ဇန်နဝါရီအတွင်း အမြန်လမ်းမကြီးတစ်လျှောက် သတ်မှတ်ကီလိုထက် ပိုမောင်းနှင်သည့် ကား ၁,၁၇၂ စီးကို ဒဏ်ရိုက်


ယခုနှစ် ဇန်နဝါရီအတွင်း အမြန်လမ်းမကြီးတစ်လျှောက် သတ်မှတ်ကီလိုထက် ပိုမောင်းနှင်သည့် ကား ၁,၁၇၂ စီးကို ဒဏ်ရိုက်အရေးယူခဲ့ရာ ကျပ်သိန်းပေါင်း နှစ်ရာကျော် ရရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ သိခဲ့ရပါတယ်။

ရန်ကုန်-မန္တလေး အမြန်လမ်းတစ်လျှောက် လျှို့ဝှက်ကင်မရာ ၁၅ လုံး တက်ဆင်ထားရှိပြီး သတ်မှတ်ကီလိုထက် ပိုမောင်းနှင်သည့်ယာဉ်များကို အရေးယူဆောင်ရွက်ခဲ့ရာ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ၊ ဇန်နဝါရီလတွင် ၂,၃၃၄ စီး ၊ ဖေဖော်ဝါရီလတွင် ၂,၆၂၉ စီး ၊ မတ်လတွင် ၁,၉၁၂ စီး ၊ ဧပြီလတွင် ၁,၈၄၂ စီး ၊ မေလတွင် ၈၁၉ စီး ၊ ဇွန်လတွင် ၇၂၃ စီ ၊ ဇူလိုင်လတွင် ၈၄၀ ၊ သြဂုတ်လတွင် ၆၀၆ စီး ၊ စက်တင်ဘာလတွင် ၁,၀၁၈ စီး ၊ အောက်တိုဘာလတွင် ၁,၁၄၀ စီး ၊ နိုဝင်ဘာလတွင် ၁,၂၆၀ စီး နှင့် ဒီဇင်ဘာလတွင် ၉၃၃ စီး စစ်ဆေး တွေ့ရှိခဲ့ပါတယ်။

ယင်းသတ်မှတ်ကီလို ပိုမောင်းသည့်ယာဉ်များကို တစ်စီးလျှင် ကျပ်ငါးသောင်း ဒဏ်ရိုက်အရေးယူခဲ့ရာမှ ဒဏ်ကြေး ကျပ် ၈,၀၂၈ သိန်းရရှိခဲ့ပါတယ်။ ယခုနှစ် ဇန်နဝါရီလတွင်လည်း သတ်မှတ်ကီလိုထက် ပိုမောင်းနှင်သည့်ယာဉ် ၁,၁၇၂ စီးကို ဒဏ်ရိုက်အရေးယူခဲ့ရာ ကျပ်သိန်းပေါင်း ၂၁၉ သိန်း ရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ၊ ဇန်နဝါရီ ၁ ရက်ကနေ ဒီဇင်ဘာလအထိ အမြန်လမ်းတစ်လျှောက် သတ်မှတ်ကီလိုထက်ပိုမောင်းနှင်တဲ့ကား ၁၆,၀၅၆ စီး ဖမ်းဆီး အရေးယူခဲ့ပါတယ်။ ဒီနှစ် ဇန်နဝါရီလထဲမှာလည်း Light Truck နဲ့ Hijet ယာဉ် ၅၇၉ စီး ၊ Canter ၆၂ စီး ၊ Express ၉၂ စီးနဲ့ အိမ်စီးကား ၄၃၉ စီးတို့ကို စစ်ဆေးအရေးယူထားပါတယ်။ အမြန်လမ်းမကြီး ဥပဒေအတိုင်း သတ်မှတ်ကီလို ကျော်မောင်းတဲ့ ကားတွေကို ငါးသောင်းစီ ဒဏ်ရိုက်အရေးယူခဲ့ပါတယ် ဟု အမြန်လမ်း ရဲတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးပြောကြားချက်အရ သိရပါတယ်။

အမြန်လမ်းမကြီးတွင် ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် Express များကို ကီလိုကိုးဆယ် ၊ အိမ်စီးကားများဖြစ်သည့် Saloon ၊ Wagon ၊ Double Cab ကားများကို ကီလိုတစ်ရာ ၊ သုံးတန် နှင့်အထက် ကုန်တင်ယာဉ်များ နှင့် သုံးတန်အောက် Light Truck ၊ Pick Up ၊ Single Cab များကို ကီလိုခြောက်ဆယ်သာ မောင်းနှင်ခွင့်ပြုထားပါတယ်။

Read 407 times