Porsche  ဒုတိယမြောက် အီး‌ဗီ ဗားရှင်း ၂ မျိုး တရုတ်ပြည်မှာ စတင်ရောင်းချတော့မည်


Porsche  ဒုတိယမြောက် အီး‌ဗီ ဗားရှင်း ၂ မျိုး တရုတ်ပြည်မှာ စတင်ရောင်းချတော့မည်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Porsche သည် ၎င်း၏ ပထမဆုံး အီးဗီ Taycan ကို ၂၀၁၉ ခုနှစ်တွင် ထုတ်ဖော်ပြသခဲ့သည်။

၅ နှစ်ကြာပြီးသည့်နောက် ဒုတိယမြောက် အီးဗီ Macan Electric ကို ဗားရှင်း နှစ်မျိုးဖြင့် ထုတ်လုပ်သည်။

 

Macan 4 Electric:

300 kW စုစုပေါင်းပါဝါ

650 Nm အများဆုံး ရုန်းအား

0 to 100 km/h အရှိန်တင်ရန် ၅.၂ စက္ကန့်ကြာ

784 km  သွားနိုင်သည့် ခရီးတာ

78,800 USD အခြေခံ ဈေးနှုန်း

 

Macan Turbo Electric:

470 kW စုစုပေါင်းပါဝါ

1,130 အများဆုံး ရုန်းအား

0 to 100 km/h အရှိန်တင်ရန် ၃.၃ စက္ကန့်ကြာ

765 km သွားနိုင်သည့် ခရီးတာ

105,300 USD အခြေခံ ဈေးနှုန်း

Macan Electric တွင် 100 kWh ဘက်ထရီထုပ် တပ်ဆင်ပေးထားပြီး ၁၀% မှ ၈၀% သို့ အားသွင်းရန် ၂၁ မိနစ် ကြာပါသည်။

Macan EV အားသွင်းသည့်အခါ 400V နှင့် 800V နှစ်မျိုး အသုံးပြုနိုင်ပါသည်။

 

တရုတ်နိုင်ငံမှ ကမ္ဘာ့ထိပ်တန်း အီးဗီ ဘက်ထရီထုပ်လုပ်ငန်း CATL (Contemporary Amperex Technology Co. Ltd.) မှ ထုတ်လုပ်သည့် ဘက်ထရီထုပ် အသုံးပြုထားပါသည်။

PPE လျှပ်စစ်ပလက်ဖောင်းပေါ် တည်ဆောက်ထားပြီး 800V ဗို့အားမြင့် သုံးစွဲပါသည်။

 

Premium Platform Electric (PPE) ကို Volkswagen Group ၏ အမှတ်တံဆိပ်များဖြစ်သည့် Audi နှင့် Porsche တို့၏ အီးဗီများ ထုတ်လုပ်ရန် သုံးစွဲပါသည်။

 

တရုတ်နိုင်ငံမှာ ကြိုတင်မှာကြားလိုပါက ပြန်အမ်းခိုင်းနိုင်သည့် စရန်ငွေ ယွမ် ၉,၁၁၀ (1,285 USD) ပေးသွင်းပြီး မှာကြားနိုင်ပါသည်။

တရုတ်ဈေးကွက်အတွက် ရောင်းဈေးကို ဈေးမဖွင့်သေးပါ။ 

Beijing Auto Show 2024 စတင်ကျင်းပသည့် ပထမဆုံးရက်ဖြစ်သည့် ဧပြီလ ၂၅ ရက်တွင် ဈေးနှုန်းများ ကြေညာပေးမည် ဖြစ်ပါသည်။ 

 

 Beijing Auto Show 2024 သည် ၄ နှစ်ကြာ ရပ်နားထားခဲ့ရာမှ ယခုနှစ်တွင် ပြန်လည်ကျင်းပခြင်း ဖြစ်ပါသည်။

Source carnewschina 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read 213 times