ယခုနှစ်မကုန်မီ ညာမောင်းကားများကို ဝယ်ယူမှုပါမစ် လျှောက်ထားမှု များလာသောကြောင့် စလစ်စျေး ကျပ်သိန်း၁၂၀ ကျော်အထိ မြင့်တတ်လာခြင်း(Zawgyi- Unicode)
ယခုနှစ်မကုန်မီ ညာမောင်းကားများကို ဝယ်ယူခွင့်ပါမစ် လျှောက်ထားမှုများလာသောကြောင့် စလစ်စျေး ကျပ်သိန်း၁၂၀ကျော်အထိ မြင့်တတ်သွားကြောင်း ကားတင်သွင်းသူထံမှသိရသည်။
လာမည့်နှစ်အတွက် ကားတင်သွင်းခွင့်ဆိုင်ရာ မိုဒယ်သတ်မှတ်ချက်များရေးဆွဲရာတွင် ဘယ်မောင်းကားများတင်သွင်းရန် ဦးစားပေးရေးဆွဲထားသောကြောင့် နှစ်မကုန်မီ ညာမောင်းကားများတင်သွင်းရန်အတွက်
ပါမစ်လျှောက်ထားမှုများပြားလာသဖြင့် စလစ်စျေးများ တဖြည်းဖြည်းမြင့်တတ်သွားခဲ့သည်။
၁၉၉၅မိုဒယ်နှင့် အောက် YBS ဘတ်စ်များ အစီး ၃၁၀၀ကျော် အပ်နှံပြီး လူစီးစလစ်ထုတ်ယူထားသော်လည်း အပ်နှံခဲ့သည့် အရေအတွက်အတိုင်း စျေးကွက်အတွင်းဝင်ရောက်မလာခြင်းနှင့် နှစ်နှစ်ဆယ်အပ်ကားရှားပါလာခြင်းတို့ကြောင့်
စလစ်စျေးကြောင့် ကျပ်သိန်း၁၂၀ အထိ ရောက်ရှိသွားခဲ့သည်။
လာမည့်နှစ်တွင် ဘယ်မောင်းကားများကိုသာ အဓိကထားပြီး တင်သွင်းခွင့်ပေးရန်ရှိနေခြင်းကြောင့် ယခုနှစ်မကုန်ခင် ညာမောင်းကားများကို ပါမစ်ကြိုလျှောက်ထားမှု များပြားလာခြင်းဖြစ်ပါသည်။
ထို့ကြောင့် အပ်ကားများလည်း ရှားနေချိန်တွင် ဝယ်လိုအားများခြင်းကြောင့် စလစ်စျေးများ တဖြည်းဖြည်းမြင့်တတ် လာခြင်းဖြစ်သည်။
လာမည့်နှစ်တွင် ညာမောင်းကားများ တင်သွင်းရန်မလွယ်ကူသည့်အတွက် ဂျပန်ညာမောင်းကားဝယ်ယူမည်ဆိုလျှင် ယခုအချိန်တွင်ဝယ်ယူသင့်ကြောင်း သိရပါသည်။
အပ်ကားရှားပါးခြင်းနှင့် ဝယ်လိုအားများနေခြင်းကြောင့် သက်တမ်းနှစ်နှစ်ဆယ် စလစ်သည် ကျပ်သိန်း၁၂၀ ဝန်းကျင်အထိ မြင့်တက်သွားခဲ့သလို စက်မှုဇုန်စလစ်သည် ကျပ်၁၁၉သိန်းဝန်းကျင်၊ တက္ကစီစလစ်သည်
ကျပ်၁၁၆သိန်း ဝန်းကျင်နှင့် တိုက်ကြေစလစ်သည် ကျပ် ၁၀၉သိန်းဝန်းကျင် ပေါက်စျေးရှိကြောင်းသိရသည်။