2002 -2009 မိုဒယ် Toyota Surf နှင့်ပတ်သတ်၍ သိရှိထားသင့်သည့် အချက်အလက်များကို အောက်ပါ အတိုင်း ဖော်ပြပေးထားပါသည်။
2003 Surf 4.0 သည် နောက်ပိုင်းပြဿနာအဖြစ် ကားအရှိန်အနည်းငယ်မြင့်ပါက နောက်ဘက်မှ ဆူညံသံများကြားရပြီး ကားမှာ လူးလာပြီး ကားသည် အနောက်ဘက်သို့ အနည်းငယ်နိမ့်နေပါသည်။
ထိုသို့ခါယမ်းခြင်းသည် ဝင်ရိုးကြောင့်ဖြစ်နိုင်သောကြောင့် နောက်ဝင်ရိုးစွန်း ကရိုင်းရှပ်ကို သေချာစစ်ကြည့်သင့်ပါသည်။
ကွေးသွားခြင်း၊ အဆင်မပြေခြင်း တစ်ခုခု ဖြစ်နိုင်ပြီး အကယ်၍ ကရိုင်းရှပ် ကျိုးခြင်း၊ ကွေးခြင်းဖြစ်ခဲ့ပါက လဲလှယ်သင့်ပါသည်။
2001 Surf 4.0 တွင် စက်မကြာခဏ သေသွားတက်ပြီး အောက်ဆီဂျင်ဆင်ဆာ၊ ဝါယာများ၊ ဆီစစ်-Filter၊ ဓာတ်ဆီပန့် Relay စသည်တို့ကို ဟောင်းနေ၍ အသစ်လဲသော်လည်း မကြာခဏ
ထက်ဖြစ်နေခြင်းမျိုး ဖြစ်တက်ပါသည်။
ထိုသို့ဖြစ်ပေါ်လာပါက Spark Unit လျှပ်စစ်ဓာတ်ဖြင့် မီးပွင့်ခြင်းစနစ်ကို စစ်ကြည့်သင့်ပါသည်။
ထို့အပြင် Ignition Control Module စက်နှိုးခြင်းဆိုင်ရာ ထိန်းချုပ်သီးခြားယူနစ်ကို သေချာစွာစစ်ဆေးကြည့်သင့်ပါသည်။
2005 Surf 4.0L/4.7L တို့၏ Water Pump ရေလည်အုံအား စံနှုန်းသတ်မှတ်ချက်အရ မိုင် ၈၀၀၀၀ တွင် လဲလှယ်သင့်ပေသည်။
2003 Surf သည် စက်နှိုးနေစဉ် Steering သည် Lock ကျတက်သွားတက်ပါသည်။
ထိုသို့ဖြစ်ပါက ပထမဆုံး ဘရိတ်နင်းထားပြီးနောက် Packing Brake အားဖိနှိပ်ထားပြီး ချက်ချင်း ဘရိတ်ကို ခြေထောက်မှ လွှတ်လိုက်ပါက အဆင်ပြေသွားမည်ဖြစ်ပါသည်။
2002 Surf 4.0 ရှိသောအင်ဂျင်သည် စက်နှိုးပါက မြည်သံဆူညံစွာထွက်နေခြင်းမှာ အင်ဂျင်ဘက်ကြိုးပြဿနာဖြစ်နိုင်ပါသည်။
ချောင်နေတက်သောကြောင့် အင်ဂျင်၏ ဘက်ကြိုးများကို စစ်ဆေးကြည့်ပြီးသည့်အပြင် Alternator ပြန်လှန် လျှပ်ထုတ် ကိရိယာကိုလည်း စစ်ဆေးသင့်ပါသည်။
2006 Surf တွင် နောက်ဂီယာသုံးလိုက်ပါက နောက်မှန် Wiper သည် Auto အလုပ်လုပ်သော်လည်း နောက်ပိုင်းကြာလာပါက ကောင်းစွာအလုပ်မလုပ်တော့ပေ။
ထိုသို့ဖြစ်ပါက နောက်မှန် Wiper နှင့်ဆိုင်သည့် ဒိုင်အုပ်သည့် Fuse သေတ္တာခေါ် ဆားကစ်အုံတွင် ရှိပါသည်။
ထိုအရာကို ဝပ်ရှော့တွင် လဲလှယ်သင့်ပါသည်။
2005 Surf 4.0L ကားသည် ဘရိတ်နင်းလိုက်ပါက တစ်ခါတစ်ရံ ဘရိတ်မမိသည့်အပြင် Brake မှ အသံများမြည်လာပါက ဘရိတ်ဒလက်များကို လဲလှယ်သင့်ပါသည်။
2005 Surf တွင် Ani-Lock System ထည့်သွင်းထားခြင်းကြောင့် အောက်ပိုင်းကျွမ်းကျင်သော ဝပ့်ရှော့မှာတွင် ပြုပြင်တပ်ဆင်သင့်ပါသည်။