မြေပြင်အနေအထားကိုလိုက်ပြီး ပြောင်းလဲမောင်းနှင်နိုင်သော Peugeot 5008 SUV


ပြင်သစ်အခြေစိုက် Peugeot 5008 SUV ကားအမျိုးအစားသည် မြေပြင်အနေအထား၊ လမ်းအခြေအနေအလိုက် မောင်းနှင်သည့် စနစ်လေးမျိုးပြောင်းလဲအသုံးပြုနိုင်သည်။

ပုံမှန်လမ်းအခြေအနေတွင် Normal ကို ရွေးချယ်ရမည်ဖြစ်ပြီး ရေခဲနှင့် နှင်းခဲများ ထူထပ်သော လမ်းတွင် Snow ကို ရွေးချယ်ရပါမည်။

ရွှံ့ညွှန်မာျး ထူထပ်နေပါက mud ကို ရွေးချယ်ရမည်ဖြစ်ပြီး သဲဆန်သော လမ်းများတွင်ဆိုလျှင် Sand ကို ရွေးချယ်ရမည်ဖြစ်ပါသည်။

ထိုအရာများကို ပြောင်းလဲမောင်းနှင်နိုင်ရန် Advancd Grip Control ခလုတ်များကို တပ်ဆင်ပေးထားပါသည်။

Peugeot 5008 SUV သည် 1.6 L THP (Turbo High Pressure) အင်ဂျင်ကို အသုံးပြုထားပြီး လောင်စာအဖြစ် အောက်တိန်းကို အသုံးပြုပါသည်။

ထို့အပြင် အော်တိုဂီယာခြောက်ချက်ပြောင်းလဲ အသုံးပြုနိုင်ပြီး အော်တိုနှင့် မန်န ျူရယ် တွဲဖက်အသုံးပြုနိုင်ပါသည်။

ယာဉ်၏ ကိုယ်ထည်သည် Aero dynamic ဒီဇိုင်းဖြစ်သည့်အတွက် လေခွင်းအားကောင်းမွန်ပါသည်။

ရှေ့လေဝင်ပေါက် ကျယ်ဝန်းပြီး ရှဲလ်နှင့် လိုက်ဖက်သော Xenon Head Lamp ရှေ့မီးလုံးကြီးများကို ဆန်းသစ်သော ဒီဇိုင်းနှင့် တပ်ဆင်ထားပြီး LED Daylight မီးလုံးများနှင့် နှင်းခွဲမီးလုံးများလည်း တပ်ဆင်ထားပါသည်။

ကားနောက်ဖုံးသည် အလိုအလျောက်ဖွင့်ပိတ်နိုင်သော စနစ်ဖြစ်ပြီး ယာဉ်နောက်ပိုင်းအချက်ပြမီးမာျးကိုလည်း လှပသော ဒီဇိုင်းမာျးနှင့် တပ်ဆင်ပေးထားပါသည်။

ထိုင်ခုံခုနစ်လုံးပါရှိသော SUV ကားအမျိုးအစားဖြစ်ပါသည်။ အဆင့်မြင့်သားရေထိုင်ခုံများဖြစ်ပြီး ရှေ့ခန်းထိုင်ခုံနှစ်လုံးသည် အပူပေးစနစ်နှင့် နှိပ်နယ်ပေးသော စနစ်များပါရှိသည့်အပြင် စိတ်ကြိုက်အနေအထား ချိန်ညှိပေးနိုင်ပါသည်။

မီတာဒိုင်ခွက် (Digital Cluster) များသည် မတူညီသော ဒီဇိုင်းငါးမျိုး ပြောင်းလဲနိုင်ပါသည်။

Steering Volum Control System ပါရှိသည့်အပြင် ရှစ်လက်မ Touch Screen ပါရှိပြီး Function အမျိုးမျိုးကို လွယ်ကူစွာ အသုံးပြုနိုင်ပါသည်။

စပီကာကိုးလုံးပါသော အဆင့်မြင့်အသံစနစ်နှင့် ဖျော်ဖြေရေး အစီအစဉ်များ ခံစားနိုင်ပါသည်။

Hill Descent Control စနစ်ပါရှိသည့်အတွက် တောင်ကုန်းအတက်အဆင်းများတွင် အလွယ်တကူမောင်းနှင်နိုင်ပါသည်။

အဆင့်မြင့် ဘရိတ်စနစ် Active Brake System၊ ယာဉ်မောင်းသူ မျက်ကွယ်အရပ်များကို အမြဲစောင့်ကြည့် သတိပေးသည့် Blind Spot Monitor သတ်မှတ်အမြန်နှုန်းနှင့် အလိုအလျောက်မောင်းနှင်နိုင်သော Adeptive Cruise Control စနစ်နှင့် ပတ်လည် ကင်မရာမာျး ပါရှိပါသည်။

အသက်ကယ်လေအိတ်ခြောက်လုံးအထိ ပါရှိသည့်အတွက် လုံခြုံစိတ်ချစွာ မောင်းနှင်နိုင်ပါသည်။

၂၀၁၇ မိုဒယ် Peugeot 5008 SUV ၏ ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၇၈၅၀၀ ဝန်းကျင်ဖြစ်ပြီး ဝယ်ယူသူများအနေဖြင့် သုံးနှစ် သို့မဟုတ် ကီလိုမီတာ တစ်သိန်း အာမခံရရှိမည်ဖြစ်ပါသည်။

 

Read 1072 times