ဒီဇယ်အင်ဂျင်နဲ့ ဓာတ်ဆီအင်ဂျင်တို့ရဲ့ အဓိကကွာခြားမှုများ


4 Stroke ဒီဇယ်အင်ဂျင်ရဲ့ အလုပ်လုပ်ပုံကိုကြည့်မယ်ဆိုရင်တော့ ပထမ Intake Stroke မှာ Piston က BDC ကို ဆင်းလာပြီး ပြင်ပလေကိုစုပ်ယူပါတယ်။

ဒုတိယ Compression Stroke မှာ စုပ်ယူခဲ့တဲ့လေထုကို Piston က TDC ကိုတွန်းတင်ပြီးဖိကျစ်ပါတယ်။ ဖိကျစ်တဲ့အခါမှာလည်း လေထုကို 210°c ထက် များစွာကျော်လွန်အောင် ဖိကျစ်ရပါတယ်။ အဲ့ဒီအချိန်မှာပဲ Combustion Chamber ထဲကို တိုက်ရိုက်တပ်ဆင်ထားတဲ့ Fuel Injector က ဒီဇယ်ဆီတွေကို မီးလောင်ကျွမ်းမှု လွယ်ကူအောင် အမှုန်အမွှားလေးတွေအဖြစ် အားပြင်းစွာနဲ့ ဖြန်း ပတ်ပေးပါတယ်။

Combustion Chamber အတွင်းမှာ ရှိနှင့်နေတဲ့ လေထုရဲ့အပူချိန်က ဒီဇယ်ဆီရဲ့ Auto Ignition အပူချိန်ဖြစ်တဲ့ 210°c ဝန်းကျင်ထက်ကျော်လွန် များပြားစွာ ရောက်ရှိနေတာကြောင့် Injector က ဖြန်းပြီး တာနဲ့ချက်ချင်းပဲပေါက်ကွဲမီးလောင်သွားပါတယ်။ တတိယ Power Stroke ခေါ် Expansion Stroke မှာတော့ Piston က ပါဝါရလာပြီး BDC ကိုဆင်းလာပါတယ်။ စတုတ္ထ Exhaust Stroke မှာတော့ လောင်ကျွမ်းပြီးသား Gas ငွေ့တွေကို Exhaust Valve မှတဆင့်စွန့်ထုတ်လိုက် တယ်။

အဲ့ဒါကြောင့် ဒီဇယ်အင်ဂျင်ကို သေချာလေ့လာ ကြည့်ရင် လောင်စာဆီပေးပြီး မီးကူးစေတာကြောင့် Fuel Ignition အင်ဂျင်လို့လည်း သက်မှတ်နိုင်ပါတယ်။ အချို့ ဒီဇယ်အင်ဂျင်တွေမှာ Glow Plug ခေါ် ပလပ်တစ်ခု တပ်ဆင်ထားလေ့ ရှိပါတယ်။ Ignition Plug ခေါ် မီးကူးပေး တဲ့ပလပ်မဟုတ်ပါဘူး။ Glow Plug ဟာ Combustion Chamber အပေါ်မှာ တပ်ဆင်ထားတဲ့အပူပေးတဲ့ ပလပ် တစ်မျိုးပဲဖြစ်ပါတယ်။ အလွန်အေးတဲ့ရာသီတွေမှာ အင်ဂျင် နှိုးရလွယ်ကူအောင် တပ်ဆင်ထားတာပါ။

Glow Plug က မီးလောင်ခန်းကို အပူပေးလိုက်တဲ့အတွက် အတွင်းက လေထုများလည်း အချိန်ခဏလေး အတွင်းမှာပူလာပြီး Ignition ဖြစ်စေနိုင်တဲ့ အပူချိန်ကိုချက်ချင်းရောက်စေ တာကြောင့် အင်ဂျင် အလွယ်တကူနိုးရခြင်းဖြစ်တယ်။

ဓာတ်ဆီအင်ဂျင်ရဲ့အလုပ်လုပ်ပုံကတော့ 
ပထမ Intake Stroke မှာ Piston က ဆီလေရောကို တစ်ခါတည်းဆွဲစုပ်ပြီး BDC ကို ဆင်းသွားပါတယ်။ Piston က TDC ရောက်ပြီး အောက်ကိုစဆင်းတာနဲ့ Intake Port က Fuel Injector က တစ်ခါတည်း ပက်ဖြန်းပေးမှာပါ။ ဒါမှမဟုတ် Direct Injection စနစ်ဆိုရင်လည်း ထို့အတူပါပဲ။ ကာဗျူရေတာ စနစ်မှာတော့ ကာဗျူရေတာထဲက ဆီကိုလေနဲ့ တစ်ခါတည်းရောပြီး Cylinder ထဲကို စုပ်သွင်းသွားပါတယ်။


ဒုတိယ Compression Stroke မှာတော့ ခုဏက စုပ်သွင်းယူသွားတဲ့လေ ဆီရောကို Piston က TDC သို့ တွန်းတင်ဖိကျစ်လိုက်ပါတယ်။ တတိယ Power Stroke မှာတော့ Piston က TDC ကိုရောက်တာနဲ့ Combustion Chamber အတွင်းမှာ တပ်ဆင်ထားတဲ့ Spark Plug က မီးပွင့်ပေးပြီး ဖိကျစ်လာတဲ့ လေဆီရောကိုပေါက်ကွဲလောင်ကျွမ်း စေလိုက်တာကြောင့် Piston က ပါဝါရရှိပြီး BDC ကို ဆင်းလာပါတယ်။


စတုတ္ထ Exhaust Stroke မှာတော့ လောင်ကျွမ်းပြီးသား Gas တွေကို Piston က TDC သို့ ပြန်တွန်းတင်ပြီး Exhaust Valve ကတဆင့် စွန့်ထုတ် လိုက်ပါတယ်။ အဲ့ဒါကြောင့် ဓာတ်ဆီအင်ဂျင်မှာ ဆီလေရောကို တစ်ခါတည်း စုပ်သွင်း ပြန်တွန်းတင်ဖိကျစ်ပြီး Spark Plug က မီးလောင်ပေါက်ကွဲစေပါတယ်။ ဒီဇယ်အင်ဂျင်မှာတော့ လေသန့်တစ်ခုတည်း ကိုပဲစုပ်သွင်းဖိကျစ်ပြီး Fuel Injector က ဖြန်းပတ် ပေါက်ကွဲလောင်ကျွမ်းစေပါတယ်။ ဓာတ်ဆီအင်ဂျင်မှာ ဆီလေရောကို တစ်ခါတည်း အသုံးပြုနိုင်ခြင်းက ဓာတ်ဆီရဲ့ အငွေ့ပျံနိုင်မှုအား လေနဲ့ ရောသမနိုင်မှုအားတွေ ကောင်းမွန်လို့ပဲဖြစ်ပါတယ်။ ဓာတ်ဆီမှာ Flash Point ခေါ် မီးလောင်ကျွမ်းနိုင်တဲ့အငွေ့တွေ ထုတ်လုပ်ပေးနိုင်တဲ့ အနိမ့်ဆုံးအပူချိန်မှာ -43°c အထိ ရှိတာကြောင့်လည်း ရေတွေခဲနေတဲ့ အချိန်မှာတောင် အင်ဂျင်ကိုအလွယ်တကူ နှိုးနိုင်စေပါတယ်။

ဒါပေမယ့် ဓာတ်ဆီမှာ Auto Ignition Temperature ခေါ် အလိုအလျှောက်မီးလောင်ကျွမ်းနိုင်တဲ့ အပူချိန်တွေ အလွန်ပဲမြင့် မားကြပါတယ်။ 92 RON မှာ 260°c အထိ ရှိပြီး 98 RON မှာ 460°c အထိ ရှိကြပါတယ်။ Calorific Value ခေါ် လောင်ကျွမ်းနိုင်တဲ့ တန်ဖိုးတွေ အနေနဲ့ အတူတူနီးပါး ရှိကြပါတယ်။ ဒီဇယ်က Calorific Value ပျမ်းမျှ 45.5 MJ/Kg ရှိပြီး ဓာတ်ဆီကတော့ 45.8 MJ/Kg အသီးသီးရှိ ကြပါတယ်။ ဒါပေမယ့် ဒီဇယ်က Oil ပါဝင်မှုများပြီး သိပ်သည်းဆလည်း များတာကြောင့် ထုထည်နဲ့တွက်ရင် ဒီဇယ်က လောင်ကျွမ်းမှုစွမ်းအင်တန်ဖိုး ပိုများပါတယ်။ ဒီဇယ် တစ်လီတာမှာ 36.9 MJ အထိ လောင်ကျွမ်းနိုင်ပြီး ဓာတ်ဆီတစ်လီတာမှာတော့ 33.7 MJ အထိသာ လောင်ကျွမ်းနိုင်ပါတယ်။

ဓာတ်ဆီအင်ဂျင်ကို ဒီဇယ်အင်ဂျင်လို Compression အားနဲ့ပဲ မီးလောင်ပေါက်ကွဲအောင် တည်ဆောက်မှုတွေ မပြုကြတာက အထက်ကဖော်ပြခဲ့တဲ့ အတိုင်း Calorific Value နည်းပါးတာရယ် Auto Ignition Temperature မြင့်တာရယ်ကြောင့်လည်း ပါပါတယ်။ ဒီဇယ်အင်ဂျင်ကို ဓာတ်ဆီအင်ဂျင်လို ဆီလေရောနဲ့ တစ်ခါတည်း စုပ်သွင်းဖိကျစ်ယူပြီး ပေါက်ကွဲစေတဲ့ပုံစံနဲ့တည်ဆောက်မှုတွေ မပြုလုပ်ကြတာကတော့ ဒီဇယ်ဆီက Oil ပါဝင်မှုများပြီး လေနဲ့ကောင်းမွန်စွာရောသမ နိုင်စွမ်းမရှိတာကြောင့်ပဲ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် ပြန်ပြီးအကျဉ်းချုပ်ရရင် ဒီဇယ်အင်ဂျင်က Compression ကိုပဲ အားကိုးကာ လေကိုဖိကျစ်အလွန်တရာ ပူလာစေပြီး Fuel Ignition နဲ့ မီးပေါက်ကွဲစေတာ ကြောင့် Compression Ratio မြင့်ပါတယ်။ Fuel Injector ကို မီးလောင်ခန်းထဲထိ တိုက်ရိုက်တပ်ဆင်ထားပြီး Direct Injection စနစ်ကို အသုံးပြုပါတယ်။ Spark Plug မပါပဲ Glow Plug ခေါ် မီးလောင်ခန်းကိုအပူပေးတဲ့ ပလပ်ပဲပါပါတယ်။

ဓာတ်ဆီအင်ဂျင်ကတော့ Spark Plug ကို အသုံးပြုပြီး မီးပေါက်ကွဲစေတာကြောင့် ဖိကျစ် အား သိပ်မလိုပဲ Compression Ratio နိမ့်ပါတယ်။ Port Injection သို့မဟုတ် Direct Injection သ့ိုမဟုတ် Carburetor စနစ်ကိုလည်း အသုံးပြုကြပါတယ်။

Read 5528 times