တိုကျိုအငှားယာဉ်မောင်း ခိုတစ်ကောင် ဝင်တိုက်မှုဖြင့် အမှုဖွင့်ခံရ


တိုကျိုအငှားယာဉ်မောင်း ခိုတစ်ကောင် ဝင်တိုက်မှုဖြင့် အမှုဖွင့်ခံရ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

ဂျပန်နိုင်ငံ တိုကျိုမြို့တော်မှ အသက် ၅၀ အရွယ် တက္ကဆီယာဉ်မောင်းအား အရေးယူခြင်းသည် ငှက်များကို အန္တရာယ်ပြုခြင်းမပြုရန် ဂျပန်နိုင်ငံမှ တင်းကျပ်သော ဥပဒေကို မီးမောင်းထိုးပြနေသည်။ 

ဂျပန်နိုင်ငံ၏ တောရိုင်းတိရိစ္ဆာန်ဥပဒေအရ ဒေသဆိုင်ရာအာဏာပိုင်များ၏ ခွင့်ပြုချက်မရှိဘဲ ဒုက္ခအပေးဆုံး ငှက်များကိုပင်လျှင် သတ်ဖြတ်ရန် အသာထား၊ မောင်းထုတ်ခြင်းပင်လျှင် ပြုခွင့် မရှိပါ။ 

လမ်းပေါ်မှာ ခိုတွေ ရှိနေလျှင်  ယာဉ်မောင်းသည် ကားကို ဖြည်းညှင်းစွာ မောင်းနှင်ပေးရမည် ဖြစ်သည်။ 
ယခုအမှုတွင် တိုကျိုမှ တက္ကစီယာဉ်မောင်းသည် လမ်းပေါ်မှ ခိုကို  အငှားယာဉ်ဖြင့် တမင်တကာ ဝင်တိုက်ပစ်သည်ဟု စွပ်စွဲခံရသည်။ 

ဒီဇင်ဘာလ ၃ ရက်တွင် တက္ကဆီယာဉ်မောင်းကို  တောရိုင်းတိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး ဥပဒေ ဖောက်ဖျက်မှုဖြင့် အမှုဖွင့်ခဲ့သည်။ 
 

မီးပွိုင့် မီးစိမ်းသွားပြီးနောက် တက္ကဆီယာဉ်မောင်းသည် အရှိန်မြှင့်လိုက်သည်။ တစ်နာရီလျှင် ၃၅ မိုင်နှုန်းဖြင့် သူမောင်းနှင်နေသည့် တက္ကစီကို လမ်းပေါ်မှာ ရှိနေသည့် ခိုအုပ်ထဲသို့ ဝင်ချလိုက်သည်၊ ခိုတကောင် သေဆုံးသွား‌စေခဲ့သည်ဟု ရဲများက ပြောကြားသည်။

ခိုသေအ‌လောင်းကို ရင်ခွဲစစ်ဆေးစေခဲ့သည်။ ခွဲစိတ် စစ်ဆေးသည့် တိရစ္ဆာန်ဆေးကုဆရာဝန်က "ခိုဟာ တုန်လှုပ်ချောက်ချားပြီး သေဆုံးသွားကြောင်း" အဆုံးအဖြတ်ပြုသည်။ တနည်းဆိုရသော် ခိုသည် အကြောက်လွန်ပြီး သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။


 “လမ်းတွေကို လူတွေ ပိုင်တယ်၊ ဒါကြောင့် ခိုတွေ ရှောင်ပြေးသင့်တယ်” ဟု သူက ပြောဆိုခဲ့ကြောင်း ရဲများက ကျိုဒိုသတင်းဌာနကို ပြောပြသည်။

 
တောရိုင်းတိရစ္ဆာန်ဥပဒေအရ ခိုများကို အခြားတောရိုင်းငှက်များနှင့် မခွဲခြားပါ။
ရောဂါပိုး သယ်‌ဆောင်ထားခြင်း၊ ကောက်ပဲသီးနှံများ ပျက်စီး‌ေစခြင်း၊ မွေးမြူရေး တိရစ္ဆာန်များ ထိခိုက်ခြင်း စသည့် ပြဿနာတစ်ရပ်ရပ်ဖြစ်နေပါကြောင်း သက်သေပြနိုင်မှသာ သတ်နိုင်သည်။ ထိုအခါ၌ မသတ်ခင်မှာ ဒေသအာဏာပိုင်တို့ထံမှ ခွင့်ပြုမိန့် အရင်ရယူဖို့ လိုအပ်သည်။

ခွင့်ပြုချက်မရှိဘဲ ခိုတစ်ကောင်ကို သတ်ခြင်းအတွက် ပြစ်ဒဏ်မှာ ထောင်ဒဏ်တစ်နှစ် သို့မဟုတ် ဒဏ်ငွေ ဂျပန်ယန်းတစ်သန်း(အမေရိကန်ဒေါ်လာ ၇၀၀၀ ခန့်) ချမှတ်နိုင်သည်။

၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်တို့တွင် ခွင့်ပြုချက်ဖြင့် ခိုကောင်ရေ ၄,၀၀၀ ခန့် အသတ်ခံခဲ့ရသည်။ ဥ ၄၀၀ ခန့် ဖယ်ရှားခံရသည်။

 အငှားယာဉ်မောင်းကို အမှုဖွင့်ခြင်းသည် ခိုတစ်ကောင်၏ ကံကြမ္မာကြောင့် မဟုတ်ဘဲ  သက်ရှိသတ္တဝါကို သတ်ရန် တမင်တကာ ဆုံးဖြတ်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ဥပဒေကျွမ်းကျင်သူများက ပြောသည်။

Source nytimes
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 234 times