ပေါင်သန်းနှင့်ချီဝင်ငွေရှိနေသော ပရီးမီးယားလိဂ်ဘောလုံးသမားသည် မော်တော်ကားအပါအဝင် နောက်ဆုံးပေါ် ဇိမ်ခံပစ္စည်း အသုံးအဆောင်များကို အတိုင်းအဆမရှိ ဝယ်ယူသုံးစွဲလေ့ရှိပါသည်။
မော်တော်ကားရွေးချယ်ရာတွင်လည်း များသောအားဖြင့် သာမန်လူများ မတက်နိုင်လောက်အောင် စျေးကြီးသော ရှားပါးတန်ဖိုးကြီးကားများနှင့်အတူ အထူးထုတ်ကားမျိုးများကို နှစ်နှစ်ခြိုက်ခြိုက်ဝယ်ယူ အသုံးပြုကြပါသည်။
ထို့ကြောင့် ယခုခေတ်တွင် နာမည်ကျော်ပရီးမီးယားလိဂ်ဘောလုံးသမားများ အသုံးပြုများသော ထိပ်တန်းကား ၅ စီးကို ဗဟုသုတရရန် ဖော်ပြပေးလိုက်ပါသည်။
၁။ Range Rover Evoque
စျေးနှုန်းအနေဖြင့် ပေါင်သုံးသောင်းဝန်းကျင်ခန့်သာရှိသော Range Rover Evoque သည် ကမ္ဘာကျော် ဘောလုံးသမားများ အရွေးများသော ကားများထဲတွင် ထိပ်ဆုံးမှ နေရာယူထားပါသည်။
Evoque ကို အကြိုက်တွေ့ကြရသည့် အဓိကအချက်များထဲတွင် လက်တွေ့ဆန်ခြင်း၊ သက်သောင့်သက်သာရှိခြင်းနှင့် လမ်းမရွေးဘဲ ကြမ်းတမ်းအသုံးပြုနို်င်ခြင်းကြောင့် ဖြစ်ပါသည်။
ထို့အပြင် Evoque ကို အာမခံထားရခြင်းတွင်လည်း တခြားကားအတော်များများကဲ့သို့ စျေးမကြီးသည်ကို တွေ့ရပါသည်။
၂။ Lamborghini Aventador
ကမ္ဘာကျော် ပရီးမီးယားလိဂ်ဘောလုံးသမားများ အသုံးများသော ထိပ်တန်းကားများစာရင်းတွင် နာမည်ကျော် Lamborghini Aventador လည်း ပါဝင်နေပါသည်။
စွမ်းဆောင်ရည်မြင့်မားပြီး အလန်းစားကိုယ်ထည်ရှိသော Aventador ပြိုင်ကားသည် ဘောလုံးသမားများသာမက နာမည်ကျော် လူချမ်းသာများ နှစ်သက်လေ့ရှိသော ကားဖြစ်ပါသည်။
၃။ Mercedes- Benz Onyx G6 GLE Coupe
Mercedes- Benz Onyx G6 GLE Coupe သည် ငွေကြေးကြွယ်ဝချမ်းသာသော ကမ္ဘာကျော် ဘောလုံးသမား တစ်ယောက်မဟုတ်ပါက ပိုင်ဆိုင်ရန်ခဲယဉ်းသော ကားဖြစ်ပါသည်။
Mercedes- Benz GLE – Class SUV ကားကို အခြေခံတည်ဆောက်ထားသော Mercedes- Benz Onyx G6 GLE Coupe သည် ယူကေမှ DAP Cars ကုမ္ပဏီမှ အထူးမွမ်းမံဖန်တီးလိုက်သော အထူးထုတ်ဗားရှင်းတစ်ခု ဖြစ်ပါသည်။
၄။ Bentley Continental GT
ကမ္ဘာကျော်ဘောလုံးသမားများ အကြိုက်တွေ့ကြသော နောက်ထပ်ကားတစ်စီးမှာ Bentley Continental GT ဖြစ်ပါသည်။
ကိုယ်ထည်ကြီးမားခံ့ညားလှသော Continental GT သည် စွမ်းဆောင်ရည်မြင့်မားလှသော V8 အင်ဂျင်ကိုသာမက W12 အင်ဂျင်ကိုပါ ရွေးချယ်ရရှိနိုင်ပါသည်။
၅။ Ferrari F12 Berlinetta
ကမ္ဘာကျော်ဘောလုံးသမားများကြားတွင် ပဥ္စမမြောက် ရေပန်းအစားဆုံးကားမှာ ကိုယ်ထည်လှပပြီး စွမ်းဆောင်ရည်ကောင်းသော Ferrari F12 Berlinetta ပြိုင်ကားလေးဖြစ်ပါသည်။
6.3 Liter Ferrari V12 အင်ဂျင်တပ်ဆင်ထားသော F12 Berlinetta သည် 4.0 Liter အထက် အကောင်းဆုံးအင်ဂျင်ဆုနှင့် စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ ၂၀၁၃ ခုနှစ် တစ်နှစ်တာအတွက် အကောင်းဆုံးဆု နိုင်ငံတကာအင်ဂျင်ဆုကိုလည်း ရရှိခဲ့ပါသည်။
ထို့အပြင် Ferrari F12 Berlinetta သည် Top Gear မှပေးသော ၂၀၁၂ ခုနှစ် တစ်နှစ်တာအတွက် အကောင်းဆုံး စူပါပြိုင်ကားဆုကိုလည်း ရရှိခဲ့ပါသည်။