Oxygen Sensor အောက်ဆီဂျင်ဆင်ဆာ


နည်းပညာတိုးတက်လာမှုနဲ့ပဲ မော်တော်ကားတွေမှာလည်း ဆင်ဆာတွေက ကားတစ်စီးလုံးကို တပ်ထားကြပီး အာရုံခံစေပါတယ်။ အဲ့ဆင်ဆာတွေကအာရုံခံကွန်ပျူတာဘောက်ကို သတင်းပို့၍ကွန်ပျူတာဘောက်ကနေ မောင်းနှင်တဲ့စနစ်တစ်ခုဖြစ်လာခဲ့ပါတယ်။

O2 sensor ဆိုတာကတော့ ဓာတ်စီးကားတွေမှာ အသုံးပြုတဲ့ ဆင်ဆာတစ်မျိုးဖြစ်ပါတယ်။ဓာတ်စီကားတစ်စီးမှာ O2 sensor နှစ်လုံးကနေ လေးလုံးအထိပါနိုင်ပါတယ်။ ကားရဲ့ အိတ်ဇောစနစ် ပေါ်မူတည်ပီးတော့ပေါ့ dual exhaust အိတ်ဇောနှစ်ပြောင်း ခွဲထွက်တဲ့ကားတွေမှာ လေးလုံးပါရှိလေ့ရှိပါတယ်။


ဘာအတွက်သုံးတာလည်း

O2 sensor ကို exhaust manifold ခေါ် အိတ်ဇော အထွက် မက်နီဖိုး အနီးတစ်ဝိုက်မှာ တပ်ဆင်ထားပါတယ်။ အင်ဂျင်တစ်လုံးရဲ့ အလုပ်လုပ်ဆောင်ခြင်း အပြီး နောက်ဆုံးမှာ အိတ်ဇောထဲကို အိတ်ဇောအငွေ့များ ဖြတ်သန်းပီး လေထုထဲကို စွန့်ထုတ်ရပါတယ်။

O2 sensor ဟာအိတ်ဇောထဲကို ဖြတ်လာတဲ့ အိတ်ဇောအငွေ့ထဲမှာ မလောင်ကျွမ်းပဲ ပိုလျှံနေတဲ့ အောက်ဆီဂျင်ပမာဏ ဘယ်လောက်ရှိတယ်ဆိုတာကို အာရုံခံပေးနိုင်စွမ်းရှိပါတယ်။ အောက်ဆီဂျင်ပမာဏကို တိုင်းတာအာရုံခံတယ်ဆိုတဲ့သဘောက အင်ဂျင်အတွက်လိုအပ်တဲ့ ဆီနဲ့လေအချိုးကို မှန်မမှန် စစ်ဆေးပေးတာဖြစ်ပါတယ်။ O2 sensor က ဆီနဲ့လေ အချိုးအရောအနှောကို တိုင်းတာပီး အတိအကျ ကွန်ပျူတာဘောက် ECU ကို သတင်းလှမ်းပို့ရတာက O2 sensorရဲ့ အလုပ်ဖြစ်ပါတယ်။

ဘယ်လိုအလုပ်လုပ်သလဲ

O2 sensor လေးက ကားစက်နိူးနိူးချင်း အလုပ်မလုပ်နိုင်ပါဘူး။ အိတ်ဇောငွေ့တွေကနေ အပူချိန် (600degree ) ရလာမှ တိုင်းတာထားတဲ့ အောက်ဆီဂျင်ပမာဏကို Voltage(ဗို့)အဖြစ် ကွန်ပျူတာဘောက်ကို ပို့ပေးပါတယ်။

ဓာတ်စီကားတစ်စီးမှာ လေနဲ့ဆီ အချိုး 14.7 နဲ့ 1 ချိုး ကို မီးပေး ပေါက်ကွဲစေပါတယ်။ ဆီနဲ့လေအချိုး မှန်မှန်ကန်ကန် ဝင်ရောက်ပေါက်ကွဲ အလုပ်လုပ်နေတဲ့ ကားတစ်စီးမှာ အောက်ဆီဂျင်ဆင်ဆာရဲ့ Voltage ဗို့ ဟာ 0.45 Volts ထွက်ပါတယ်။

အင်ဂျင်ထဲဝင်လာတဲ့ ဆီနဲ့လေ အချိုးများနေပြီဆိုရင် O2 sensor လေးက 0.9 volts ဝန်းကျင်လောက် ကွန်ပျူတာဘောက်ကို ပို့ပေးပါတယ်။ ထိုအချိန်မှာ ကွန်ပျူတာဘောက်က များနေတဲ့ ဆီနဲ့လေအချိုးကို လျှော့ချပြီး မှန်ကန်အောင်ပြန်လည်ညှိပေးပါတယ်။ 

ဆီနဲ့လေအချိုးနည်းနေသောအခါ O2 sensor လေးက 0.1 volts ဝန်းကျင်လောက် ကွန်ပျူတာဘောက်ကို လှမ်းပို့ ကွန်ပျူတာဘောက်က ဆီလေအချိုးကို ပြန်တိုးပေးခြင်းဖြင့် အင်ဂျင်တစ်လုံးရဲ့ စွမ်းဆောင်ရည် အကောင်းဆုံးရအောင် ကွန်ပျူတာဘောက်ကပဲ ဒီဆင်ဆာလေးတွေကို အခြေခံပီး ထိန်းချူပ်ပေးပါတယ်။

O2 sensor မကောင်းရင်ဘယ်လိုသိနိုင်မလဲ

O2 sensor အလုပ်မလုပ်တေါ့ဘူးဆိုရင် ပြသာနာကြီးနိုင်ပါတယ်။ 

O2 sensor အလုပ်မလုပ်တော့ဘူးဆိုရင် 

ပထမဦးဆုံးအနေနဲ့ Check light အင်ဂျင်ချက်မီး လင်းလာမယ်။
ဒုတိယအနေနဲ့ဆိုရင် ဆီသိသိသာသာကို စားလာမယ်။
တတိယကတော့ အင်ဂျင်သံမူမမှန်ပဲတုန်ခါ ကြမ်းတမ်းလာမှာ ဖြစ်ပါတယ်။

ဆီစားလာတာနဲ့ အင်ဂျင်သံကြမ်းတာ တုန်ခါလာတာတွေ ဖြစ်လာရခြင်းအကြောင်းကလည်း O2 sensor က အလုပ်မလုပ်တော့ အင်ဂျင်ထဲဝင်ရောက်လာတဲ့ ဆီနဲ့လေအချိုး ဘယ်လောက်လဲဆိုတာကို ကွန်ပျူတာဘောက်ကို မပို့ပေးနိုင်တဲ့အတွက် ကွန်ပျူတာဘောက်က မထိန်းညှိပေးနိုင်တော့လို့ဖြစ်ပါတယ်။

O2 sensor ဟာ ဓာတ်စီကားတစ်စီးမှာ အရေးကြီးပါတယ်။ O2 sensor ရဲ့ သက်တမ်းဟာ ကီလို တစ်သိန်းနီးပါးရှိပါတယ်။ sensor အလုပ်မလုပ်တော့်လျှင် မိမိကား ထိခိုက်မှု မရှိရင် အမြန်ဆုံး အသစ်လှဲလှယ်တပ်ဆင်ပေးဖို့လိုပါတယ်။ လှဲလှယ်တပ်ဆင်ပေးတဲ့နေရာမှာလည်း ကျွမ်းကျင်ဆရာများနှင့်လှဲလယ်သင့်ပါတယ်။

မှားယွင်းသောဆင်ဆာအား တပ်ဆင်လိုက်မည်ဆိုလျှင် သင့်ကားမှာ အနှေးနဲ့အမြန် ကားပေါ်မူတည်၍ Error ပြန်ပေါ်နိုင်ပါတယ်။ ချက်မီးပြန်လင်းလာတက်ပါတယ်။


O2 sensor က ဝါယာ ၃ကြိုး သို့မဟုတ် ၄ ကြိုး နဲ့လည်း လာလေ့ရှိပါတယ်။

Read 1225 times