ကားလောင်စာဆီချွေတာနည်း


ကားလောင်စာဆီဈေးနှုန်းများအနေဖြင့်နောင်တွင်လည်းကျဆင်းလာနိုင်မှုမရှိဘဲတစ်နှစ်ထက်တစ်နှစ်ပိုမိုတိုးမြှင့်သွားလိမ့်မည်ဖြစ်သည်။

မိမိကားအတွက်ဆီသုံးစွဲမှုအပိုင်းတွင်အကျိုးရှိရှိအသုံးချပြီး မိမိအသုံးစရိတ်သက်သာစေမည့် နည်းလမ်းများကို ဖော်ပြပေးထားပါသည်။

(၁) ဝန်ပေါ့ပေါ့ပါးပါးတင်ခြင်း

ကားတစ်စီးသည်ဝန်များများသယ်ဆောင်ရလေဆီလောင်ကျွမ်းသုံးစွဲမှုပိုမိုလေဖြစ်သောကြောင့်သင့်ကားအတွင်းမှမလိုအပ်သောပစ္စည်းများကိုဖယ်ရှားထားရပါ။

(၂) ကားစတီယာရင်ကိုတည်ငြိမ်အောင်ထားခြင်း

ကားကိုပုံမှန်လမ်းကြောင်းအတိုင်းတည့်တည့်မောင်းနေမှုထက်ကားစတီယာရင်ကိုကွေ့ဝိုက်မောင်းနှင်နေရမှု သည်ဆီသုံးစွဲမှုပိုမိုသောကြောင့် မလိုအပ်ပဲစတီယာရင်ကိုလှည့်ပတ်မောင်းနှင်မှုကို ရှောင်ကြည်ပါ။

(၃) ပုံမှန်သွားနေကျလမ်းကြောင်း

မိမိနေ့စဉ်ပုံမှန်သွားလာမောင်းနှင်နေကြလမ်းတစ်ခုတွင်မည်သည့်နေရာတွင်ရပ်ရမည်။အရှိန်တင်ရမည်၊အချိန် မည်မျှကုန်သည်စသည်တို့ကိုသိရှိနေပြီးဖြစ်သဖြင့်လိုအပ်သည့်နေရာကိုလိုက်၍ပုံမှန်အတိုင်းအရှိန်ထိန်းသိမ်း၊ မြှင့်တင်မောင်းနှင်နိုင်သောကြောင့် ဆီစားသက်သာမည်ဖြစ်သည်။

(၄) ကားအင်ဂျင်သန့်ရှင်းရေး

ကားအင်ဂျင်သန့်ရှင်းရေးပုံမှန်ပြုလုပ်ခြင်းသည်ကားတစ်စီးကိုအမြင့်ဆုံးစွမ်းဆောင်ရည်ဖြစ်အောင်ဆောင်ရွက် ပေးသကဲ့သို့ဆီစားသက်သာမှုတွင်လည်း၄ရာခိုင်နှုန်းမှ၄၀ရာခိုင်နှုန်းအထိသက်သာအောင်ဆောင်ရွက်ပေး သည်။

(၅) လိုအပ်မှ ကားအရှိန်မြှင့်ပါ

ကားအရှိန်ကို သာမန်လမ်းကြောင်းတစ်ခုတွင် မလိုအပ်ပဲမြင့်တင်မောင်းနှင်ခြင်းသည် ဆီသုံးစွဲမှုများလှသည်။

(၆) ကားအဲယားကွန်းကို ဂရုတစိုက်သုံးစွဲပါ

မိမိကျန်းမာရေးနှင့်ရာသီဥတုဆိုးဝါးသောအခြေအနေများမှလွဲ၍အခြားအချိန်များတွင်ကားအရှိန်နှေးနှေးဖြင့်မောင်းနှင်နေရပါကကီလိုမီတာ ၆၀ ထက်မောင်းနှင်၍ရသောအဝေးပြေးလမ်းမများတွင်မှန်ပိတ်အဲကွန်းဖွင့်ပြီး မောင်းနှင်ပါကဆီစားသက်သာမည်။

(၇) ကားတာယာ

ကားတာယာကိုလည်းအရည်အသွေးမြင့်ပြီးစွမ်းဆောင်ရည်အပြည့်အဝပေးနိုင်သောတာယာအမျိုးအစားကိုသာတတ်နိုင်သလောက်ဝယ်ယူသုံးစွဲပါ။

(၈) လေလျော့နေသောကားဘီးများ

ကားဘီးများလေလျော့နေလျှင်ဆီလောင်ကျွမ်းမှုပိုမိုသုံးစွဲရသဖြင့်လေပေါင်ကိုသတ်မှတ်ပေါင်အတိုင်းဖြစ်နေစေ ရန် ပုံမှန်စစ်ဆေးမောင်းနှင်ပါ။

Read 4531 times