၂ နှစ်တာကာလအတွင်း အစီးရေ ၄ သောင်းနီးပါး ဖမ်းစီးလိုက်တဲ့ အမြန်လမ်း


ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် နှစ်နှစ်ကျော် ကာလအတွင်း (၂ဝ၁၆ ခုနှစ် စက်တင်ဘာမှ ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလ အထိ) သတ်မှတ်ထားသည့် (၁ဝဝ) ကီလို အထက် ပိုမိုမောင်းနှင်သည့်ယာဉ်အစီးရေ (၃၈၄၈၅) စီးအထိ ဖမ်းဆီးအရေးယူခဲ့ ကြောင်း သိရသည်။

သတ်မှတ်ကီလိုအထက် ပိုမိုမောင်းနှင် သည့် ယာဉ်များအနေဖြင့် သတ်မှတ်စည်း ကမ်းအတိုင်းလိုက်နာမှုမရှိပါက ပထမ အကြိမ်အနေဖြင့် ဒဏ်ငွေငါးသောင်းပေး ဆောင်ရမည်ဖြစ်ပြီး၊ ထပ်မံ၍ပြစ်မှု ကျူး လွန်ပါက အမြင့်ဆုံးပြစ်ဒဏ်အနေဖြင့် ထောင်ဒဏ်(၆)လ(သို့) ဒဏ်ငွေငါးသိန်းအထိ အရေးယူဆောင်ရွက်လျက်ရှိကောင်း ဆောက် လုပ်ရေးဝန်ကြီးဌာန၊ အမြန်လမ်းထိန်းသိမ်း ပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့မှ သိရသည်။

အမြန်လမ်းတွင် သတ်မှတ်အရှိန်နှုန်းထက် ပိုမိုမောင်းနှင်မှုများကို ပညာပေးကာလအ ဖြစ်သတ်မှတ်ခဲ့ပြီးမှ အရေးယူမှု စတင်ခဲ့ ခြင်းဖြစ်ကာ ယာဉ်တိုက်မှုဖြစ်ပွားရာတွင် အရှိန်ပြင်းစွာ မောင်းနှင်မှုများကြောင့် အများဆုံးဖြစ်ပေါ်သည့်အတွက် ယခုကဲ့သို့ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ဆောက်လုပ် ရေးဝန်ကြီးဌာန၊ အမြန်လမ်းထိန်းသိမ်းပြုပြင် ရေးနှင့် ကြီးကြပ်ရေးအဖွဲ့မှ ဒုရဲမှူးကြီး ဦးစိုး မြင့်ဦးက MBT သို့ပြောကြားခဲ့သည်။

ယာဉ်များအနေဖြင့် သတ်မှတ်ကီလိုထက် ပိုမိုမောင်းနှင်ခြင်းရှိမရှိကို သိရှိနိုင်စေရန် အတွက် လမ်းမများတွင် အရှိန်နှုန်းတိုင်း ကိရိယာများထားရှိခြင်း၊ ယာဉ်များပေါ်တွင် အရှိန်နှုန်းတိုင်း ကိရိယာများ တပ်ဆင်ထား ခြင်းအပြင်အမြန်လမ်းရဲများမှာလည်း အလှည့်ကျ စောင့်ကြည့်နေလျက်ရှိ ကြောင်း သိရသည်။

Read 864 times