ကျပ်သိန်း ၄၀၀ ဝန်းကျင်ဖြင့် ရွေးချယ်သင့်သည့် Peugeot 2008


ဘယ်မောင်းကားတွေထဲမှာ SUV အမျိုးအစားဖြစ်ပြီး ဆီစားလည်းသက်သာတဲ့ Peugeot 2008 က ရွေးချယ်လို့ သင့်တော်တဲ့ ကားအမျိုးအစားဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာလည်း Peugeot Brand New Showroom ဖွင့်လှစ်ထားတဲ့အတွက် ထိန်းသိမ်းပြုပြင်မှုအပိုင်းနဲ့ အပိုပစ္စည်းမှာယူတဲ့အပိုင်းတွေမှာလည်း အဆင်ပြေစေမှာပါ။ မိသားစုပိုင် စီးပွားရေးလုပ်ငန်းအဖြစ် ကော်ဖီစက်ရုံ ၊ စက်ဘီးစက်ရုံတွေကနေတဆင့် ကားထုတ်လုပ်တဲ့လုပ်ငန်းကို စတင်ခဲ့တဲ့ Peugeot ကုမ္ပဏီဟာ မော်တော်ယာဉ်တွေကို ၁၈၈၂ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပါတယ်။ Peugeot ကုမ္ပဏီရဲ့ Trademark က ခြင်္သေ့အရုပ်ကို ယူူထားတာဖြစ်တဲ့အတွက် မော်တော်ကားတွေရဲ့ Logo မှာလည်း ခြင်္သေ့ရုပ်လေး ပါရှိပါတယ်။ Peugeot ကထုတ်လုပ်တဲ့ Subcompact Crossover SUV ကားအမျိုးအစားဖြစ်တဲ့ Peugeot 2008 ကိုတော့ ၂၀၁၃ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့တာပါ။ ဒီကားက Peugeot 2007 SW ကားရဲ့နေရာမှာ အစားထိုးထုတ်လုပ်ခဲ့တာဖြစ်ပြီး PF 1 Platform ကို အခြေခံပြီးထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

အင်ဂျင်အမျိုးအစား

Peugeot 2008 ကို အင်ဂျင်ပါဝါ ၁၂၀၀ စီစီနဲ့ထုတ်လုပ်ထားပြီး Inline 3 Cylinder DOHC အင်ဂျင်အမျိုးအစား ဖြစ်ပါတယ်။ ၂၀၁၅ မိုဒယ်အထိကို Auto ဂီယာ ငါးချက်နဲ့ထုတ်လုပ်ထားပြီး ၂၀၁၆ မိုဒယ်မှာတော့ Auto ဂီယာ ခြောက်ချက်နဲ့ထုတ်လုပ်ခဲ့ပါတယ်။

ဈေးနှုန်း

၂၀၁၅ မိုဒယ် Peugeot 2008 ကို နယ်လိုင်စင်နံပါတ်ထွက်ပြီးသား ဝယ်ယူမယ်ဆိုရင် ကျပ်သိန်း ၃၅၀ ဝန်းကျင် ၊ ရန်ကုန်လိုင်စင်နဲ့ ဝယ်ယူမယ်ဆိုရင် ကျပ်သိန်းလေးရာအထက်မှာ ရှိပါတယ်။

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်

Peugeot 2008 မှာ Premium ၊ Cielo ၊ Crosscity Leather Edition စတဲ့ ဂရိတ်ခွဲတွေရှပြီး ဂရိတ်အားလုံးက Push-Start ၊ Aircon Auto ၊ Cruise Control ၊ Leather Steering စတာတွေပါရှိပါတယ်။ SUV အမျိုးအစားဖြစ်တဲ့အတွက် အောက်ပိုင်းမြင့်ပြီး အလွိုင်းဆိုက် ၁၆ လက်မ ဖြစ်သွားပါတယ်။ ရှေ့/နောက်နှင်းခွဲမီးနဲ့ နောက်စပွိုင်လာပါရှိပြီး တချို့ကားတွေမှာ ခေါင်းတန်းလည်းပါရှိပါတယ်။ Leather Edition ကတော့ ဂရိတ်အမြင့်ဖြစ်ပြီး ထိုင်ခုံအနက်ရောင်ဖြစ်သွားပါတယ်။ Original TV ၊ Back Camera နဲ့ GPS စနစ်တွေကတော့ Option အပေါ်မှုတည်ပြီး ကွာခြားသွားပါတယ်။

 

Credit;Automobile Journal

Read 1126 times