Pat Moss Edition Mini စီးရေ ကန့်သတ် ထုတ်လုပ်မည်


Pat Moss Edition Mini စီးရေ ကန့်သတ် ထုတ်လုပ်မည်

 

Mini က ၎င်းရဲ့ Cooper hatch ကို Pat Moss Edition မော်ဒယ်အမည်ဖြင့် အထူးထုတ်အဖြစ် စီးရေကန့်သတ် ထုတ်လုပ်ပါမယ်။
နာမည်ကြီး ပြိုင်ကားမောင်းသမား ဆာဘွဲ့ရ Stirling Moss ရဲ့ ညီမဖြစ်သူ Pat Moss ကို ဂုဏ်ပြုသောအားဖြင့် Pat Moss Edition လို့ အမည်ပေးထားတာ ဖြစ်ပါတယ်။

 


 
Pat Moss က ဘယ်သူလဲ

၁၉၆၂ မေလတွင် Pat Moss နှင့် တွဲဖက်ယာဉ်မောင်း Ann Wisdom တို့ Tulip Rally မှာ  ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။
Tulip Rally ကားပြိုင်ပွဲက ဥရောပတိုက်ကို ဖြတ်သန်းမောင်းနှင်ရတဲ့ ကားပြိုင်ပွဲ ဖြစ်ပါတယ်။ ဒတ်ခ်ျမှာ တာထွက်ပြီး ပြင်သစ်မှာ ပန်းဝင်ပါတယ်။ ခရီးတာ ၂,၅၀၀ ကီလိုမီတာ ကျော်ပါတယ်။ သူတို့က Mini Cooper ဖြင့် ဝင်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

Moss က ကားပြိုင်ပွဲများမှာ တွဲဖက်ယာဉ်မောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ European Ladies’ Rally Champion ၅ ကြိမ်တိုင်တိုင် ဖြစ်ခဲ့ပါတယ်။ အမျိုးသားများသာ အများစု ပါဝင်ကြတဲ့ ပြိုင်ကားလောကမှာ ထူးခြားတဲ့အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။ 

 

 

စီးရေ ၈၀၀ ကန့်သတ်

ယခု ထုတ်လုပ်မယ့် Pat Moss Edition အထူးထုတ်ကို စီးရေ ၈၀၀ မျှသာ ကန့်သတ်ထုတ်လုပ်ပါမယ်။ 
Mini Asia ရဲ့ အဆိုအရ စင်ကာပူနိုင်ငံအတွက် ၅ စီး ခွဲတမ်း ရပါမယ်။ 
Mini Cooper Pat Moss Edition ကို Cooper S hatchback အခြေခံထားပါတယ်။ 2.0-litre four-cylinder turbo အင်ဂျင် တပ်ဆင်ပေးထားတယ်။ ပါဝါ 178hp နှင့် ရုန်းအား 280Nm အထိ ရနိုင်ပါတယ်။ အမိုးက ရောင်‌ပြေး ဖြစ်ပြီး Chili Red မှ  Melting Silver  ထို့နောက် Jet Black အရောင် ဖြစ်ပါတယ်။

 


#MyanmarAutomobileGuide
Telegram Channel https://t.me/Guid4U
Source: carbuyer, mini asia

Read 673 times