နည်းပညာပိုင်းနှင့် သက်သောင့်သက်သာစီးနင်းနိုင်မှုအပေါ် ဦးစားပေးဖန်းတီးထားသည့် Peugeot Traveller i-Lab


ပြင်သစ်ကားကုမ္ပဏီ Peugeot က အနာဂတ်တွင် စီးပွားရေးလုပ်ငန်းရှင်များအတွက် ခရီးသွားရင်း လုပ်ငန်းကိစ္စမာျး အဆင်ပြေလွယ်ကူစွာ ဆောင်ရွက်နိုင်မည့် ရှေ့ပြေးကားပုံစံကို ၂၀၁၅ ဂျီနီဗာကားပြပွဲတုန်းက မိတ်ဆက်ပြသခဲ့ပြီး အရေးကြီး ပုဂ္ဂိုလ်များစီးရန် တီထွင်နေသော Audi’s Armored Car၊ US Vehicles’ Rhino Jeep များကဲ့သို့မဟုတ်ဘဲ နည်းပညာပိုင်းနှင့် သက်သောင့်သက်သာစီးနင်းနိုင်မှုအပေါ် ဦးစားပေးဖန်းတီးထားခြင်းဖြစ်ပါသည်။

Peugeot Traveller i-Lab ဒီဇိုင်းကို အလျား ၄ ဒသမ ၉၆ မီတာ၊ အမြင့် ၁ ဒသမ ၉၀ မီတာသာရှိသည့် ကျစ်ကျစ်လျစ်လျစ် အသေးစားခရီးသည်တင်ကားပုံစံ ဖန်တီးထားသော်လည်း ရှေ့နှင့်နောက်ဝန်ရိုးများမှ အပြင်ဘက်ထွက်နေသော Overhangs ကို လျော့ချထားခြင်းကြောင့် အတွင်းပိုင်းတွင် နေရာပိုကျယ်လာပါသည်။

ဆလွန်းကားများကဲ့သို့ လေခွင်းအားကောင်းအောင် ကိုယ်ထည်ကို သေသပ်သော ဖောင်းကြွလိုင်းများနှင့် တည်ဆောက်ထားပြီး Slide Door အမျိုးအစား နောက်ခန်းတံခါးကို လက်နှင့်ဖွင့်စရာမလိုဘဲ တံခါးအောက်ကို ခြေထောက်ထိုးထည့်လိုက်ရုံဖြင့် အလိုအလျောက် ဖွင့်/ပိတ်နိုင်အောင် စီစဉ်စားပါသည်။

ကားအတွင်းပိုင်းတွင် လူလေးယောက်စီးနိုင်သော ထိုင်ခုံမာျးကို မျက်နှာချင်းဆိုင်ဖြစ်အောင် တပ်ဆင်ထားပြီး ထိုင်ခုံမာျးအလယ်တွင် ၃၂ လက်မအရွယ် အကြီးစား Touch Tablet ရှိပါသည်။

ခေါက်သိမ်းနိုင်သော Touch Tablet ကို မျက်နှာပြင်တစ်ခုတည်းအဖြစ် အသုံးနိုင်သကဲ့သို့ မျက်နှာပြင်လေးခုအထိလည်း ခွဲသုံးနိုင်ပါသည်။

ကားအတွင်းထဲသို့ ရောက်သည်နှင့် စီးသူမာျး၏ စမတ်ဖုန်းတိုင်းကို Wifi အလိုအလျောက် ချိတ်ဆက်ပေးမည့်ဖြစ်သကဲ့သို့ ဖုန်းအားသွင်းပေါက်နှစ်ခုလည်း တပ်ပေးထားပါသည်။

Virtual Reality Headsets မှာ သွားလိုရာခရီးသို့မရောက်ခင် တည်းခိုမည့်ဟိုတယ်၊ အစည်းအဝေးခန်း စသည်များကို ကြိုတင်ကြည့်နိုင်စေရန် ကူညီပေးပါမည်။

စီးသူမာျးအနေဖြင့် ကားထဲမှ Touch Tablet သုံးပြီး ဟိုတယ်အခန်းဘွတ်ကင် လုပ်နိုင်သလို ဟိုတယ်ရောက်လျှင်လည်း ဧည့်ကြိုကောင်တာမသွားဘဲ မိမိအခန်းဆီ တန်းသွာ၍ ရနိုင်သည်အထိ အချိန်ကုန် သက်သာစေမည်ဖြစ်ပါသည်။

ဟိုတယ်အခန်းအတွက် Electronic Key ကို Download လုပ်ထားပြီးဖြစ်၍ လည်း တံခါးဖွင့်ရန်စိတ်ပူနေစရာမလိုဘဲ ဟိုတယ်မှ ပြန်ထွက်သည့်အခါ ကျသင့်ငွေကို မိမိဖုန်းမှ တစ်ဆင့် ပေးချေရုံသာ ဖြစ်ပါသည်။

Peugeot Traveller i-Lab ကို စီးနင်းချိန်တွင် အကောင်းဆုံးဖျော်ဖြေမှုရသခံစားနိုင်အောင် စပီကာ ၁၇ လုံပါ FOCAL အသံစနစ်တပ်ဆင်ထားပြီး ဖုန်းဝင်လာသည့်အခါ ဖွင့်ထားသော အသံစနစ်မှာ ပိတ်သွားမည်ဖြစ်ပါသည်။

Peugeot Traveller i-Lab တွင် မောင်းသူကို အထောက်အကူပေးသည့် နည်းပညာများလည်း ထည့်သွင်းပေးထားပါသည်။

Visio Park နည်းပညာပါသော ဒက်ရှ်ဘုတ်အလယ်က ခုနစ်လက်မ Touch Screen မှ ယာဉ်ကြောအခြေအနေ၊ ရာသီဥတု၊ ဆီဈေးနှုန်းစသည်များကို 3D Mapping နှင့် ကြည့်နိုင်သလို အသံနှင့် ညွှန်ကြားခိုင်းစေနိုင်သည့်အတွက် လက်ရှိလမ်းကြောင်းအပေါ်မှ မျက်စိလွှဲစရာမလိုပေ။

ကားအခြေအနေကိုတင်မက မောင်းသူကိုလည်း စောင့်ကြည့်ပေးသွားမည်ဖြစ်ပြီး နှစ်နာရီဆက်တိုက် မနားဘဲ မောင်းပြီးသည်နှင့် တစ်နာရီတစ်ကြိမ် အချက်ပေးသွားမည်ဖြစ်ပါသည်။

ကားနောက်ဘက်မြင်ကွင်းကို ၁၈၀ ဒီဂရီကြည့်နိုင်သလို တစ်စုံတစ်ခုနှင့် တိုက်မိခါနီးလျှင် အလိုအလျောက် ဘရိတ်ဖမ်းပေးသည့် Active City Brake စနစ်လည်း ပါဝင်ပါသည်။

 

Read 767 times