ဥရောပ Brand တစ်ခုဖြစ်သော ကျပ်သိန်း ၂၇၀ ကျသင့်သည့် Peugeot ကုမ္ပဏီထုတ် Peugeot 208 ကားအကြောင်း


Peugeot ကားကုမ္ပဏီသည် Peugeot 208 ကို ၂၀၁၂ ခုနှစ် မတ်လတွင် စတင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပါသည်။

ထိုကားသည် Supermini ကားအမျိုးအစားဖြစ်ပြီး စတင်ထုတ်လုပ်ခဲ့သည့် နှစ်တွင် Geneva Motor Show တွင် မိတ်ဆက်ပြသခဲ့ပါသည်။

ကားဒီဇိုင်းကို ပြင်သစ်ကားဒီဇိုင်နာ Pierre Authier နှင့်အတူ Sylvain Henry တို့က ရေးဆွဲခဲ့ခြင်းဖြစ်ပါသည်။

၂၀၁၅ ခုနှစ်တွင် လမ်းကြမ်းမောင်းကားပြိုင်ပွဲကျင်းပပြုလုပ်ခဲ့သည့် FIA World Rallycross Championship ပြိုင်ပွဲကို Peugeot 208 နှင့် ဝင်ရောက်ယှဉ်ပြိုင်ခဲရာတွင်Team Peugeot-Hansen ဆိုသောဆုကို ရရှိသကဲ့သို့ ယခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သော

FIA European Rallycross Championship ပြိုင်ပွဲတွင်လည်း Runner-up ဆု ရရှိခဲ့ပါသည်။

Peugeot 208 ကို အင်ဂျင်ပါဝါ ၁၀၀၀ စီစီ၊ ၁၂၀၀ စီစီ၊ ၁၄၀၀ စီစီ၊ ၁၆၀၀ စီစီ များနှင့် ထုတ်လုပ်ထားပြီး ၁၄၀၀ စီစီနှင့် ၁၆၀၀ စီစီတို့ကို ဒီဇယ်အင်ဂျင်ဖြင့် ထုတ်လုပ်ထားပါသည်။

၁၂၀၀ စီစီ ဓာတ်ဆီအင်ဂျင်မှာ Auto ဂီယာ ငါးချက်နှင့် ထုတ်လုပ်ထားသကဲ့သို့ Sport Type အတွက်လည်း Manual ဂီယာ ငါးချက်ဖြင့် ထုတ်လုပ်ထားခြင်းရှိပါသည်။

Peugeot 208 ကို ငါးယောက်စီး၊ တံခါး ငါးချပ်နှင့် ထုတ်လုပ်ထားသကဲ့သို့ ငါးယောက်စီး၊ တံခါးသုံးချပ်နှင့်လည်း ထုတ်လုပ်ထားပါသည်။

၂၀၁၅ မိုဒယ်တွင် ဂရိတ်ခွဲအနေဖြင့် Allure၊ Premium၊ Cielo၊ Style၊ Allure Premium Package စသော ဂရိတ်ခွဲများရှိပြီး Allure Premium Package က ဂရိတ်အမြင့်ဆုံးဖြစ်၍ Sunroof ပါသကဲ့သို့ ထိုင်ခုံ နှစ်ရောင်စပ် ဖြစ်သွားပါသည်။

Style ဂရိတ်မှာ ဂရိတ်အနိမ့်ဖြစ်သည့်အတွက် Manual Aircon ဖြစ်သွားပါသည်။

ကျန်ဂရိတ်များမှာ Digital Aircon ပါသွားပြီး Cruise Control၊ ရှေ့နှင်းခွဲမီး၊ Original Alloy ၁၆ လက်မ စသည်တို့ ပါဝင်ပါသည်။

Allure ဂရိတ်တစ်မျိုးတည်းတွင်သာ တံခါးသုံးချပ်နှင့်လာပြီး ကျပ်ဂရိတ်အားလုံးတွင် တံခါးငါးချပ်နှင့် ထုတ်လုပ်ထားပါသည်။

Peugeot 208 (၁၂၀၀စီစီ) ကို နယ်လိုင်စင်နှင့် မှာယူတင်သွင်းမည်ဆိုလျှင် ကျပ်သိန်း ၂၇၀ ဝန်းကျင်ကျသင့်မည်ဖြစ်ပြီး ရန်ကုန်လိုင်စင်ရရှိဖို့ရန်အတွက် စလစ်ကပ်တင်သွင်းမည်ဆိုပါက စလစ်စျေးကို ထပ်ပေါင်းတွက်ချက်ရမည်ဖြစ်ပါသည်။

 

Read 1409 times