လူကြိုက်များသော ဂျိမ်းစ်ဘွန်းကားတွင်ပါဝင်ခဲ့သော နာမည်ကြီးကားအမျိုးအစား


နာမည်ကျော်ရုပ်ရှင်မင်းသားဂျိမ်းစ်ဘွန်း ရိုက်ကူးခဲ့သော နာမည်ကျော်ရုပ်ရှင်များတွင် ပါဝင်သော နာမည်ကြီးကားများစွာရှိပါသည်။

ထိုကားများထဲမှ ကျော်ကြားခဲ့သော ကားအမျိုးအစား (၅) မျိုးကို အောက်ပါ အတိုင်း ဖော်ပြပေးလိုက်ပါသည်။

1. Aston Martin DB5

Aston Martin DB5 သည် ကမ္ဘာပေါ်တွင် အကျော်ကြားဆုံးကားများ အော်စကာဆုရှင် ဂျိမ်းစ်ဘွန်းမှ Goldfinger (1964) တွင် အသုံးပြုခဲ့ပါသည်။

Aston Martin DB5 သည် Carrozzeria Touring Superleggera ကုမ္ပဏီမှ ဒီဇိုင်းရေးဆွဲတည်ဆောက်ပြီး Aston Martin ကုမ္ပဏီတွင် ထုတ်လုပ်ထားသော British အကောင်းဆုံးဇိမ်ခံကား အမျိုးအစား ဖြစ်ပါသည်။

ထိုကား၏ အင်ဂျင်သည် 3.995 cc ရှိပြီး မြင်းကောင်းရေအား 282 bhp ရှိပါသည်။

ထိုကား၏ မိုင်နှုန်းသည် တစ်နာရီ 97 ကီလိုမီတာရှိပါသည်။

2. Lotus Esprit S1

Lotus Esprit S1 သည် ၁၉၉၇ ခုနှစ်တွင် ဂျိမ်းစ်ဘွန်း ရိုက်ကူးခဲ့သော The Spy who loved me (1977) ရုပ်ရှင်ကားတွင် အသုံးပြုခဲ့သော ကားအမျိုးအစားဖြစ်ပါသည်။

Giorgetto Giugiaro ဒီဇိုင်းရေးဆွဲခဲ့သော ထိုကားကို ၁၉၇၅ ခုနှစ်တွင် Paris Motor Show တွင် စတင်မိတ်ဆက်ခဲ့ပြီး ၁၉၇၆ခုနှစ် ထုတ်လုပ်ခဲ့ပါသည်။

Lotus Esprit S1 ၏ အင်ဂျင်ပါဝါသည် ဆလင်ဒါ ၄ လုံးထိုးအင်ဂျင်နှင့် 1.973 cc ရှိပြီး မြင်းကောင်ရေအား 160 bhp ရှိပါသည်။

ထိုကား၏ မိုင်နှုန်းသည် အမြင့်ဆုံး တစ်နာရီ 222 ကီိလိုမီတာရှိပါသည်။

3. Aston Martin V8 Vantage Volante

Aston Martin V8 Vantage Volante သည် ဂျိမ်းစ်ဘွန်းရိုက်ကူးခဲ့သော The living daylight (1987) ရုပ်ရှင်ဇာတ်ကားတွင် အသုံးပြုခဲ့သော ကားအမျိုးအစားဖြစ်ပါသည်။

အင်ဂျင်ပါဝါသည် 5.3 V8 ဖြစ်ပြီး မြင်းကောင်ရေအား 403 hp ရှိကြောင်းသိရပါသည်။

ထိုကား၏ အမြင့်ဆုံးမြန်နှုန်းသည် တစ်ရာရီကငို 270 ကီလိုမီတာရှိပါသည်။

4. Aston Martin DBS V 12

Aston Martin DBS V 12 ကို ဂျိမ်းစ်ဘွန်းရိုက်ကူးခဲ့သော Casino Royal တွင် အသုံးပြုခဲ့သော ကားအမျိုးအစားဖြစ်ပါသည်။

ထိုကားသည် Aston Martin တွင် ထုတ်လုပ်ထားသော GT Sport ကားအမျိုးအစားတစ်ခုဖြစ်ပါသည်။

တံခါးနှစ်ချက်ပါရှိပြီး အင်ဂျင်မှာ 6.0 L V2 ရှိပြီး ဂီယာခြောက်ချက်ပါ ဝင်ပါသည်။

5. Ford Mustang Mach 1

Ford Mustang Mach 1 သည် နာမည်ကျော်ရုပ်ရှင်မင်းသာ ဂျိမ်းစ်ဘွန်းရိုက်ကူးခဲ့သော Diamond are forever ရုပ်ရှင်တွင်ပါဝင်သော ကားအမျိုးအစားဖြစ်ပါသည်။

ထိုကားကို ၁၉၆၉ - ၁၉၇၀ တွင်ထုတ်လုပ်ထားပြီး တခါးနှစ်ချပ်ပါဝင်သော Sportsroof ကားအမျိုးအစားဖြစ်ပါသည်။

ကား၏အမြန်နှုန်းသည် အင်ဂျင်ပါဝါသည် 5.8 L ရှိကြောင်းသိရပါသည်။

 

Read 961 times