အဖြတ်ခံလိုက်ရသောချလန်စာရွက်အား ဘယ်လောက်ကြာကြာထိမရွေးဘဲကိုင်ထားနိုင်ပါသလဲ


ယာဉ်စည်းကမ်း လမ်းစည်းကမ်းချိုးဖေါက်မိလို့ ချလန်အဖြတ်ခံလိုက်ရတယ်ဆိုရင် အဲ့ဒီချလန်ကို သွားမရွေးဘဲ ဘယ်လောက်ကြာကြာ ကိုင်ထားလို့ရသလဲဆိုတာ သိပါသလား။ 

ချလန်စာရွက်မှာ ဘယ်နှစ်ရက်အတွင်း ဘယ်အချိန်မှာ ဘယ်ရုံးကိုလာရွေးယူဖို့ ရက်စွဲ အချိန် နေရာတွေပါပါလိမ့်မယ် အဲ့ဒီအချိန်အတွင်းမှာဘဲ ရွေးယူကြတာများကြပေမဲ့ တချို့ကတော့ မအားတာ ခရီးထွက်သွားတာ ငွေကြေးအဆင်မပြေတာကြောင့် သတ်မှတ်ရက်အတွင်းပြန်လည်ရွေးမယူနိုင်ကြဘူး။ အဲ့ဒီလိုသတ်မှတ်ရက်အတွင်းပြန်လည်ရွေးမယူနိုင်လို့ ဒဏ်ကြေးပိုများလာမလားလို့ တချို့ကမေးကြတယ်။

အဖြေကတော့ မများပါဘူး။ ဒီတော့ ချလန်ဖြတ်ခံထားရတယ်ဆိုရင် အဲ့ဒီချလန်နဲ့ယာဉ်မောင်းနှင်ခွင့်မရှိတာကလွဲလို့ အဆင်ပြေတဲ့အချိန်မှ သွားရောက်ရွေးယူနိုင်ပါတယ်။ တစ်လ တစ်နှစ် ငါးနှစ် ဘယ်လောက်ကြာမှရွေးရွေးရပါတယ်။

အဲ့လောက်ကြာမှရွေးလဲ ဒဏ်ကြေးကမတိုးသွားပါဘူး။ လာမရွေးလို့ ကညနမှာပိတ်သိမ်းခံထားရလည်း ရွေးတဲ့အချိန်မှာ ပြေစာရတာမို့ အဲ့ဒီပြေစာနဲ့ ဖြေရှင်းလို့ရပါတယ်။

အဖြတ်ခံထားရတဲ့ချလန်ကို အကြားကြီးကိုင်မထားကြပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် အချိန်ကာလကြာကြာ မရွေးဖြစ်ကြသူတို့အတွက် ဗဟုသုတအလို့ငှာဖော်ပြပေးလိုက်ခြင်းဖြစ်ပါတယ်။

ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ

Read 2473 times