ကားမောင်းသူတွေ မဖြစ်မနေသိထားရမယ့် ပလတ်


ကားတစ်စီးမှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ကားမောင်း နှင်တဲ့သူအနေနဲ့ မဖြစ်မနေသိ ထားသင့်တဲ့ ကားအစိတ်အပိုင်း ကတော့ ပလတ်ဖြစ်ပါတယ်။

ပလတ်ဆိုတာက ကားတစ် စီးအတွက် အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်ပြီး လဲလှယ်ပေးသင့်ချိန် မှာ သင့်တော်သလို လဲလှယ်ပေး ရမှာ ဖြစ်ပါတယ်။ ပလတ်တစ်ခု လဲလှယ်ဖို့ လိုအပ်တဲ့အချိန်ဆို တာက အသုံးပြုတဲ့ လောင်စာဆီ သန့်စင်မှု အပေါ်မှာ မူတည်နေပြီး လောင်စာဆီမသန့်ရင် မကြာ ခဏဆီကြေးကပ်ပြီး ပလတ်ပျက် စီးစေပါတယ်။

ပြည်ပနိုင်ငံတွေက အသုံးပြု တဲ့လောင်စာဆီတွေကတော့ သန့် စင်ထားတဲ့နှုန်း များတဲ့အတွက် ပလတ်တွေ တစ်နှစ်တစ်ခါသာ လဲ လှယ်ပေးရပေမယ့် ပြည်တွင်းမှာ တော့ လောင်စာဆီ မသန့်ရှင်းလို့ အနည်းဆုံး ခြောက်လ တစ်ခါ တော့ လဲလှယ်ပေးနေရပါတယ်။ ကားပလတ်တွေက ကားအစိတ် အပိုင်းတွေထဲမှာ ဈေးသက်သာ တဲ့ အစိတ်အပိုင်းဖြစ်ပြီး ကိုယ် တိုင်လည်းဖြုတ်တပ်လုပ်ပြီး လဲလှယ်နိုင်မှာ ဖြစ်ပါတယ်။

ပလတ်တွေဟာ ကားအမျိုးအစား၊ အင်ဂျင်အမျိုးအစားအ လိုက် ကွဲပြားပါတယ်။ ပလတ်တွေကို ကိုယ်တိုင်ဖြုတ်တပ်လဲလှယ် မယ်ဆိုရင် ပလတ်စပန်နာလို Tools တွေရှိနေဖို့တော့ လိုအပ်ပါတယ်။ လဲလှယ်တပ်ဆင်မယ့် ပလတ်တွေကိုလည်း အင်ဂျင်နဲ့ ကိုက်ညီတဲ့ ကားထုတ်လုပ်သူက လမ်းညွှန်ထားတဲ့ ပလတ်ကိုသာ ရွေးချယ် အသုံးပြုဖို့ လိုအပ်ပါ တယ်။ အဲဒါမှသာ အင်ဂျင်ရဲ့ စွမ်း ဆောင်ရည်အပြည့်အဝကို အသုံး ပြုနိုင်တဲ့အပြင် ကားအင်ဂျင် သက်တမ်းကိုလည်း ကြာရှည်ခံ စေပါတယ်။

ပလတ်ဆိုတာ

ကားအင်ဂျင်အပေါ်ပိုင်းမှာ အများဆုံးတပ်ဆင်ထားတတ်တဲ့ ပလတ်တွေက အင်ဂျင်အတွင်း လောင်စာ ပေါက်ကွဲခန်းထဲမှာ ပုံမှန်အချက်ကျကျနဲ့ မီးပေါက် ပေးပါတယ်။ ပလတ်က မီးပွင့်တွေ ကြောင့် စလင်ဒါခန်းထဲမှာ အင် လက်ကဝင်လာတဲ့ ဆီငွေ့တွေက ပေါက်ကွဲပြီး တွန်းကန်အားကို ဖြစ်စေပါတယ်။ ယင်းတွန်းကန် အားကြောင့် အင်ဂျင်ကို လည် ပတ်စေတာဖြစ်ပါတယ်။

လုပ်ဆောင်ပုံ

ပလတ်တွေကို ကားရဲ့ Ifnit-ion Coil မှ လျှပ်စစ်ကိုရယူပြီး စလင်ဒါခန်းထဲမှာ မီးပွင့်တွေကို ဖြစ်စေပါတယ်။ စလင်ဒါခန်းထဲ မှာ အချိန်ကိုက်ဝင်ရောက်လာတဲ့ လောင်စာဆီအမှုန်လေးတွေကို ပလတ်ကထွက်လာတဲ့ မီးပွားတွေ က ထိတွေ့ပြီး ပေါက်ကွဲမှုကိုဖြစ် စေပါတယ်။ ပေါက်ကွဲမှုက အင် ဂျင်ပစ်စတင်ကို တွန်းထုတ်လိုက် ရာမှ အဆင့်ဆင့်တွန်းအားတွေ ကတစ်ဆင့် အင်ဂျင်ကိုလည်ပတ် စေတာဖြစ်ပါတယ်။

အဲဒီလို အချိန်ကိုက်လုပ် ဆောင်ချက်တွေထဲက မီးပေါက် တာ တစ်ချက်လျော့တာဖြစ်စေ၊ လောင်စာဆီဝင်ရောက်မှုတစ်ဆို ပိတ်သွားတာမျိုးတွေကြောင့် အင်ဂျင်လှည့်ပတ်မှု တိုင်မင်ကို အ နှောင့်အယှက် ဖြစ်စေပါတယ်။ အင်ဂျင်လှည့်ပတ်မှုတိုင်မင်ပျက် တာ ဆက်တိုက်ဖြစ်လာရင်တော့ ရုတ်တရက်အင်ဂျင်ရပ်တန့်တာ၊ ပုံမှန်မဟုတ်တဲ့ အင်ဂျင်ပေါက် ကွဲသံတွေ ထွက်လာတာ စတဲ့ ပြဿနာတွေကို ဖြစ်စေပါတယ်။

ပလတ်တည်ဆောက်ထားပုံ

ပလတ်ဆိုတာ အင်ဂျင်ထဲမှာပါတယ်။ မီးပေါက်တဲ့အလုပ် ကို လုပ်တယ်လို့ အများစုက အကြမ်းဖျင်းသိထားပေမယ့် ဘယ်လို တည်ဆောက်ထားလဲဆိုတာ ကိုတော့ သိတဲ့သူနည်းပါတယ်။ ပလတ်ကို တည်ဆောက်ထုတ် လုပ်ပုံကလည်း တခြား အစိတ်အပိုင်းတွေကို တစ်စစီဖြုတ်ကြည့်လို့ရတဲ့ အနေအထားမဟုတ်ဘဲ ကြွေ သားလောင်းထားတဲ့အတွက် တည်ဆောက်ပုံသိနိုင်ဖို့ ခက်ပါ တယ်။

အမှန်တကယ်တော့ သာမန် ရိုးရှင်းတဲ့ တည်ဆောက်ပုံတစ်ခုပဲ ဖြစ်ပါတယ်။ Electrodes တွေ၊ Resistor တွေ၊ လျှပ်ကူးသတ္တု တွေ၊ လျှပ်ကာကြွေသားတွေနဲ့ ပေါင်းစပ်ထုတ်လုပ်ထားတဲ့ လျှပ် စစ်ရှော့ခ် အသေးစားဖန်တီးတဲ့ ကိရိယာတစ်ခုဖြစ်ပါတယ်။

ချို့ယွင်းပျက်စီးလာရင်

ပျက်စီးတတ်တဲ့အကြောင်း အများစုကတော့ မသန့်တဲ့လောင် စာဆီတွေမှာပါတဲ့ ဓာတုပစ္စည်း တွေကြောင့် မီးလောင်ခန်းထဲ ရောက်နေတဲ့ ပလတ်အစိတ်အ ပိုင်းတွေက ဓာတုကြေးကပ်လို့ မီး သေချာမပေါက်တာ၊ သက်တမ်းကြာလာလို့ လျှပ်ကူးအားလျော့ တာတွေကြောင့် ပလတ်တွေပျက် စီးရတာ များပါတယ်။

ပလတ်တွေမကောင်းတော့ ဘူးဆိုရင် Dashboard အချက်ပြ မီးလင်းတာ၊ အင်ဂျင်စက်နှိုးရ ခက်လာတာ၊ အင်ဂျင်လှည့်ပတ် အားလျော့တာ၊ အင်ဂျင်စွမ်း ဆောင်ရည် ကျဆင်းတာ စတဲ့ ပြဿနာတွေ ကြုံတွေ့လာရမှာ ဖြစ်ပါတယ်။ ပျက်စီးယိုယွင်းနေ တဲ့ ပလတ်တွေကို လက်ပူတိုက်ပြီး ဆက်သုံးနေမယ်ဆိုရင်တော့ အင် ဂျင်ဆီစားနှုန်းမြင့်လာတာ၊ ဆက် စပ် အစိတ်အပိုင်းတွေဖြစ်တဲ့ စလင်ဒါနဲ့ ပစ်စတင်တွေ ထိခိုက် ပျက်စီးတာ၊ အင်ဂျင်ရုတ်တရက် စက်ရပ်တာ စတဲ့ပြဿနာတွေကို ဖြစ်ပေါ်စေပါတယ်။

အဲဒါကြောင့် ကားအင်ဂျင် ရဲ့ ပလတ်တွေကို အချက်ပြမီးလင်းတာပဲဖြစ်စေ၊ မလင်းတာပဲဖြစ်စေ ပလတ်တွေကို တစ်လတစ်ခါစစ်ဆေးပေးသင့်ပါတယ်။ သန့်ရှင်းတဲ့ လောင်စာဆီတွေကိုသာ သုံးစွဲသင့်ပြီး ပြည်တွင်းက လောင်စာဆီအသုံးပြုတဲ့အခြေအနေအရ ခြောက်လတစ်ခါလောက် ပလတ် အသစ်တွေ လဲလှယ်အသုံးပြုသင့်ပါတယ်။

နောက်ထပ် အရေးကြီးဆုံးအချက်ကတော့ အင်ဂျင်အမျိုး အစားအလိုက် သတ်မှတ်ပေး ထားတဲ့ ကားထုတ်လုပ်သူနဲ့ ကျွမ်း ကျင်သူတွေက လမ်းညွှန်ထားတဲ့ ပလတ်အမျိုးအစားတွေကိုသာ ရွေးချယ်အသုံးပြုသင့်ပါတယ်။
 

Read 2560 times