွားမယ့် သံန္နိဌာန်ကို သိသာထင်ရှားစေတယ်လို့ မှတ်ချက် ပြုပါတယ်။

Porsche ကို ပိုင်ဆိုင်တဲ့ Volkswagen မှ ဒါရိုက်တာ ဘုတ်အဖွဲ့ဝင် Albrecht Reimold က စက်ရုံအသစ်ကို ပြည်တွင်း လုပ်ငန်းရှင် နဲ့ ပူးပေါင်းလုပ်ကိုင်တာဖြစ်ပြီး သီးခြားရပ်တည်တဲ့ စီမံကိန်းအဖြစ် ကားထုတ်လုပ်မှုကို အလော်တော် အရွယ်အစားဖြင့် ထူထောင်လုပ်ကိုင်မှာ ဖြစ်ကြောင်း ပြောကြားပါတယ်။
ပြည်တွင်းဈေးကွက် အခြေအနေများကို လေ့လာသင်ယူပြီး ခံယူကျင့်သုံးသွားမယ်လို့  သူက ဆိုပါတယ်။ 

လက်ရှိအနေအထားမှာ ပိုရှာ ကားအသစ် တင်သွင်းပြီး စီးတဲ့သူအနေဖြင့် ကားတင်သွင်းတာအတွက် မြင့်မားတဲ့ သွင်းကုန်ခွန် ပေးဆောင်ရပါတယ်။ သွင်းကုန်ခွန် သက်သာစေဖို့ ပြည်ပကားလုပ်ငန်းတွေက ပြည်တွင်းမှာ ကားတပ်ဆင်ထုတ်လုပ်ပြီး ရောင်းချကြပါတယ်။

Source: AFP
 

Read 1195 times