PEUGEOT 208


မြန်မာပြည်၏ အင်ဂျင်ပါဝါ ၁၃၀၀ စီစီကားဈေးကွက်များထဲတွင် Peugeot 208  ကိုလည်း ရွေးချယ်လို့ရနိုင်ပါသည်။

ယင်းကားသည် ဘယ်မောင်းအမျိုးအစားဖြစ်ပြီး ၂၀၁၅ မိုဒယ်ကို ဖရီးပါမစ်နှင့် တင်သွင်းလို့ရသည့်အတွက် ဈေးနှုန်းမှာလည်းကျပ်သိန်း ၂၅၀ ဝန်းကျင်သာ ကျသင့်မည်ဖြစ်ကြောင်းသိရသည်။

Peugeot ကုမ္ပဏီသည် PEUGEOT 208 ကို ၂၀၁၂ ခုနှစ် မတ်လမှစတင်ထုတ်လုပ်ခဲ့သည်။

ယင်းကားသည် Supermini ကားအမျိုးအစားဖြစ်ပြီး စတင်ထုတ်လုပ်သည့်နှစ်တွင် Geneva Motor Show တွင်မိတ်ဆက်ပြသခဲ့ပါသည်။

ကားဒီဇိုင်းကို ပြင်သစ်ဒီဇိုင်နာ Pierre Authier နှင့် Sylvain Henry တို့မှရေးဆွဲခဲ့ခြင်းဖြစ်သည်။

ယင်းကားကို အင်ဂျင်ပါဝါ ၁၀၀၀ စီစီ၊ ၁၂၀၀ စီစီ၊ ၁၄၀၀ စီစီ၊ ၁၆၀၀ စီစီတို့နှင့် ထုတ်လုပ်ထားပြီး ဒီဇယ်အင်ဂျင်အနေဖြင့် ၁၄၀၀ စီစီနှင့် ၁၆၀၀ စီစီတို့ကို ထုတ်လုပ်ခဲ့ပါသည်။

၁၂၀၀ စီစီ ဓာတ်ဆီအင်ဂျင်မှာ Auto Gear  ငါးချက်နှင့် ထုတ်လုပ်ထားသကဲ့သို့ Sport Type အနေဖြင့် Mnual Gear ငါးချက်နှင့် ထုတ်လုပ်ထားပါသည်။

ယင်းကားအမျိုးအစားသည် ငါးယောက်စီး ၊ တံခါးငါးချပ်နှင့် ထုတ်လုပ်ထားသကဲ့သို့ ငါးယောက်စီး တံခါးသုံးချပ်နှင့်လည်း ထုတ်လုပ်ထားပါသည်။

၂၀၁၅ မိုဒယ်မှာ ဂရိတ်ခွဲအနေဖြင့် Allure, Premium,Cielo,Style,Allure Premium Package စသောဂရိတ်ခွဲများရှိပြီး Allure Premium Package မှာဂရိတ်အမြင့်ဆုံးဖြစ်သောကြောင့် Sunroof ပါသွားသကဲ့သို့ ထိုင်ခုံနှစ်ရောင်စပ်ဖြစ်သွားပါသည်။

Style ဂရိတ်မှာ ဂရိတ်အနိမ့်အမြင့်ဖြစ်သောကြောင့် Manual Aircon ဖြစ်သွားပြီး ကျန်ဂရိတ်များမှာ Digital Aircon ဖြစ်ပြီး Cruise Control၊ ရှေ့နှင်းခွဲမီး၊ Orginal Alloy ၁၆ လက်မစသည်တို့ပါဝင်ပါသည်။

Allure Grade တမျိုးတည်းတွင်သာ တံခါးသုံးချပ်ဖြင့် လာပြီး ကျန်ဂရိတ်များအားလုံးမှာ တံခါးငါးချပ်နှင့် ထုတ်လုပ်ထားပါသည်။

Read 2284 times