Toyota Passo 2014


Toyota မှထုတ်လုပ်သည့်ကားများထဲတွင် Toyota Passo ၏ ၂၀၁၄ မော်ဒယ်များထဲမှဂရိတ်များကွဲလွဲပုံကို ဖော်ပြပေးလိုက်သည်။

Toyota Passo ကို ၂၀၀၄ ဒီဇင်ဘာတွင်စတင်ထုတ်လုပ်ပြီး Hatchback ကိုယ်ထည်အမျိုးအစားကားတစ်စီးဖြစ်ပါသည်။

ထုတ်လုပ်ထားသည့် chassis ID များမှာ KGC10, KGC15,KGC30,KGC35, NGC30,QNC10 ဟူ၍ခြောက်မျိုးထုတ်လုပ်ထားပါသည်။

၂၀၁၄ အတွင်းတွင်ထုတ်လုပ်သည့် Chassis ID များမှာ KGC30, KGC35, NGC30 သုံးမျိုးနဲ့ ထုတ်လုပ်ပါသည်။

အင်ဂျင်အရွယ်အစားများမှာ ၁,၀၀၀ စီစီ နှင့် ၁,၃၀၀ စီစီနှစ်မျိုးထုတ်လုပ်ပါသည်။

ဂီယာအမျိုးအစားများမှာ CVT တစ်မျိုးသာထုတ်လုပ်ပြီး 2WD, 4WD နှစ်မျိုးထုတ်လုပ်ပါသည်။

၂၀၁၄ အတွင်းထုတ်လုပ်ထားသည့်မော်းယ်များမှာ Plus Hana 2014, G 2014 နှင့် X 2014 တို့ဖြစ်ပါသည်။

တခြားဂရိတ်များဖြစ်သည့် ၂၀၁၀ ပုံပြောင်းမျိိုးဆက်တွင်ထုတ်လုပ်ခဲ့သည့် 1.0 Plus Hana, 1.0 Plus Hana C Package, 1.3 Plus Hana,1.3 G,1.0 X,1.0 X L Package တို့ကိုလည်း ၂၀၁၄ အထိဆက်လက်ထုတ်လုပ်ပါသည်။

ယခုဖော်ပြပေးမည့်မော်ဒယ်မှာ ၂၀၁၄ မော်ဒယ်ဖြစ်သောကြောင့် ယင်းမော်ဒယ်အတွက်အဓိကထား ထုတ်လုပ်သည့်ဂရိတ်သုံးမျိုးကိုရွေးချယ်ဖော်ပြပေးလိုက်ပါသည်။

Toyota passo X 2014 တွင်ရှေ့မီးကြီး ၂၀၁၀ ပုံဟောင်း၊ ဟေလိုဂျင်မီးသီး၊ Fog LightOption၊ အလွိုင်းခွေ၊ Door Lock Sensor၊ ရှေ့ရှဲလ်အသေးနှင့်နောက်မှန်ဝိုက်ဘာမပါသည်ကိုတွေ့ရပါသည်။

Toyota Passo G 2014တွင်နောက်မှန်ဝိုက်ဘာ၊ နောက်အင်တာနာ၊ နောက်ကြည့်မှန်အချက်ပြမပါ၊ မီးခွက် ၂၀၁၀ ပုံ၊Fog Light ပါ၀င်ပြီး၊ ရှေ့ရှဲလ် ၂၀၁၄ ပုံပြောင်းရုပ်ဖြစ်သည်ကိုတွေ့ရပါသည်။

Toyota Passo Plus Hana 2014 တွင်ရှေ့ရှဲလ်ပုံပြောင်း၊ရှေ့မီး ကြီး LED,Fog Light ပုံပြောင်း၊အလွိုင်းခွေ ၂၀၁၄ ပုံ၊နောက်ကြည့်မှန်အချက်ပြ နှင့် DoorLock Sensor တို့ပါ၀င်သည်ကိုတွေ့ရပါသည်။

ပြည်တွင်းစျေးကွက်ထဲမှာတော့တိုယိုတာ Passo ကို ၂၀၁၀ မော်ဒယ်အဖြစ်အမြင့်ဆုံးတွေ့ရပြီးစျေးကတော့

ကျပ် ၁၁၅ သိန်းဝန်းကျင်ပေါက်စျေးရှိပါသည်။

၂၀၁၀ မော်ဒယ်အောက်နိမ့်ပြီးဂရိတ်လည်းနိမ့်ပါကကျပ်သိန်း ၁၀၀အောက်ပေါက်စျေးလောက်သာ ရှိကြောင်းသိရသည်။

Read 1678 times