အပ်နှံခွင့်ရသည့်ခရီးသည်တင်ယာဉ်၂၇၃၉ စီးထဲမှထက်ဝက်ကျော်အပ်နှံပြီး လူစီးစလစ်ထုတ်ယူထားပြီးဖြစ်


အို/ဟောင်းအပ်နှံခွင့်ရ ၁၉၉၅ မိုဒယ်အောက် CNG အသုံးပြုခရီးသည်တင်ယာဉ် ၂၇၃၉ စီးထဲမှထက်ဝက်ကျော် အပ်နှံပြီးလူစီးစလစ်ထုတ်ယူထားပြီးဖြစ်ကြောင်းသိရသည်။

၁၉၉၅ မိုဒယ်အောက် CNG အသုံးပြုခရီးသည်တင်ယာဉ်များအို/ဟောင်းအပ်နံှ၍ လူစီးစလစ်ထုတ်ယူရန်အတွက် ၂၇၃၉စီးအပ်နှံခွင့်ပြုထားရာအစီး၁၅၄၀အပ်နှံခဲ့ပြီးဖြစ်ကြောင်းရန်ကုန်တိုင်းဒေသကြီးကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှသိရသည်။

၁၉၉၅ မိုဒယ်အောက်ခရီးသည်တင်ယာဉ်အစီး ၁၅၀၀ ကျော်အပ်နှံခဲ့ပြီးဖြစ်ပါသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့မှအစီး၂၇၀၀ကျော်အပ်နှံခွင့်ပြုပေးထားသည့်အတွက်အစီး၁၂၀၀ကျော်ကျန်နေသေးကြောင်းသိရသည်။

အို/ဟောင်းအပ်နှံ၍ လူစီးစလစ်ထုတ်ယူရန်အတွက်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှစာရင်းပေးပို့ထားသည့် ခရီးသည်တင်ယာဉ် ၃၀၀၉ စီးရှိပြီးထိုထဲမှအို/ဟောင်းအပ်နှံခွင့်အချက်အလက်များနှင့်ကိုက်ညီသည့် ခရီးသည်တင်ယာဉ်၂၇၃၉စီးကိုကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန)မြင်သာမှအို/ဟောင်းအပ်နှံ၍ လူစီးစလစ်ထုတ်ယူရန်အတွက်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အို/ဟောင်းအပ်နှံခွင့်ရ ၁၉၉၅ မိုဒယ်အောက် CNG အသုံးပြုခရီးသည်တင်ယာဉ် ၂၇၃၉ စီးရှိရာ ဒိုင်နာ ၇၆၉ စီး၊ စီးတီးဘတ်စ် ၄၄၇ စီး၊ ဘီအမ် ၂၅၃ စီး၊ မီနီဘတ်စ် ၇၁ စီး အို/ဟောင်းအပ်နှံ၍ လူစီးစလစ်ထုတ်ယူထားပြီး  ဖြစ်ကြောင်းသိရသည်။

YBSစနစ်စတင်ချိန်တွင်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ၁၉၉၅မိုဒယ်အောက်ခရီးသည်တင်ယာဉ်များပြေးဆွဲမှုကိုဧပြီ၁၆ရက်နေ့အထိသာခွင့်ပြုထားသော်လည်းကားသစ်များမှာယူတင်သွင်းရန်အခက်အခဲများဖြစ်ပေါ်နေ၍ နောက်ထပ်သုံးလထပ်တိုးပြေးဆွဲခွင့်ပြုထားကြောင်းသိရသည်။

Read 1063 times