P5 ကြိုတင်မှာယူမှုများ ဥရောပတွင် XPeng ရပ်ဆိုင်းထား


P5 ကြိုတင်မှာယူမှုများ ဥရောပတွင် XPeng ရပ်ဆိုင်းထား
 

တရုတ်နိုင်ငံမှ လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်း XPeng Motors က ဥရောပ ၄ နိုင်ငံတွင် P5 မော်ဒယ်အတွက် ကြိုတင်အမှာစာများ အားလုံးကို ရပ်ဆိုင်းကြောင်း ကြေညာပါတယ်။

XPeng Motors က ပြည်ပနိုင်ငံအချို့မှာ P5 မော်ဒယ်အတွက် ကြိုတင်အမှာစာများ စတင်လက်ခံခဲ့ပြီး လအတန်ကြာမှာ ရပ်ဆိုင်းကြောင်း ကြေညာလိုက်တာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ ထုတ်လုပ်ပြီး တင်ပို့ပေးမယ့် အချိန်ဇယားမှာ အလွန်ကြန့်ကြာမှုများ ရှိလာနိုင်တဲ့အတွက် ကြိုတင်အမှာစာလက်ခံခြင်း ရပ်လိုက်တာလို့ ဆိုပါတယ်။ 

XPeng က P5 မော်ဒယ် အစား P7 ဆီဒင်မော်ဒယ်ကို ဦးစားပေးပြီး စူးစိုက် လုပ်ကိုင်နေပါတယ်။

တရုတ်ပြည်တွင်းဈေးကွက်ထဲမှာ XPeng ရဲ့ တတိယမြောက်မော်ဒယ်  P5 ကို ယမန်နှစ် စက်တင်ဘာလမှာ စတင်ရောင်းချခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ မတ်လမှာ XPeng က ပြည်ပဈေးကွက်များမှာ P5 ကို စရံသတ်ပြီး ကြိုတင်မှာယူတာကို စတင်လက်ခံခဲ့ပါတယ်။

 ဆွီဒင်၊ ဒိန်းမတ်နှင့် နယ်သာလန်တို့မှာ အရောင်းပြခန်း ဖွင့်လှစ်ပြီး  P5 နှင့် P7 တို့ကို ပြသထားပါတယ်။

ယခု P5 နှင့် P7 တို့ကို အချိန်မီ ထုတ်လုပ်ပေးဖို့ ယာဉ်အစိတ်အပိုင်းများ အလုံအလောက်လအချိန်မီ မရတဲ့ ပစ္စည်းပေးသွင်းကွင်းဆက် ပြဿနာ ရှိနေတဲ့အတွက် P5 ကို အမှာစာ လက်ခံတာ ရပ်ထားလိုက်ပါတယ်။ XPeng ဥရောပဈေးကွက်အတွက် P7 ကို ဦးစားပေး စူးစိုက်လုပ်ကိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ P5 အတွက် အချိန်ဇယား မရေမရာ ဖြစ်နေပါတယ်။

P7 က ဥရောပဈေးကွက်ကို ၂၀၂၃ ဒုတိယ ၃ လပတ်မှာ စတင်ရောက်ရှိဖို့ ရည်မှန်းထားပါတယ်။

XPeng ရဲ့ နောက်ထပ်မော်ဒယ်က G9 SUV ဖြစ်ပါတယ်။ တရုတ်ပြည်တွင်းဈေးကွက်မှာ ယခုနှစ် တတိယ ၃ လပတ်အတွင်း စတင်ဖြန့်ဖြူးဖို့ လျာထားပြီး ဥရောပဈေးကွက်အတွက် အစီအစဉ် မရှိသေးပါ။

 #MyanmarAutomobileGuide 

 Telegram Channel

https://t.me/Guid4U

https://t.me/Guid4U/332

Read 902 times