မော်တော်ယာဉ် မောင်းနှင်ရာတွင် လုံးဝ ကျော်မတက်ရမည့် (၁၃) ချက် ကညန အသိပေးထုတ်ပြန်


မော်တော်ယာဉ် မောင်းနှင်ရာတွင် လုံးဝ ကျော်မတက်ရမည့် (၁၃) ချက် ကညန အသိပေးထုတ်ပြန်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


မော်တော်ယာဉ် မောင်းနှင်ရာ၌ မိမိရှေ့ရှိ ယာဉ်ကို ကျော်တက်ခြင်း လုံးဝ မပြုရသည့် နေရာများ၊ အခြေအနေများနှင့်  အချိန်အခါများကို  ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသည်ကို ဖော်ပြအပ်ပါသည်။


မော်တော်ယာဉ်မောင်းနှင်ရာတွင် မိမိရှေ့ကယာဉ်ကို ကျော်တက်ခြင်း လုံးဝ မပြုရသည့် နေရာများ၊ အခြေအနေများနှင့် အချိန်အခါများ (နည်းဥပဒေ ၂၉၁)

မော်တော်ယာဉ်မောင်းနှင်သူသည် အောက်ပါနေရာများ၊ အချိန်အခါနှင့် အခြေအနေများ တွင် မိမိရှေ့က မော်တော်ယာဉ်ကို လုံးဝကျော်တက်ခြင်း မပြုရ-

(က) ခြေကျင်လျှောက်သူများ ဖြတ်ကူးရန် ခွင့်ပြုထားသောနေရာ၊

(ခ) လမ်းဆုံလမ်းခွ၊

( ဂ ) လမ်းထောင့်နှင့်လမ်းကွေ့၊

(ဃ) ကုန်းအတက်နှင့်ကုန်းထိပ်၊

( င )  တံတားအဝင်ဝနှင့် တံတားအပေါ်၊

(စ) လမ်းကျဉ်းအတွင်း၊

(ဆ) ဥမင်လိုဏ်ခေါင်းအတွင်း၊

( ဇ ) လမ်းအလယ်တွင်မျဉ်းဖြူ၊ မျဉ်းဝါနှစ်ကြောင်းရှိသော လမ်းတစ်လျှောက်၊

( စျ) တစ်ဆက်တည်းမျဉ်းကြောင်းသတ်မှတ်ထားသော ယာဉ်ကြောအတွင်း၊

(ည) တံခါးရှိနှင့် တံခါးမဲ့ရထားလမ်းကူးနေရာ၊

( ဋ ) မြင်ကွင်း မရှင်းလင်း၍ အန္တရာယ်ကင်းစွာ ကျော်တက်ရန် စိတ်မချရသော အချိန်အခါ၊

( ဌ ) "လမ်းမပိတ်ရ" အဝါရောင်မျဉ်းကွက် (Yellow Box) နေရာ၊

( ဍ ) ကျော်တက်လျှင် ရှေ့ သို့မဟုတ်မျက်နှာချင်းဆိုင်မှ မောင်းနှင်နေရသည့်မော်တော် ယာဉ်များက ရှောင်တိမ်းပေးရခြင်း၊ အမြန်နှုန်းလျှော့ပေးရခြင်းဖြင့် အနှောင့်အယှက်ဖြစ်စေနိုင်သည့် အခြေအနေ။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 458 times