ပါကစ္စတန် မော်တော်ယာဉ်ကဏ္ဍနှင့် ကားဝယ်စီးသူများရဲ့ အရွေ့အပြောင်း


ပါကစ္စတန် မော်တော်ယာဉ်ကဏ္ဍနှင့် ကားဝယ်စီးသူများရဲ့ အရွေ့အပြောင်း


ပါကစ္စတန် မော်တော်ယာဉ်လုပ်ငန်းကဏ္ဍမှာ ကြီးမားတဲ့ တိုးတက်ပြောင်းလဲမှု ရှိလိမ့်မယ်လို့ ကြိုတင်ခန့်မှန်းထားပါတယ်။
 ဒစ်ဂျစ်တယ်ခေတ် ခပ်မြန်မြန် ကူးပြောင်းတဲ့ ရလဒ်အဖြစ် တိုင်းပြည်ရဲ့ ပျမ်းမျှဝင်ငွေ ရရှိတဲ့ အသက်အပိုင်းအခြား အသက်ပိုငယ်သွားတဲ့ အရွေ့အပြောင်း ဖြစ်ပွားနေပါတယ်။ 
 

Master Changan Motor ရဲ့ Sales and Marketing Director ဖြစ်သူ Syed Shabbiruddin က ယခုလို မှတ်ချက်ပြုပါတယ်။

"ပျမ်းမျှအားဖြင့် ပထမဆုံးလစာ ရတဲ့အသက်က ပြီးခဲ့တဲ့ မျိုးဆက်မှာ ၂၇ နှစ် ဖြစ်ခဲ့ပါတယ်။အခုကျတော့ ၂၁ နှစ်ဖြစ်သွားပြီ။ ဒစ်ဂျစ်တယ်ခေတ်ထံမှ ပေါ်ထွက်တဲ့ အခွင့်အလမ်းတွေကြောင့် ဖြစ်ပါတယ်" 

ကုမ္ပဏီက ဝယ်လက်တွေရဲ့ အသက်အပိုင်းအခြားကို ၂၅ နှင့် ၆၄ ကြားမှာလို့ သတ်မှတ်ထားကြောင်း သူက ပြောပြတယ်။ ကားပိုင်ရှင်တွေကြားမှာ Generation Z တွေ  နှစ်တိုင်း အတော်များများ ရောက်လာကြကြောင်း သူက ပြောကြားပါတယ်။

အဲဒီ လူငယ်တွေက အသက်ငယ်ငယ်မှာ အလုပ်စလုပ်ကြတယ်။ များသောအားဖြင့် အသက် ၂၁ နှစ်မှာ အလုပ်စလုပ်ပြီး တိုးတက်သွားတာ မြန်ဆန်ကြောင်း Shabbiruddin  က ပြောကြားပါတယ်။

"ကော်ပိုရိတ် ဝယ်လက် အပိုင်းအကန့်မှာ အမျိုးသမီးဦးရေ သိသိသာသာ တိုးလာတယ်။ အမျိူသမီးတွေက သူတို့ကိုယ်တိုင် မောင်းမယ့် ကိုယ်ပိုင်ကား ဝယ်ကြတဲ့ အချိုးအစား များလာတယ်" ဟု သူက ပြောကြားသည်။

ကားအသစ်နှင့် တစ်ပတ်ရစ် ဝယ်ယူသည့် အချိုးအစားမှာ ပျမ်းမျှအားဖြင့် နှစ်စဉ် ကားဝယ်သူ ၆ ဦးတွင် ၁ ဦးက ကားအသစ်စက်သက်ကို ဝယ်စီးကြောင်း သူက ပြောကြားသည်။

လူချမ်းသာအလွှာသည် ၂၀၂၆ တွင် လူဦးရေ ၂၁ သန်း ရှိလိမ့်မည်။ ၂၀၃၁ တွင် ၂၇ ရှိလိမ့်မည်ဖြစ်ပြီး ၂၀၃၆ တွင် ၂၉ သန်း ရှိလိမ့်မည်ဟု သူက  ခန့်မှန်းထားသည်။ 


 SI Global Solutions ရဲ့ စီအီးအို Noman Said က Express Tribune သတင်းဌာနကို ပြောကြားခဲ့ရာတွင် အွန်လိုင်းအလုပ်အကိုင်များ အရှိန်တက် ကြီးထွားနေတာကြောင့် လူငယ်တွေ ဝင်ငွေကောင်းတဲ့ အလုပ်တွေ ရရှိဖို့ အခွင့်အလမ်းတွေ သိသိသာသာ ပိုကောင်းလာတယ်။ ယခင်မျိုးဆက်ထက် ပိုကောင်းတယ်လို့ သူက ဆိုပါတယ်။ အဲဒီလို ပိုကောင်းတဲ့အတွက် လူငယ်တွေကြားမှာ ကိုယ့်ဝင်ငွေဖြင့် ကားဝယ်စီးသူတွေ ပိုများလာတယ်လို့ သူက ပြောပြပါတယ်။ 
မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်းများ တိုးလာခြင်းနှင်အတူ အစိုးရမှ ထောက်ကူပေးခြင်းတို့ကြောင့် ကားရောင်းအားတက်စေတယ်လို့ သူက သုံးသပ်ပါတယ်။ ထုတ်လုပ်မှုအပိုင်းမှာ စက်မှုကို အားကိုးခြင်းထက် နည်းပညာအခြေပြု ထုတ်လုပ်ခြင်းကို ပြောင်းလဲသုံးစွဲကြတဲ့အတွက် လူငယ်တွေ ကားကို ပိုနှစ်သက်ကြတယ်။ မော်တော်ယာဉ် ထုတ်လုပ်မှုကဏ္ဍမှာလည်း လူငယ်တွေ ဝင်ရောက်လုပ်ကိုင်ကြတယ်လို့ သူက ပြောကြားပါတယ်။


 Union of Small and Medium Enterprises (UNISAME) ရဲ့ ဥက္ကဋ္ဌ Zulfikar Thaver က လူငယ်တွေကို ကားလုပ်ငန်းကဏ္ဍက ဆွဲဆောင်မှု ပေးထားတယ်လို့ ဆိုပါတယ်။
 
"ဒါပေမဲ့လည်း ကားလုပ်ငန်းကဏ္ဍမှာ ပြည်တွင်းထုတ်လုပ်တဲ့ ပစ္စည်းတွေ ပိုမိုသုံးစွဲဖို့ လိုအပ်နေတယ်" လို့ သူက ဆိုပါတယ်။
ပါကစ္စတန်မော်တော်ယာဉ်ကဏ္ဍရဲ့ အနာဂတ် အလားအလာက ကောင်းသော်လည်း အကျဘက်မှာ နှစ်အနည်းငယ် ရှိနေဦးမယ်လို့ သူက သုံးသပ်ပါတယ်။ ဘဏ်ချေးငွေအတိုးနှုန်းထား မြင့်မားခြင်း၊ ကားဝယ်ဖို့အတွက် ချေးငွေ ရရှိနိုင်မှု အကန့်အသတ် ရှိခြင်း၊ အစိုးရ အခွန်မူဝါဒ အပြောင်းအလဲ ရှိခြင်း တို့ကြောင့် ဝယ်လိုအား ကျဆင်းမယ်လို့ သူက ကြိုတင်ခန့်မှန်းထားပါတယ်။ ယခုရောက်ရှိနေတဲ့ ၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ်အတွင်းမှာ ရောင်းအားကျဆင်းလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။


Source: The Express Tribune

Read 4417 times