အစိုးရရုံးဌာနများ အီးဗီ ဝယ်ရန် ထိုင်းဝန်ကြီးချုပ် ညွန်ကြား


အစိုးရရုံးဌာနများ အီးဗီ ဝယ်ရန် ထိုင်းဝန်ကြီးချုပ် ညွန်ကြား

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 


ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဝီဆင် က အစိုးရ ရုံးဌာနများအား ယာဉ်အိုယာဉ်ဟောင်းများ အစားထိုးရန် လျှပ်စစ်ကားများကို ဝယ်ယူဖို့ ညွှန်ကြားသည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အားသွင်းရုံများ ပိုမိုတည်ဆောက်ရန်နှင့် အီးဗီ ကားများအတွက် အသင့်အတင့် နှုန်းထားများဖြင့်  အာမခံထားရှိနိုင်အောင် စီစဉ်ရန် ညွှန်ကြားထားသည်။

ကားအဟောင်းများကို အစားထိုးရန် အီးဗီများ ဝယ်ယူရန်အပြင် အစိုးရအဖွဲ့အစည်းများသည် လိုအပ်၍ ကားအသစ် ဝယ်ယူရသည့်အခါ အီးဗီများကိုသာ ဝယ်ယူရန်လည်း ညွှန်ကြားထားသည်။

သယ်ယူပို့ဆောင်ရေး ဝန်ကြီး ဌာနနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့သည် ဘတ်စ်ကားများ၊ အငှားယာဉ်များနှင့် တုတ်တုတ်များ အပါအဝင် အများသူငှာ သယ်ယူပို့ဆောင်ရေးယာဉ်များ အားလုံးကို လျှပ်စစ်ကားများ ဖြစ်လာစေရန် ဆောင်ရွက်သွားမည်ဖြစ်သည်။

စွမ်းအင်ဝန်ကြီးဌာနနှင့် သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနတို့သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အားသွင်းရုံများ လုံလောက်စွာ တပ်ဆင်ရန် ပံ့ပိုးပေးမည် ဖြစ်သည်။

ဝန်ကြီးချုပ် ဆရက်သာသည် မကြာသေးခင်က ဟိုက်ဘရစ် Lexus LM350H Executive ကို ဘတ် ၇.၅၉ သန်းဖြင့် ဝယ်ယူခဲ့သည်။ 
သူ့ဇနှီးက လျှပ်စစ်ကား Tesla Model Y ကို အသုံးပြုသည်။ 
Source bangkokpost 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 202 times