ထိုင်းဝန်ကြီးချုပ်အသစ် ဘတ် ၇ သန်းခွဲတန် ကားအသစ် ဝယ်စီး


ထိုင်းဝန်ကြီးချုပ်အသစ် ဘတ် ၇ သန်းခွဲတန် ကားအသစ် ဝယ်စီး

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

ထိုင်းနိုင်ငံ ၀န်ကြီးချုပ်အသစ် ဆရက်သာ သာဝီဆင်သည် အလုပ်ကိစ္စနှင့် ကိုယ်ရေးကိုယ်တာကိစ္စတို့အတွက် သွားလာရန်   ဇိမ်ခံကားတစ်စီးကို ကိုယ်ပိုင်ငွေဖြင့် ဝယ်ယူခဲ့သည်။

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ဆရက်သာ သာဝီဆင်သည် ၎င်း၏ လစဉ် လစာနှင့် ထောက်ပံ့ကြေးများကို ဒုက္ခရောက်နေသူများကို ကူညီပေးသည့် ပရဟိတ လုပ်ငန်းများသို့ လှူဒါန်းရန် ဆုံးဖြတ်ခဲ့ကြောင်း အစိုးရ ပြောရေးဆိုခွင့်ရှိသူ Chai Watcharong က စက်တင်ဘာ ၂၈ ရက်တွင် ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်အဖြစ် Mr Srettha သည် တစ်လလျှင် လစာ ၇၅,၅၉၀ ဘတ်နှင့် ထောက်ပံ့ကြေး ဘတ် ၅၀,၀၀၀ နှစ်ရပ်ပေါင်း ဘတ် ၁၂၅,၅၉၀ ရရှိသည်။

 Srettha သည် ယခင်က ထိုင်းနိုင်ငံမှ အိမ်ခြံမြေလုပ်ငန်းကြီး Sansiri ၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သည်။

၂၀၂၃ ခုနှစ်အစောပိုင်းတွင် နိုင်ငံရေးလောကသို့မ၀င်မီတွင် သူသည် ကုမ္ပဏီ၏ ထိပ်တန်းရာထူးများမှ နုတ်ထွက်ခဲ့သည်။ ၎င်းပိုင်ဆိုင်သည့် ကုမ္ပဏီ ရှယ်ယာများ ၎င်း၏သမီးထံသို့ လွှဲပြောင်းပေးခဲ့သည်။ ၎င်းရှယ်ယာများ၏ စုစုပေါင်းတန်ဖိုးသည် ဘတ် ၁.၂ ဘီလီယံကျော် ဖြစ်ပါသည်။

ဝန်ကြီးချုပ် Mr Srettha သည် မကြာသေးမီက Lexus LM350H Executive ကို ဝယ်ယူခဲ့သည်။ ၎င်းကား၏ ရောင်းဈေးမှာ ဘတ် ၇.၅၉ သန်း ဖြစ်ပါသည်။ 

 

 

 ထိုင်ခုံလေးလုံးပါ အနက်ရောင် Lexus ဗင်ကားပေါ်တွင် သာယာအဆင်ပြေဖို့ ပထမတန်းစား ပစ္စည်း ကိရိယာများ တပ်ဆင်ထားသော်လည်း ကျည်ကာယာဉ် မဟုတ်ပါ။ 
အနီရောင် နံပါတ်ပြား တပ်ဆင်ထားပြီး နံပါတ်မှာ Kor 6506 ဖြစ်ပါသည်။
 
 ဝန်ကြီးချုပ် အဆောင်အယောင်အဖြစ် Mercedes Maybach S600 Pullman Guard တစ်စီး အသင့် ရှိနေပါသည်။ ဝန်ကြီးချုပ် စီးရန်အတွက်ဖြစ်ပြီး စီးရန် အသင့်အနေအထားမှာ အချိန်ပြည့် ရှိပါသည်။

 


၎င်းရုံးကားသည် အမည်းရောင်ဖြစ်ပြီး ကျည်ကာကား ဖြစ်ပါသည်။ တန်ဖိုးမှာ ဘတ် ၁၉ သန်း ဖြစ်ပြီး ယခင်ဝန်ကြီးချုပ်လက်ထက်တွင် ဝယ်ယူခဲ့ပါသည်။

Source thainewsroom
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 397 times