Porsche က  အပြည့်အဝလျှပ်စစ်ကားများ ထုတ်လုပ်ရန် ပင်မစက်ရုံကို ပြောင်းလဲ


Porsche က  အပြည့်အဝလျှပ်စစ်ကား 718 Sports ထုတ်လုပ်ရန် စက်ရုံကို ပြောင်းလဲ

ဂျာမန်ကားထုတ်လုပ်ရေးလုပ်ငန်း Porsche က  အပြည့်အဝလျှပ်စစ်ကား 718 Sports ထုတ်လုပ်ရန်အတွက် ၎င်းရဲ့ ပင်မစက်ရုံကို ပြင်ဆင်ပြောင်းလဲပြီး အသင့်ပြင်နေပါတယ်။ လျှပ်စစ်ကားထုတ်လုပ်ရေးစက်ရုံ ြဖစ်လာတဲ့အခါမှာ လျှပ်စစ်ကားစစ်စစ် နောက်မျိုးဆက်သစ် 718 Boxster နှင့် Cayman အိမ်စီးပြိုင်ကားများ ထုတ်လုပ်မယ်လို့ ပြောကြားပါတယ်။

လျာထားချက်က ၂၀၂၅ မှာ ရောင်းသမျှ Porsche ကားအားလုံးရဲ့ သုံးပုံတစ်ပုံဟာ အီးဗီများ ဖြစ်ရမယ်။ ၂၀၃၀ မှာ ရောင်းသမျှ Porsche ကားအားလုံးရဲ့ သုံးပုံနှစ်ပုံဟာ အီးဗီဖြစ်ရမယ်။ 

Porsche 911 မော်ဒယ်ကိုတော့ ဓာတ်ဆီအင်ဂျင်ဖြင့် ၂၀၃၀ အထိ ဆက်လက်ထုတ်လုပ်မယ်လို့ ဆိုပါတယ်။

နောက်နှစ် ၂၀၂၃ မှာ Porsche718 EV နှင့် Macan EV လျှပ်စစ်မော်တော်ယာဉ်များ စတင်ထုတ်လုပ်ပါမယ်။

Read 2631 times