ကတ္တားဂိတ် တန်ပိုရှောင် ကုန်ကားများ အရေးယူမည်


ကတ္တားဂိတ်ကို ဖြတ်ကျော်ရန် အတွက် တင်ဆောင်လာသည့် ကုန်ပစ္စည်းများကို တန်ချိန်လျော့စေရန် အခြားယာဥ်တစ်စီးဖြင့် ကဲ့၍သွားလာနေသည့် မော်တော်ယာဥ်များကို အရေးယူဆောင်ရွက်သွားမည်။

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် ကောင်ရာရပ်ကွက် (မန္တလေး-လားရှိုး-ဗန်းမော်-မြစ်ကြီးနား) ပြည်ထောင်စုလမ်းမကြီး Km(569.50) ဆိုင်ဝမ်ကထောင် တန်ပိုစစ်ဆေးရေး ကတ္တားဂိတ် (Weight Bridge) ကို ဖြတ်ကျော်ရန်အတွက် ကုန်တင်ယာဥ်များမှ ကုန်ပစ္စည်းများကို တန်ချိန်လျော့စေရန် ဂိတ်အနီး၌ အခြားယာဥ် တစ်စီးဖြင့် ကဲ့၍သွားလာနေသည့် မော်တော်ယာဥ်များကို အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၅ ရက်ညနေပိုင်းက မြို့နယ်လမ်းဦးစီးဌာန၊ ဦးစီးအရာရှိ(မြို့ပြ) ဦးသက်မျိုးနိုင်နှင့် တာဝန်ရှိသူများက သွားရောက် အသိပေး ခဲ့ကြကြောင်းသိရသည်။

 

ဆက်လက်လုပ်ဆောင်နေသူများကို ဒီဇင်ဘာ ၁၉ ရက်မှ စတင်ပြီး လမ်းမကြီးများဥပဒေ ပုဒ်မ(၈)(ခ)၊ ပုဒ်မ(၈)(င)နှင့် ပုဒ်မ(၉)(က) အရ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်သွားဖြစ်ကြောင်း သိရှိရ သည်။

Read 533 times