Pony.ai က SAIC နှင့် ပူးပေါင်းပြီး အီးဗီရိုဘော့တက္ကဆီ ထုတ်လုပ်မည်
Toyota ကျောထောက်နောက်ခံပြုပေးထားတဲ့ Pony.ai က အီးဗီ ရိုဘော့တက္ကဆီအတွက် တရုတ်နိုင်ငံ အကြီးဆုံး ကားထုတ်လုပ်ရေးလုပ်ငန်း SAIC နှင့် ပူးပေါင်းလုပ်ကိုင်နေကြောင်း ထုတ်ပြန်ကြေညာပါတယ်။ အီးဗီများကို မောင်းသူမဲ့ တက္ကဆီများအဖြစ် ထုတ်လုပ်မှာ ဖြစ်ပါတယ်။
Pony.ai က အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားနှင့် တရုတ်နိုင်ငံ ကွမ်ကျိုတို့မှာ အခြေစိုက်ထားပါတယ်။ ကုမ္ပဏီတန်ဖိုးက ကန်ဒေါ်လာ ၈.၅ ဘီလီယံ ရှိပါတယ်။
နိုင်ငံပိုင်လုပ်ငန်း SAIC ရဲ့ လုပ်ငန်းခွဲ AI Lab က Pony.ai နှင့် အတူလက်တွဲပြီး အပြည့်အဝ မောင်းသူမဲ့ တက္ကဆီကို ထုတ်လုပ်ပါမယ်။ မောင်းသူမဲ့ယာဉ် ဖြစ်သော်လည်း စတီယာရင် ပါမှာဖြစ်ပြီး စတီယာရင်ကို ခေါက်သိမ်းလို့ရအောင် ဒီဇိုင်းထုတ်ထားပါတယ်။
Pony.ai က တရုတ်မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်း Zhejiang Geely Holding Group နှင့်လည်း ကျင်စုပြည်နယ် စုကျိုမှာ မောင်းသူမဲ့ တက္ကဆီ ထုတ်လုပ်ဖို့ လုပ်ကိုင်နေပါတယ်။
Pony.ai က ၂၀၂၀ ခုနှစ်တွင် Toyota ထံမှ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၄၀၀ ရရှိခဲ့ပါတယ်။
Source nikkei asia
#AutomobileGuide