Porsche က လမ်းပေါ် တရားဝင် မောင်းလို့ရမယ့်   Sally Carrera 911  တစ်စီး ထုတ်လုပ်မည်


Porsche က လမ်းပေါ် တရားဝင် မောင်းလို့ရမယ့်   Sally Carrera 911  တစ်စီး ထုတ်လုပ်မည်

Porsche က လမ်းစည်းကမ်း ယာဉ်စည်းကမ်း အစရှိတဲ့ ဥပဒေများနှင့်အညီ လမ်းပေါ်မှာ တရားဝင် မောင်းလို့ရမယ့် Sally Carrera 911  တစ်စီးကို animation ရုပ်ရှင် ထုတ်လုပ်တဲ့ Pixar နှင့် ပူးပေါင်းပြီး ထုတ်လုပ်မှာ ဖြစ်ပြီး အဲဒီ တစ်စီးတည်းသောကားကို အလှူရန်ပုံငွေအတွက် လေလံတင်ပြီး ရောင်းချပါမယ်။

 

 

Sally Carrera က Cars ရုပ်ရှင်မှာ အဓိကသရုပ်ဆောင် ကားဖြစ်ပြီး 2002 Porsche 911 Carrera ကို ကာတွန်းဆွဲထားလို့ Sally Carrera လို့ အမည်ပေးထားတာ ဖြစ်ပါတယ်။


 ၂၀၀၂ မော်ဒယ်ကို နှစ်ပေါင်း ၂၀ ကြာပြီးတဲ့အချိန်မှာ ကာတွန်းရုပ်ရှင်ထဲမှ Sally Carrera အဖြစ် ပြန်လည်ထုတ်လုပ်မှာဖြစ်ပြီး တကယ့်ကားနဲ့မခြား လမ်းတွေပေါ် မောင်းနှင်သွားလာ နိုင်မှာ ဖြစ်ပါတယ်။


Pixar Animation Studios မှ အဖွဲ့ငယ်နှင်အတူ Porsche ရဲ့ Cars Production Designer အဖွဲ့တို့ ပူးပေါင်းပြီး ဒီဇိုင်းထုတ်နေကြပါတယ်။ 


Sally Carrera 911  ကို ထုတ်လုပ်ပြီးတဲ့အခါ RM Sotheby’s မှာ လေလံတင်ပါမယ်။ ရသမျှရောင်းရငွေအကုန်လုံးကို လှူဒါန်းမှာ ဖြစ်ပါတယ်။


 

 

 

 

 

 

 

 

 

 

 

Read 575 times