စက်သုံးဆီတင်သွင်းမှုအတွက် တရုတ်ယွမ်ဖြင့် အကြွေးပေးဆပ်ရန် ခွင့်ပြုခြင်းကိစ္စ


စက်သုံးဆီတင်သွင်းမှုအတွက် တရုတ်ယွမ်ဖြင့် အကြွေးပေးဆပ်ရန် ခွင့်ပြုခြင်းကိစ္စ

TO GET INSTANT UPDATE 
Join Telegram Channel 
https://t.me/Guid4U

 

စက်သုံးဆီတင်သွင်းမှုအတွက် တရုတ်ယွမ်ဖြင့် ဆောင်ရွက်ခွင့်ပြုခြင်းကိစ္စနှင့် စပ်လျဉ်း၍  မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ညွှန်ကြားချက် ထုတ်ပြန်ထားသည်ကို ဖော်ပြအပ်ပါသည်။ 


စာအမှတ်၊ အက်ဖ်အီး ၇၃( ၂၃ /၂၀၂၂) ရက်စွဲ၊ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်

အကြောင်းအရာ  စက်သုံးဆီတင်သွင်းမှုအတွက် တရုတ်ယွမ်ဖြင့် ဆောင်ရွက်ခွင့်ပြုခြင်းကိစ္စ

ရည် ညွှန်းချက် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ၏ (၅၃/၂၀၂၂) အစည်းအဝေးဆုံးဖြတ်ချက်

စက်သုံးဆီတင်သွင်းသည့်ကုမ္ပဏီများမှ Trade Financing ရယူထားသည့် နိုင်ငံခြားငွေ အတွက် ပြန်လည်ပေးဆပ်ရန်ကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီအစည်း အဝေးအမှတ်စဉ် (၅၃/၂၀၂၂ဆွေးနွေးဆုံးဖြတ်ချက်အရ စက်သုံးဆီကုမ္ပဏီများမှ ရယူထားပြီး ဖြစ်သည့် SWAP Facility ပမာဏအချို့အား ယွမ်ဖြင့် ပေးချေခွင့်ပြုခြင်းနှင့် နောင်စက်သုံးဆီဖိုး ပေးချေမှုများအတွက် ယွမ်ဖြင့် ပေးချေခွင့်ပြုသည်

USD Trade Financing ဖြင့် SWAP ရယူထားသည့် ကိစ္စရပ်များအတွက် နိုင်ငံခြားသုံးငွေ များ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရဘဏ်များအနေဖြင့် ကင်းလွတ်ခွင့်ပြုသည့် ကုမ္ပဏီအဖွဲ့အစည်းလူပုဂ္ဂိုလ်များမှ ပြည်ပမှနိုင်ငံခြားသုံးငွေဖြင့်ရရှိငွေ Worker Remittance မှ ဝင်ရောက်ငွေနှင့် ပို့ကုန်ရငွေ၏ ၃၅ ရာခိုင်နှုန်းတို့မှ ဝယ်ယူထားသည့် အမေရိကန်ဒေါ်လာများ အား အလီလီရောင်းချခြင်းတို့ကို ဆောင်ရွက်ပေးပြီး၊ SWAP ပြန်လည်ပေးဆပ်စေရန်နှင့် ပေးဆပ်မှ ပမာဏများပေါ်မူတည်၍ Trade Financing ရယူရေး စီစဉ်ဆောင်ရွက်ပေးရန် ဖြစ်သည်။

To join Telegram Channel  https://t.me/Guid4

Read 506 times