Peugeot Myanmar မှ ၂၀၁၉ မိုဒယ် SUV ကားအမျိုးအစားသစ် Peugeot 2008 ကို ဈေးကွက်အတွင်း စတင်မိတ်ဆက်


Peugeot Myanmar မှ ၂၀၁၉ မိုဒယ် SUV ကားအမျိုးအစားသစ် Peugeot 2008 ကို ဈေးကွက်အ တွင်း စတင် မိတ်ဆက်ရောင်းချပေး နေပြီဖြစ်ကြောင်း သိရသည်။

Peugeot Myanmar မှ မတ် ၃၁ ရက်တွင် မြန်မာပလာဇာ ၌ ပြုလုပ်ခဲ့သည့် AYA-Super Auto Show 2019 တွင် Peugeot 2008 ကို စတင်မိတ်ဆက် ရောင်းချခဲ့သည်။

၂၀၁၉ မိုဒယ် Peugeot 2008 သည် 1.2 Turbo Engine ၊ 6-Speed Auto Transmission Gear တပ်ဆင်ထားသော ငါး ယောက်စီး SUV ကားအမျိုးအစား ဖြစ်သည်။ ကားအတွင်းပိုင်းတွင် 6 inches Capacitive Touch Screen ၊ Back Camera ၊ Leather Seat ၊ Active Blind Spot Detection (ABSD) ၊ Panorama Sunroof တို့ ပါဝင်သည်။

Safety Award Euro-Ncap နှင့် Engine of The Year 2018 ရရှိထားသော SUV ကား အမျိုးအစားဖြစ်ပြီး စီးနင်းသူလုံခြုံ ရေးအတွက် Airbag ခြောက်လုံး ပါဝင်သလို Active City Brake System လည်း ပါဝင်သည်။

“မြန်မာပလာဇာမှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ AYA-Super Auto Show 2019 i-cockpit နည်း ပညာနဲ့ Peugeot SUV ၂၀၁၉ မိုဒယ် Peugeot 2008 ကားသစ် ကို စတင် မိတ်ဆက်ပြသရောင်းချ ခဲ့ပါတယ်၊ ဒီကားကို ဝယ်ယူခဲ့တဲ့ Customer အတွက် AYA Bank နဲ့ AMI Insurance တို့က ပရိုမိုး ရှင်းအစီအစဉ်နဲ့အတူ လက်ဆောင် တွေလည်း ပေးအပ်ခဲ့ပါတယ်”ဟု Peugeot Myanmar မှ တာဝန် ရှိသူတစ်ဦးက ဆိုသည်။

Peugeot Myanmar မှ ၂၀၁၉ မိုဒယ် Peugeot 2008 ကို အမေရိကန်ဒေါ်လာ ၄၇,၅၀၀ ဖြင့် ရောင်းချမည်ဖြစ်ပြီး အာမခံ အဖြစ် သုံးနှစ်၊ သို့မဟုတ် ကီလိုမီ တာ တစ်သိန်း ရရှိမည်ဖြစ်သည်။ ထို့ပြင် ဘဏ်နှင့် ချိတ်ဆက်၍ ခုနစ်နှစ်အထိ အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်ကြောင်းလည်း သိရသည်။

Read 752 times