ပြည်တွင်းဈေးကွက်တွင် ရောင်းချပေးနေသော ကားသစ်ဖြစ်သည့် Peugeot 508 Sedan


ပြင်သစ်အခြေစိုက် Peugeot ကုမ္ပဏီမှ ထုတ်လုပ်သည့် ၂၀၁၇ မိုဒယ် Peugeot 508 သည် ဒီဇိုင်းဆန်းသစ်လှပအောင် ပုံဖော်ထားပြီး Peugeot တံဆိပ်ပါဝင်သည့် ရှဲလ် (Grille) တစ်ဖက်တစ်ချက်တွင်Fully Xenon LED Headlamp မီးများနှင့် နှင်းခွဲမီးများတပ်ဆင်ထားပါသည်။

ကားအနောက်ဘက်တွင်လည်း ထူးခြားမှုအနေဖြင့် LED Tailight ဒီဇိုင်းကို Peugeot ၏ Signature ဖြစ်သည့် Lion Claw LED Line (ခြင်္သေ့၏ လက်သည်းသဏ္ဍာန်) မီးများဖြင့် အလှဆင်ထားသည်။

2017 Model Peugeot 508 သည် ငါးယောက်စီး ဆီဒန်အမျိုးအစားဖြစ်ပြီး အတွင်းခန်း ကျယ်ဝန်း လှပ သပ်ရပ်၍ သားရေထိုင်ခုံးများကိုလည်း မိုတာဖြင့် လိုသလို ချိန်ညှိနိုင်ပါသည်။

Peugeot 508 ဆီဒန်တွင် အဓိကပါဝင်သည့် လုပ်ဆောင်ချက်များမှာ Sunroof၊ Premium Leather၊ Dual-Zone Automatic (Limate Control)၊ Bluetooth၊ USB၊ CD Player၊ LED Display Screen၊ Heads-up Display စသည်တို့အပြင်  Keyless Entry နှင့် Push-start စနစ်လည်းဖြစ်ပါသည်။

Peugeot 508 သည် 1.6L I4 ဓာတ်ဆီအင်ဂျင်၊ 6-Speed Automatic ဖြစ်ပြီး Partial Filter စနစ်ဖြစ်၍ CO2 ထုတ်လုပ်မှုများစွာ လျှော့ချပေးသောကြောင့် လေထုညစ်ညမ်းမှု သက်သာစေမည်ဖြစ်ပါသည်။

2017 Model Peugeot 508 ဆီဒန်ကို အမေရိကန်ဒေါ်လာ ၆၇၉၀၀ ဝန်းကျင်ဖြင့် ရောင်းချပေးနေပြီး သုံးနှစ်၊ သို့မဟုတ် ကီလိုတစ်သိန်း သတ်မှတ်ထားကြောင်း Peugeot Myanmar မှ သိရပါသည်။

Read 1093 times