အင်ဂျင်ပလတ်လဲဖို့ လိုနေပြီဆိုတာ သိနိုင်တဲ့ အချက်သုံးချက်


သင့်ရဲ့ကားမှာ အင်ဂျင်ပလတ် (spark plug) လဲဖို့လိုအပ်နေပြီဆိုတာကို အဲသည် အချက်သုံးချက်က ညွှန်ပြပါတယ်။

၁။စက်နှိုးပြီး ကားရပ်ထားတဲ့အချိန် (Idle အခြေအနေမှာ)စက်အရမ်းတုန်နေမယ်။ RPM က  မငြိမ်ဘူးဖြစ်နေမယ်။


၂။ ကုန်အတက်တွေ၊ ဝန်များတဲ့အချိန်တွေ၊ အမြန်မောင်းတဲ့အချိန်တွေမှာ ကားကတွန့်ဆုတ်တွန့်ဆုတ်ဖြစ်မယ်။ အဲဒါက မီးမကူးတာ ( (misfire)ဖြစ်တာပါ။ ကိုယ်က လီဗာနင်းနေပေမဲ့ ကားကမထွက်ဘူးဖြစ်နေမယ်။ အဲဒါဟာ ပလတ်လဲဖို့လိုအပ်နေတာပါ။

၃။ ဆီစားများလာမယ်။ ပလတ်မကောင်းရင် ဆီပိုသုံးမှ မီးလောင်ကျွမ်းတာဖြစ်လို့ ဆီပိုကုန်လာမယ်။


ပလတ်ကို ပုံမှန်စစ်ဆေးသင့်ပါတယ်။ ကီလိုနှစ်သောင်းကနေ ကီလိုတစ်သိန်းခွဲအထိ မောင်းနှင်ပြီးတိုင်း ပလတ်ကိုလဲလှယ်သင့်ပါတယ်။ ပလတ်အသစ်လဲလှယ်ရင်သိထားသင့်တဲ့ အချက် သုံးချက်ကတော့

(၁) မိမိကားအတွက် သင့်တော်မယ့် spark plug heat  value ကို သတိထားပါ။

(၂) Platinum နဲ့ Iridium ပလတ်တွေဟာ Copper နဲ့ Nickel ပလတ်တွေထက်အကြမ်းပိုခံပါတယ်။ အဆွဲအရုန်းပိုကောင်းစေပါတယ်။

(၃) ကားထုတ်လုပ်တဲ့ ကုမ္မဏီကသတ်မှတ်ပေးထားတဲ့ ပလတ်ကိုဦးစားပေးသုံးရပါမယ်။ တံဆိပ်တူတာ ရှာမတွေ့ရင် (Cross Reference)လုပ်ပြီးရှာပါ။

Read 8891 times