Peugeot Metropolis 3W scooter ဟာ သုံးဘီးမော်တော်ဆိုင်ကယ်


Peugeot Metropolis 3W scooter ဟာ သုံးဘီးမော်တော်ဆိုင်ကယ်ဖြစ်ပြီး ထူးခြားချက်ကတော့ နောက်ဘီး တစ်ဘီးသာ ပါပြီး ရှေ့ဘက်မှာ ဘီး ၂ ဘီး တပ်ပေးထားတာ ဖြစ်ပါတယ်။

အဲဒီ သုံးဘီးမော်တော်ဆိုင်ကယ်ကို တရုတ်နိုင်ငံ ဂွမ်ဒေါင်မှ SWAT ရဲတပ်ဖွဲ့အတွက် ဝယ်ယူသုံးစွဲလိုက်တဲ့အခါ သတင်း ဖြစ်သွားတယ်။ ရဲတွေအတွက် အကြမ်းခံတဲ့ စစ်ရထားတစ်စီးအဖြစ် သုံးစွဲလိုက်တာ ဖြစ်ပါတယ်။

 

ခေါင်းပိုင်းမှာ ဘီးနှစ်လုံး ပါတာကြောင့် ကြီးမားခန်ံထည့်နေတယ်။ ရှေ့မီးကြီး နှစ်လုံးပါတယ်။ ရင်ဘတ်လေတိုးတာကို ကာပေးဖို့ အမည်းရောင် လေကာတစ်ချပ်ပါပြီး Peugeot လိုဂို တပ်ဆင်ပြီး ပြသထားတယ်။

Peugeot Metropolis သုံးဘီးဆိုက်ကယ်ကို ၂၀၁၄ ခုနှစ်မှာ ပထမဆုံးအကြိမ် ထုတ်လုပ်ခဲ့ပြီး အင်ဂျင်ပိုင်းကို အကြီးအကျယ် မွမ်းမံပြောင်းလဲပြီး ၂၀၁၇ ခုနှစ်မှာ မော်ဒယ်အသစ်အဖြစ် ထုတ်လုပ်ခဲ့တယ်။

အင်ဂျင်က ၄၀၀ စီစီ ဖြစ်ပြီး ဆလင်ဒါ တစ်လုံးပဲ ပါတယ်။

 ၃၇ BHP(Brake Horse Power) ရှိတယ်။ ဆီစားနှုန်းက တစ်ဂါလံကို မိုင် ၅၀ အထိ ရတယ်။ ထိုင်ခုံအမြင့်က ၇၈၀ မီလီမီတာ ( ၃၁ လက်မ) ဖြစ်ပါတယ်။ အော်တိုဂီယာ ဖြစ်ပါတယ်။

Read 1085 times