Peugeot  ၂၀၂၂ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံ၏ အကြီးထွားဆုံး မော်တော်ကားအမှတ်တံဆိပ်ဖြစ်လာခဲ့


Peugeot  ၂၀၂၂ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံ၏ အကြီးထွားဆုံး မော်တော်ကားအမှတ်တံဆိပ်ဖြစ်လာခဲ့

Peugeot သည် ၂၀၀၂ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံ၏ အတိုးတက်ဆုံး မော်တော်ကားအမှတ်တံဆိပ်ဖြစ်ခဲ့ပါသည်။

Peugeot သည် ဖြန့်ဖြူးသူအသစ်ဖြစ်သော Astara ၏ ဆောင်ရွက်စီမံမှုများဖြင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ဈေးကွက်တင်ခြင်းကို  ပြန်လည်စတင်ပြီးကတည်းက ယမန်နှစ်ထက်  အရောင်းမြှင့်တင်မှုများ ပိုမိုလုပ်ဆောင််ခဲ့သည့်အပြင် အရောင်းကိုယ်စားလှယ်များ၏ အရောင်းပြခန်းများ တိုးချဲ့ဖွင့်လှစ်ခဲ့သည်။ 


၂၀၂၂ နိုဝင်ဘာလတွင် Peugeot ရောင်းအားသည် ယမန်နှစ်ထက် ၂၉၇ ရာခိုင်နှုန်း ကြီးထွားခဲ့ပြီး ပြင်စ်ကားအမှတ်တံဆိပ် Peugeot အဖို့ ဖိလစ်ပိုင် ကားဈေးကွက်တွင် စံချိန်သစ်တင်လိုက်သည့် အောင်မြင်မှု ဖြစ်ပါသည်။ 

Peugeot သည် ဖိလစ်ပိုင်နိုင်ငံတစ်ဝှမ်းရှိ အဓိကမြို့ကြီးများတွင် အရောင်းပြခန်းများနှင့် ဝန်ဆောင်မှုဆိုင်ရာ အဆောက်အအုံအသစ်များ ဖွင့်လှစ်ခြင်းကို တိုးချဲ့လုပ်ဆောင်လျက် ရှိသည်။  အရောင်းကိုယ်စားလှယ်များလည်း တိုးများအောင် ဆောင်ရွက်လျက် ရှိသည်။ 

“ကျွန်တော်တို့ရဲ့ အမှတ်တံဆိပ်အပေါ် ကားဝယ်စီးသူတို့ရဲ့ တုံ့ပြန်မှုဟာ  ဇန်နဝါရီတွင် ပြန်လည်စတင်ပြီးကတည်းက မှတ်တမ်းတင်ထိုက်အောင် ကောင်းမွန်ခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံသားများ  Peugeot ကားကို ဝယ်ယူသုံးစွဲရန်အတွက် ဆွဲဆောင်မှု ပိုများလာကြောင်း သက်သေပြလိုက်တာ ဖြစ်ပါတယ်။ Peugeot ကား ပိုင်ဆိုင်မှုအတွေ့အကြုံကောင်းများကို မြှင့်တင်ရန် အဓိကသော့ချက်ဖြစ်တဲ့ အရောင်းပြခန်းအသစ်များနှင့် ဝန်ဆောင်မှုအဆောက်အဦအသစ်များ ဖွင့်လှစ်ခြင်တို့ကို ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်"ဟု ဖိလစ်ပိုင်နိုင်ငံ Peugeot အမှတ်တံဆိပ်အကြီးအကဲ Maricar Parco မှပြောကြားခဲ့သည်။

Source carguide

Read 283 times