မလေးရှား ထိပ်တန်းကားအမှတ်တံဆိပ် ပဲရိုဒူဝါ ရောင်းအား မြင့်တက်


မလေးရှား ထိပ်တန်းကားအမှတ်တံဆိပ် ပဲရိုဒူဝါ ရောင်းအား မြင့်တက်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

မလေးရှား ထိပ်တန်းကားအမှတ်တံဆိပ် Perodua သည် ၂၀၂၃ ခုနှစ် တတိယသုံးလပတ်အတွက် ရောင်းအား ၂၈.၃% သိသိသာသာ တိုးလာကြောင်း အစီရင်ခံစာ ထုတ်ပြန်ပါသည်။
ကားအစီးရေ ၈၈,၅၃၇ စီး ရောင်းချခဲ့သည်။ ယမန်နှစ် ၂၀၂၂ တတိယသုံးလပတ်တွင် ကား အစီးရေ ၆၉,၀၁၁ စီး ရောင်းချခဲ့သည်ထက် ၂၈.၃% ပိုများပါသည်။ 

ယခုလို ရောင်းအားမြင့်တက်ခဲ့သည်မှာ လစဉ်ထုတ်လုပ်သည့် ကားစီးရေ တိုးမြှင့်ပေးနိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။ လစဉ် အစီးရေ ၃ သောင်းကျော် ထုတ်လုပ်နိုင်ခဲ့သည်။ 

ယခုနှစ် ပထမ ၉လတာတွင် ပဲရိုဒူဝါသည်  ၂၄၅,၃၄၁ စီး ထုတ်လုပ်ခဲ့သည်။ ယမန်နှစ် ပထမ ၉ လတွင် ၂၀၆,၈၃၇ စီး ထုတ်လုပ်ခဲ့သည်။ 
ယခုနှစ် စက်တင်ဘာလတွင် ၃၁,၄၄၇ စီး ထုတ်လုပ်နိုင်ခဲ့သည်။

ပဲရိုဒူဝါ ရောင်းအားမှာ ယခုနှစ် ပထမ ၉ လတာတွင် ၂၃၃,၂၂၇ စီး ရောင်းချခဲ့သည်။ ယမန်နှစ် အလားတူကာလတွင် ၁၉၆,၃၅၄ စီး ရောင်းချခဲ့သည်။ 
ယခုနှစ် စက်တင်ဘာလတွင် ၂၈,၉၉၅ စီး ရောင်းချခဲ့သည်။ 

ပဲရိုဒူဝါ၏ ကားမော်ဒယ်များတွင် ရောင်းအကောင်းဆုံး မော်ဒယ်မှာ Perodua Bezza ဖြစ်ပါသည်။ 
ဒုတိယ ရောင်းအကောင်းဆုံးမော်ဒယ်မှာ Perodua Axia ဖြစ်ပါသည်။ 
 Perodua Myvi သည် တတိယ ရောင်းအကောင်းဆုံး မော်ဒယ် ဖြစ်ပါသည်။ 


Perodua  သည် ယခုနှစ်တွင် ကားအစီးရေ ၃၁၄,၀၀၀ စီး ရောင်းချရန် ရည်မှန်းထားပါသည်။ 

Source thesundaily

 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 1237 times